0

အိမ်ရှင်မှ ခေါင်းကို ဖန်ခွက်ဖြင့်ထု၊ တံမြက်စည်းဖြင့် ရိုက်သဖြင့် အိမ်အကူ မိန်းကလေး ဆေးရုံတင် ကုသနေရ (ရုပ်သံ)
သင်္ဃန်းကျွန်းမြို့နယ်၊ နနွင်းကုန်း ရပ်ကွက်မှာရှိတဲ့ အိမ်တစ်အိမ်မှာ အိမ်ရှင်ဖြစ်သူက အိမ်အကူ မိန်းကလေးကို နှိပ်စက်မှုကြောင့် အိမ်အကူ မိန်းကလေးကို ဆေးရုံကို တင်ပို့ထားရပြီး ဒီကိစ္စနဲ့ ပတ်သတ်ပြီး မိသားစုဝင်တွေက စက်တင်ဘာ ၂၃ ရက်က သတင်းစာ ရှင်းလင်းခဲ့ပါတယ်။
အသက် ၂၂ နှစ်အရွယ်ရှိတဲ့ အိမ်အကူ မိန်းကလေးဟာ အဆိုပါ နေအိမ်မှာ အလုပ်လုပ်တာ လေးလခန့် ရှိပြီဖြစ်ပြီး အိမ်ရှင်တွေက တံမြက်စည်းနဲ့ရိုက်တာ ဖန်ခွက်နဲ့ ခေါင်းကိုထုတာ အပါအ၀င် အခြားနှိပ်စက်မှုတွေကြောင့် ဦးခေါင်း၊ မျက်လုံး၊ နား၊ ခါး၊ ကျောကုန်း၊ တင်ပါး စတဲ့ နေရာတွေမှာ ဒဏ်ရာတွေ ရရှိပြီး စက်တင်ဘာ ၁၈ ရက်နေ့က ဆေးရုံကို တင်ပို့ထားရတာ ဖြစ်ပါတယ်။


Eleven Media Group

Post a Comment

 
Top