စက်တင်ဘာ ၂၃ ရက်နေ့က ဦးမြင့်လှိုင် မဲဆွယ်စည်းရုံးရေး ဟောပြောရာမှာ ၎င်းရဲ့ဇနီး နာမည်ပေါက်နဲ့ သိမ်းဆည်းထားတယ်ဆိုတဲ့ လယ်ယာမြေတွေနဲ့ ပတ်သတ်ပြီး ဘယ်လိုဖြေရှင်းပေးဖို့ ရှိကြောင်း ဒေသခံ တောင်သူတစ်ဦးက မေးမြန်းခဲ့ပါတယ်။
ဒက္ခိဏသီရိမြို့နယ်၊ ရွှေခဲအင်း ကျေးရွာမှာ မဲဆွယ်စည်းရုံးရေး ဟောပြောရာမှာ လယ်/ဆည် ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်ရဲ့ဇနီး သိမ်းဆည်းခဲ့တယ်ဆိုတဲ့ လယ်ယာမြေတွေ ပြန်လည်ရရှိဖို့အတွက် သိမ်းဆည်းခံ ဒေသခံ ၁၅ ဦးခန့်က ဦးမြင့်လှိုင် မဲဆွယ်စည်းရုံးရေး ဟောပြောတဲ့ နေရာတွေကို လိုက်ပါမေးမြန်းခဲ့ပေမယ့် အခုတစ်ကြိမ်မှာ တစ်ဦးသာ မေးမြန်းခွင့်ရရှိခဲ့တာ ဖြစ်ပါတယ်။
Post a Comment