0
ရန်ကုန် မေ ၃

မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အား သုံးစွဲမှုမှာ နှစ်စဉ် ၁၅ ရာခိုင်နှုန်း တိုးတက်နေသဖြင့်၂၀၁၄ခုနှစ် အတွင်း တစ်နိုင်ငံလုံး ဓာတ်အားလိုအပ်ချက် ၂၃၇၀ မဂ္ဂါဝပ် ရှိလာနိုင်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ထုတ်ပြန်သော စာရင်းဇယားများ၌ ဖော်ပြသည်။

မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ် အားထုတ်ယူသုံးစွဲနေမှု အခြေအနေ မှာ ရေအားလျှပ်စစ်ထုတ်ယူမှုမှ ၇၆ ဒသမ ၁၁ ရာခိုင်နှုန်း၊ သဘာဝ ဓာတ်ငွေ့အားသုံး ဓာတ်အားထုတ် ယူမှုမှ ၂၆ ဒသမ ၈၈ ရာခိုင်နှုန်းနှင့် ကျောက်မီးသွေးမှ ဓာတ်အားထုတ် ယူမှု ၁၆ ဒသမ ၇၉ ရာခိုင်နှုန်း အသီးသီးရှိနေရာ ရေအားမှလျှပ်စစ် ဓာတ်အားထုတ်ယူသုံးစွဲမှု အများဆုံးဖြစ်သည်။

မြန်မာနိုင်ငံ၏ တိုးတက်လာသော လူဦးရေနှင့် ခေတ်မီအိမ်သုံးလျှပ်စစ် ပစ္စည်းများသုံးစွဲလာမှုတို့ တဖြည်း ဖြည်း များပြားလာခြင်းတို့ကြောင့် တစ်နိုင်ငံလုံးတွင် ၂၀၁၅ ခုနှစ်၌ ဓာတ်အား ၂၇၂၅ မဂ္ဂါဝပ်အထိ လိုအပ်လာနိုင်သည်။ ထို့အတူ လာမည့် ၂၀၁၆ ခုနှစ်တွင် တစ်နိုင်ငံ လုံး၌ လျှပ်စစ်ဓာတ်အား လိုအပ်ချက် ၃၁၃၀ မဂ္ဂါဝပ်အထိ လိုအပ်နိုင် ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ခန့်မှန်းထားသည်။

ယင်းဓာတ်အား လိုအပ်ချက်မှာ စက်မှုဇုန်နှင့် အထူးစီးပွားရေး ဇုန်များတွင် သုံးစွဲမည့် ဓာတ်အား ပမာဏများ ထည့်သွင်းတွက် ချက်ထားခြင်းမရှိကြောင်း သိရ သည်။ သို့သော် နိုင်ငံတော်အနေဖြင့် ပြည်သူများ ဓာတ်အား အသုံးပြုနိုင်ရေးအတွက် လျှပ်စစ်စွမ်းအားဝန်ကြီး ဌာနက ဆောင်ရွက်မှု၊ပုဂ္ဂလိကများအား ဓာတ်အား ထုတ်လုပ်နိုင်ရေး ခွင့်ပြုပေးမှုနှင့် နိုင်ငံတကာမှ ရင်းနှီး မြှုပ်နှံလုပ်ကိုင်လိုသူများအား စိစစ် ခွင့်ပြုပေးမှု စသည့်နည်းလမ်းများ ဖြင့် ဆောင်ရွက်လျက်ရှိသည်။
ထို့အပြင် ကမ္ဘာ့ဘဏ်ကလည်း မြန်မာနိုင်ငံ လျှပ်စစ်ဓာတ်အား ထုတ်လုပ် အသုံးပြုနိုင်ရန်အတွက် အမေရိကန်ဒေါ်လာ တစ်ဘီလီယံ ကူညီထောက်ပံ့ရန် စီစဉ်ထားရာ လာမည့် ၂၀၂၀ ပြည့်နှစ်တွင် မြန်မာပြည်သူ ၅၀ ရာခိုင်နှုန်းအထိ ဓာတ်အားအသုံးပြုနိုင်မည်ဟု မျှော် မှန်းထားသည်။

လက်ရှိတွင် မြန်မာ ပြည်သူ ၃၀ ရာခိုင်နှုန်းခန့်သာ လျှပ်စစ်ဓာတ်အား အသုံးပြုနိုင်ပြီး ပြည် သူအားလုံး ဓာတ်အားသုံးစွဲနိုင်ရေး ဓာတ်အားလိုအပ်ချက်ကို တဖြည်းဖြည်းလျော့ကျသွားရန် ကြိုးစားလျက်ရှိနေသည်။

Aye Chan Mon# Credit To :MOI Webportal Myanmar
https://www.facebook.com/excellencemedia

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top