0

ကျွန်မက မုန့် ဟင်းခါးကြိုက်သူဆိုတော့ နံက်တိုင်း မုန့် ဟင်းခါးစားလိုက်ရမှ တင်းတိမ်ပါတယ်။ ဒီနေ့ နံက်မှာလည်း ထုံးစံအတိုင်း စားနေကျဆိုင်လေးမှာ ထိုင်စားဖြစ်ပါတယ်။ စားနေတုန်း လက်ကနာရီကို ကြည့်လိုက်တော့ ၉း၀၀ နာရီထိုးပါတော့မယ်။ အခု နောက်ပိုင်း ကားလမ်းတွေကကြပ် မီးပွိုင့်တွေကကြာတာမို့  အကယ်၍ အိမ်က ၅ မိနစ်လောက် နောက်ကျ၍ ထွက်မိတယ် ဆိုရင် ဘဲ သိသိသာသာ ရုံးနောက်ကျပါတော့တယ်။ ဒါကြောင့် စားလက်စမုန့် ဟင်းခါးကို မြန်မြန်လက်စသတ်ရင်း၊ မိန်းကလေး ပီပီ မုန့် ဟင်းခါးစားပြီးနောက် ဟင်းရည်တောင်း သောက်ကာ ကျသင့်ငွေရှင်းပြီး ခပ်သွက်သွက် ထွက်လာခဲ့ပါတယ်။ ရုံးကိုလာရာ လမ်းမှာ ရောင်းနေကျ ထီဆိုင်လေးရှိပါတယ်။ ဒီနံက် အိမ်ယာထကတည်းက လူက ထူးထူးခြားခြား ပို၍လန်းဆန်းနေပြီး စိတ်အကြည်ဓာတ်လေး ခံစားမိနေတာကြောင့် ကျွန်မက ထီထိုးမယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။
ထီဆိုင်မှာ မိမိစိတ်ကြိုက် အက္ခရာနဲ့  နံပါတ်လေးတွေကို ရှာနေတုန်း လည်ချောင်းထဲက စူးသလို ခံစားရပါတယ်။ တံတွေးမျိုချ လိုက်တိုင်း စူးကနဲ စူးကနဲမို့ ခံရခက်လှပါတယ်။ ကျွန်မသိလိုက်ပါပြီ စောစောက မုန့် ဟင်းခါးဟင်းရည်ထဲက ငါးရိုးစူးသွားခဲ့ပြီ။ ကျွန်မရဲ့ အကျင့်က အဲလိုငါးရိုးစူးတဲ့အခါ ဟက်ထုတ်လေ့ရှိပြီး၊ အရိုးထွက်စေပါတယ်။ ငါးဟင်းလျာကြိုက်တဲ့ ကျွန်မအတွက် တခါတလေ ထမင်းစားရင်း ငါးရိုးစူးဖူးနေတာကြောင့် ခါတိုင်းလိုဘဲ အရိုးကို ဟက်ထုတ်ပါတယ်။ သို့ သော် ဒီတစ်ခါ စူးနေတဲ့ အရိုးက ဘယ်လိုပင် ကြိုးစား၍ ဟက်ထုတ်ပါသော်လည်း ထွက်မလာပါဘူး။ အဲဒီအခါ ကျွန်မက မြိုချတဲ့နည်းကို စမ်းကြည့်ပါ တယ်။ ဖိ၍ဖိ၍မျိုချရင်း တံတွေးနဲ့ အတူ အရိုးကိုမျောချကြည့်ပါတယ်။ မရပါ အရမ်းစူးနေတာမို့  အရိုးမှ ဟုတ်ရဲ့ လား မုန့် ဟင်းခါး ဆိုင်က ဥပမာ ပန်းကန်ဆေးအိုးတိုက်ရင်း မတော်တဆပါလာတဲ့ အိုးတိုက်စတီးအဖတ် အပိုင်းအစလား(သို့ )ငါးထဲမှာ ပါလာတဲ့ ငါးမြှားချိပ်၏ အပိုင်းအစလားဆိုပြီးတော့ ကျွန်မ ကြောက်သွားမိပါတယ်။
