ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်လေ့ရှိတဲ့ ကုက္ကိုင်းမီးပွိုင့်အနီး ခုံးကျော်တံတား တည်ဆောက်နေရာမှာ ဘိုးပိုင်တူးခြင်း လုပ်ငန်းအတွက် ကမ္ဘာအေး ဘုရားလမ်းကို အနုပညာ အထက်တန်းကျောင်း ရှေ့ကနေ ကုက္ကိုင်းမီးပွိုင့်အထိ ၁၀ ရက်ကျော် ခေတ္တပိတ်ထားမှာ ဖြစ်တယ်လို့ သက်ဆိုင်ရာက ထုတ်ပြန်ထားပါတယ်။
မြို့ထဲဘက်ကိုသွားမယ့် ယာဉ်တွေအနေနဲ့ လမ်းနီလေး မီးပွိုင့်ကနေ စက်မှု ၁ လမ်းအတိုင်း ဆရာစံလမ်းကိုဖြတ်ကာ ကမ္ဘာအေးဘုရားလမ်းကို မောင်းနှင်ရမှာ ဖြစ်ပါတယ်။ မြောက်ဥက္ကလာဘက်ကို သွားမယ့် ယာဉ်တွေ အနေနဲ့ ကမ္ဘာအေးဘုရားလမ်းကနေ ဆရာစံလမ်းအတိုင်း စက်မှု ၁ လမ်းကတစ်ဆင့် လမ်းနီလေးမီးပွိုင့်ကို ရှောင်ကွင်း မောင်းနှင်ရမှာ ဖြစ်ပါတယ်။
Post a Comment