အောင်ဟိန်းခိုင် ၊ ဧပြီ ၃ (ref: AFP)
သောကြာနေ့ ညနေပိုင်းက တောင်ကိုရီးယား နိုင်ငံမြို့တော် ဆိုးလ်မြို့ တွင်ဖြစ်ပွားခဲ့သော မြေအောက် ရထား ၂ စင်းတိုက်မိမှုဖြစ်စဉ်မှ လူပေါင်း ၂၀၀ ခန့်ဒါဏ်ရာရရှိခဲ့သည်ဟု သိရသည်။ တောင်ကိုရီးယား နိုင်ငံ အတွက် အကြီးမားဆုံးသော ရေကြောင်းမတော်တဆမှုဖြစ်သည့် အထက်တန်းကျောင်းသားကျောင်းသူအများစုအပါအ၀င် လူပေါင်း ၃၀၀ ခန့် သေဆုံးခဲ့ရသော သင်္ဘောနစ်မြုပ်မှုဖြစ်ပေါ်ပြီး ရက်သတ်တစ်ပတ် ခန့်အကြာတွင် မြေအောက်ရထား မတော်တဆမှုထပ်မံဖြစ်ပေါ်လာခဲ့ရသည့်အတွက် တောင်ကိုရီးယားနိုင်ငံသားများက အာဏာပိုင်အဖွဲ့အစည်းများအပေါ် သံယသယများတိုးပွားလျက်ရှိသည်။
သို့သော်လည်း တောင်ကိုရီယား သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေး အဖွဲ့မှ တာဝန်ရှိသူ ကင်မ်ကွမ်ဆို ၏ပြောကြားချက်အရ မြေအောက်ရထားမတော်တဆမှုတွင် လူပေါင်း ၂၀၀ ခန့်ဒဏ်ရာအသီးအသီးရရှိ ခဲ့ကြသော်လည်း အမျိုးသမီးတစ်ဦးသာ ပြင်းပြင်းထန်ထန် ဒါဏ်ရာရရှိခဲ့ပြီး ကျန်လူအများစုမှာ အနည်းငယ်ပွန်းပဲ့ဒါဏ်ရာများသာရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ကင်မ်ကွမ်ဆို က "လူပေါင်း ၁၅၀ လောက် ဆေးကုသမှု အသီးသီးခံယူခဲ့ ရပေမယ့် အများစုက အကြောနာခြင်းနဲ့ အနည်းငယ်ပွန်းပဲ့ခြင်းသာဖြစ်ပါတယ်" ဟုမီဒီယာများကိုပြောကြားခဲ့သည်။
ရထားမတော်တဆမှုဖြစ်စဉ်နှင့်အတူ ဧပြီ ၁၆ တွင် ကိုရီယားကျွန်းဆွယ် အနောက်တောင်ပိုင်းတွင် ဇောက်ထိုးအနေအထားဖြင့်နစ်မြုပ်ခဲ့ပြီး လူပေါင်း ၃၀၀ ခန့် သေဆုံးခဲ့ရသော သင်္ဘောနစ်မြုပ်မှုအဖြစ်ဆိုးနှင့် ပူပူနွေးနွေးရင်ဆိုင်နေရသော တောင် ကိုရီးယား ပြည်သူများအတွက် အာဏာပိုင်အစိုးရနှင့် တာဝန်ရှိအဖွဲ့အစည်းများအပေါ် စိတ်ဆိုးဒေါသထွက်မှုကိုမြင့်တက်စေခဲ့ပြီး အာရှ၏ စတုတ္ထမြောက် စီးပွားရေးအချက်အချာအကျဆုံးမြို့ဖြစ်သော ဆိုးလ်မြို့၏ လူထု လုံခြုံရေး စနစ်မှာလည်း မေးခွန်းထုတ်စရာဖြစ်လာစေခဲ့ပြီဖြစ်သည်။
မြေအောက်ရထားမတော်တဆမှုသည် သောကြာနေ့ တောင်ကိုရီယား ဒေသစံတော်ချိန် ညနေ ၃ နာရီခွဲတွင် ဆိုးလ်မြို့အရှေ့ဘက်ရှိ ဆမ်ဝမ်ဆီမီ မြေအောက်ရထားဘူတာရုံတွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မတော်တဆ ဖြစ်ပွားချိန်တွင် ရထား ၂ စီးပေါ်တွင် လူပေါင်း ၁၀၀၀ ခန့် ရှိနေခဲ့သည်။ ခရီးစဉ်အတိုင်းမောင်းနှင်လာသော ရထားက ဘူတာရုံတွင်ဆိုက်ကပ်ထားသောရထားကို ၀င်ရောက်တိုက်မိခဲ့ခြင်းဖြစ်ပြီး အနောက်မှ ၀င်ရောက်တိုက်မိ ခဲ့သော ရထား၏ ရထားမှူးက အရေးပေါ်ဘရိတ်အသုံးပြုခဲ့သော်လည်း အချိန်မမှီတော့ဘဲ ၀င်ရောက်တိုက်မိခဲ့ခြင်းဖြစ်သည်။ ဆိုးလ်မြို့ ရထားလမ်းထိန်းချုပ်ရေးဌာနမှ တာဝန်ရှိသူ ချန်ဆိုရမ် ၏ပြောကြားချက်အရ "ကနဦး စစ်ဆေးချက်တွေအနေဖြင့် ရထား ၂ စင်းတိုက်မိခါနီးအချိန်မှာ အလိုလိုဘရိတ်ဖမ်းပေးရမယ့် အလိုအလျောက်ဘရိတ်ဖမ်းစနစ် ဘာကြောင့်အလုပ်မလုပ်ခဲ့လဲဆိုတာကိုစစ်ဆေးနေပါတယ် ၊ ရထားမှူးက အရေးပေါ်ဘရိတ် အသုံးပြုပြီး ရပ်တန့်ဖို့ကြိးစားခဲ့ပေမယ့် ရထားကိုရပ်တန့်ပြစ်ဖို့ အကွာအဝေးမလုံလောက်ခဲ့ပါဘူး" ဟု ရထားမတော်တဆမှုဖြစ်စဉ်နှင့်ပတ်သက်ပြီး ပြောကြားခဲ့သည်။
မြေအောက်ရထားမတော်တဆမှုဖြစ်ပွားခဲ့သော ဆိုးလ်မြို့သည် ကမ္ဘာ့မြေအောက်ရထားလမ်း အရှုပ်ထွေးဆုံးသော မြို့ကြီးများတွင် တစ်မြို့အပါအ၀င်ဖြစ်ပြီး တစ်နေ့လျှင် ခရီးသည်ပေါင်း ၅.၂၅ သန်း ကိုလိုရာခရီးရောက်ရှိ အောင်သယ်ယူပို့ဆောင်ပေးနေသောရထားလမ်းကွန်ယက်ဖြစ်ကြောင်း ဆိုးလ်မြို့တော်ခန်းမမှ ထုတ်ပြန်သောသတင်းများအရ သိရသည်။
Aye Chan Mon# Credit To :News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/excellencemedia
Post a Comment