မြိုချ၍ မရတော့ ဟက်ထုတ်တဲ့နည်းကို ပြန်သုံးရပါတယ်။ ထီရောင်းတဲ့ ကောင်မလေးကို အားနာမိတာကြောင့် “ညီမရေ အားနာပါတယ် စိတ်မရှိပါနဲ့ နော် မုန့် ဟင်းခါးစားရင်း အရိုးစူးသွာလို့  မရွံပါနဲ့ နော်” ဟု ကျွန်မက ဗလုံးဗထွေးနဲ့  အားယူပြီး လက်ဟန်ခြေဟန် ခွင့်တောင်းတော့ ကောင်မလေးက နားလည်ပါတယ်။ စိတ်ပူပြီး စာနာတဲ့ အကြည့်နဲ့  “ ဟုတ် ရပါတယ်အစ်မ ” လို့ ပြန်ဖြေပါတယ်။ ကျွန်မလည်း ထပ်ခါထပ်ခါ ဟက်ထုတ်လိုက်တာ ခုတော့ ထွက်လာပါပြီ။ အရိုးက သေးမျှင်ပေမယ့်၊ အရှည် ကတော့ ကျွန်မရဲ့  လက်သန်း၏ လက်နှစ်ဆစ်စာလောက် ရှည်ပါတယ်။ ကျွန်မ အံ့သြတကြီးနဲ့  ထီရောင်းတဲ့ ကောင်မလေးကို ပြလိုက်ပါတယ်။ အရိုးထွက်သွားပြီမို့ သူမရောကျွန်မပါ ခုတော့ ၀မ်းသာသွားကြပါပြီ။
ထီထိုးပြီးနောက် ကုမ္ပဏီရှိရာသို့ ခပ်သွက်သွက် လာခဲ့ပါတယ်။ လမ်းလျှောက်နေရင်း စဉ်းစားမိတယ်။ မုန့် ဟင်းခါးအိုးက ကုန်ခါ နီး အိုးကျခါနီးမို့ ဟင်းရည်ပျစ်ပျစ် အနှစ်တွေထဲမှာ အရိုးရှိနေတာကိုး။ တော်သေးတယ် ငါက အရိုးကို ဟက်ထုတ် တတ်လို့ ပေါ့။ အကယ်၍များ ကလေးငယ်တွေ၊ ဒါမှမဟုတ် သက်ကြီးရွယ်အိုတွေ ငါးရိုးစူးပါဘိတဲ့  သူတို တော့့ ဒုက္ခများရှာရော့မယ်လို့  တွေး စိတ်ပူမိပါတယ်။ စားနေကျမုန့် ဟင်းခါးဆိုင်ဖြစ်၍ ခင်မင်နေတာကြောင့်လည်း မနက်ဖန်နံက်ကျရင် ဈေးရောင်းတဲ့ အစ်မကြီးကို ကျွန်မရဲ့ အဖြစ်ကို ပြောပြလိုက်ပါဦးမယ်။ အဲလိုပြောပြထားတော့ နောက်နေ့ တွေ သူမ မုန့်ဟင်းခါးဟင်းရည် ချက်ခါနီး ငါးပြုတ်တဲ့အခါ အရိုးတွေကို သတိထားပြီး ဖယ်လိုက်တော့၊ စားသုံးသူတွေ အရိုးစူးအန္တာရာယ် မဖြစ်စေနိုင်တော့ဘူးပေါ့။
မုန့်ဟင်းခါး ဟင်းရည်မှ မဟုတ်ပါဘူး။ အိမ်ရှင်မ အများစုက ဟင်းချို ချဉ်ရည်ဟင်းချက်တဲ့အခါ အရသာပိုမို လေးပင်အောင် ငါးကို ဟင်းခပ်အနေနဲ့  ထည့်ကြပါတယ်။ ဒါ့ပြင် ငဆုပ် ဟင်းလည်း ချက်ကြပါတယ်။ အဲဒီလို အစားအစာတွေအတွက် ငါးကို အရိုးနွှင်၍ ချက်တဲ့အခါ အချိန်ယူ သတိထားပြီး ငါးအရိုးကို ဖယ်စင်နိုင်လေ နောင်ရေးစိတ်အေးရလေပါဘဲ။ ဟင်းလျာချက်ရင်း ကုသိုလ်ရပါတယ်။ အရိုးကတော့ မိမိဖာသာ ငါးဟင်းကြိုက်လို့ ဘဲ စားစား တစ်နေ့ နေ့  တစ်ချိန်ချိန်မှာတော့ စာဖတ်ချစ်မိတ်ဆွေ များလည်း ငါးအရိုးစူးဖူးကြမှာပါဘဲ။ ဒါကြောင့် ငါးအရိုးစူးတဲ့အခါ အောက်ပါနည်းများကို သုံးကြည့်နိုင်ပါကြောင်း မျှဝေပေးလိုက် ပါတယ်ရှင်။
(၁) ကျွန်မရဲ့ နည်းကတော့ အရိုးသေးသေး ကြီးကြီး စူးတဲ့အခါ ဟက်ထုတ်ပစ်တဲ့နည်းပါ။ ချက်ချင်းဟက်ထုတ်လို့ အရိုး ထွက်မလာသေးရင်တောင်၊ အချိန်ပေး၍ ဟက်ထုတ်ပစ်လေ့ရှိပါတယ်။
(၂) ဖီးကြမ်း ဌက်ပျောသီး မှည့်မှည့်ကို ခပ်ကြီးကြီးကိုက်၍ အရိုးစူးနေတဲ့ ဘက်ကို ဖိ၍ မျိုချပေးပါ။
(၃) ထမင်းဖြူကို အဆုပ်လိုက် မ၀ါးဘဲ ဖိ၍ မျိုချပေးပါ။
(၄) မုန့် ဟင်းခါး မုန့် ဖတ်ကို အဆုပ်လိုက် မ၀ါးဘဲ ဖိ၍ မျိုချပေးပါ။
(၅) ကြက်ဥ ကို အစိမ်းလိုက်ဖောက်၍ အရိုးစူးနေတဲ့ ဘက်ကို ဖိကာ မျိုချပေးပါ။
(၆) သံပုရာသီးကို သွားကြားထိုးတံနဲ့အနှံ့ထိုးပြီး ငုံထားလိုက်ပါ။ သံပုရာအရည်ကို တဖြည်းဖြည်းချင်းမျိုချပါ။ စူးနေတဲ့ငါးအရိုး သူ့ အလိုလို ကြေသွားပါလိမ့်မယ်။
(၇) ဇီးဖြူသီးစားပါ။
(၈) ရေများများသောက်၍ မျှောချပါ (ရေတစ်ခွက်ထဲကို ဆားများများထဲ့၍ သောက်နိုင်ရင် ပိုကောင်းပါတယ်)
(၉) ပေါင်မုန့် ပျော့ပျော့ကို မ၀ါးဘဲ မျိုချပါ။
(၁၀) သံလွင်ဆီ သောက်ပါ။
(၁၁) ကောက်ညှင်းပေါင်းကို မ၀ါးဘဲ မျိုချပါ။
(၁၂) ရှေးရိုးနည်းလေးတစ်ခုပါ။ ငါးရိုးစူးတာကို ဘုရားကုနဲ့  ကုခြင်းဖြစ်ပါတယ်။ ငါးရိုးစူးနေပါက မိမိယခင်က ပြုခဲ့တဲ့ ဘုရားစင် သန့် ရှင်းရေး လုပ်တာတွေ(သို့ )အိမ်သန့် ရှင်းရေးလုပ်တာတွေ(သို့ )လမ်းပေါ်က အမှိုက်သရိုက် နှင့် ကန် လ့န့် ဖြတ်ရှုပ်ပွနေ သော ဒုတ်တွေကို ဖယ်ရှားပေးခဲ့တာတွေ(သို့ )အိမ်မွေးချစ်တိရစ္ဆာန် ခွေးလေး ကြောင်လေးတို့  အရိုးစူးစဉ်က ဖယ်ရှားပေးခဲ့တာ တွေကို ပြန်လည်တွေးတော၍ မိမိပြုခဲ့တဲ့ ထိုကောင်းမှုများအတွက် ဘုရားရှင်ထံမှာ သောက်တော်ရေချမ်းကပ်ကာ၊ ငါးပါးသီလ ခံယူပြီးနောက် သစ္စာဆို၍ ထိုသစ္စာရေကိုသောက်ပါ လည်ချောင်းကိုလည်း လိမ်းပေးပါ။ စူးနင်နေသော အရိုး ကျသွားပါလိမ့်မယ်။ (မြတ်စွာဘုရားကို သက်ဝင်ယုံကြည်ကာ ဤသစ္စာစကား မှန်ကန်ဖို့ တော့လိုပါသည်)
မှတ်ချက်။ (က) ငါးကျည်း ငါးခူရိုးကို လက်ကို စူးတဲ့အခါ အရိုးဆိပ်မတက်စေဖို့ အတွက်၊ ကျင်ငယ်(ဆီး)ဖြင့် ဆူးစူးတဲ့ ဒဏ်ရာ ပေါ်ကို လောင်းပေးပါ။ (ခ) ထိုဒဏ်ရာပေါ်ကို ဇီးဖြူသီး ကျိတ်ထောင်း၍ အုံပေးပါ။
သတိပြုရန်။ (က) မုန့် ဟင်းခါးစားတဲ့အခါ(သို့ )ငါးဖြင့်ချက်ထားသော ဟင်းချို ချဉ်ရည်ဟင်း စွပ်ပြုတ်သောက်တဲ့အခါ စားမည့် အခါတိုင်း ဇွန်းဖြင့် သတိထားမွှေ၍ အရိုးကိုရှာပါ ပြီးမှစားပါ (ခ) ငါးဟင်းစားတဲ့အခါတိုင်း လက်ဖြင့် သေသေချာချာ ဖျစ်၍ အရိုးစင်ပြီဆိုမှ တလုပ်ချင်းစားပါ။ (ဂ) ငါးဟင်းစားသည့်အခါ စကားမပြောပါနှင့်။
စာဖတ်ချစ်မိတ်ဆွေများ ငါးအရိုးစူးခြင်းမှ ကင်းဝေးကြပါစေ။ ။
(ဆောင်းပါးရှင်…ပေါက်ပေါက်…ရေးသားမျှဝေသည်)
--
promise.pauk
(ရိုးသားမှုသည်တခါတရံ၌ရှုံးနိမ့်စေတတ်၏။သို့ သော်တစ်သက်လုံးကားလိပ်ပြာလုံစေတော့၏။)

Post a Comment

 
Top