0

Published on: July 7, 2014
Written by: ၀င်းမြင့်ကျော်

ပြည်တွင်း၌ အခွန်တိမ်းရှောင်နေသူများအားစိစစ်ရန် အခွန်ရုံးမှ အကြောင်းကြားပေးပို့လာပါက စုံစမ်းစစ်ဆေးအရေးယူသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးရဲတပ်ဖွဲ့မှ အဆင့်မြင့်ရဲအရာရှိတစ်ဦးက ဇူလိုင် ၇ ရက် နံနက်ပိုင်းတွင် ပြောကြားသည်။

ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးရဲတပ်ဖွဲ့မှ ငွေကြေးခ၀ါချမှုဖြင့် စစ်ဆေးပြီးခဲ့သည့် အမှုပေါင်း ၄၆ မှု ရှိခဲ့ပြီး ယင်းအမှုများအနက် မူးယစ်ဆေးဝါးနှင့် လူကုန်ကူးသည့်ဖြစ်စဉ်များမှာ ငွေကြေးခ၀ါချမှု အများဆုံးဖြစ်ကြောင်း သိရသည်။

ယခုအခါတွင် ငွေကြေးခ၀ါချမှု သုံးမှုကို ကိုင်တွယ်စစ်ဆေးနေကြောင်း ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးရဲတပ်ဖွဲ့မှ သိရသည်။

ငွေကြေးခ၀ါချတဲ့အမှုပေါင်း ၄၆ မှုကို စစ်ဆေးပြီးသွားပြီ။ ငွေမည်းနဲ့ဝယ်ခဲ့တဲ့ အိမ်တွေ၊ ကားတွေ စတဲ့ပစ္စည်းတွေကိုလည်း သိမ်းဆည်းပြီးသွားပါပြီ။ အများဆုံးကတော့ မူးယစ်ဆေးဝါးနဲ့ လူကုန်ကူးဖြစ်စဉ်တွေပဲဖြစ်ပါတယ်။ အကြမ်းဖက်တဲ့ဖြစ်စဉ်တွေမှာလည်း ငွေကြေးထောက်ပံ့မှုတွေကို စုံစမ်းစစ်ဆေးနေပါတယ်။ အခုကိုင်တွယ်စစ်ဆေးနေတဲ့သုံးမှုကလည်း မူးယစ်ဆေးဝါးမှု

"ကျွန်တော်တို့တပ်ဖွဲ့အနေနဲ့ ငွေကြေးခ၀ါချတဲ့အမှုပေါင်း ၄၆ မှုကို စစ်ဆေးပြီးသွားပြီ။ ငွေမည်းနဲ့ဝယ်ခဲ့တဲ့ အိမ်တွေ၊ ကားတွေ စတဲ့ပစ္စည်းတွေကိုလည်း သိမ်းဆည်းပြီးသွားပါပြီ။ အများဆုံးကတော့ မူးယစ်ဆေးဝါးနဲ့ လူကုန်ကူးဖြစ်စဉ်တွေပဲဖြစ်ပါတယ်။ အကြမ်းဖက်တဲ့ဖြစ်စဉ်တွေမှာလည်း ငွေကြေးထောက်ပံ့မှုတွေကို စုံစမ်းစစ်ဆေးနေပါတယ်။ အခုကိုင်တွယ်စစ်ဆေးနေတဲ့သုံးမှုကလည်း မူးယစ်ဆေးဝါးမှုတွေများတယ်။ အခွန်မဆောင်ဘဲနဲ့ အဲဒီငွေကြေးကနေတစ်ဆင့် လုပ်ငန်းတွေလုပ်ဆောင်နေမှုကြောင့် ငွေမည်းတွေ တဖြည်းဖြည်းတိုးလာတာနဲ့ပတ်သက်ပြီးတော့ အခွန်ဦးစီးဌာနကနေ ကျွန်တော်တို့ဌာနကို သတင်းဖလှယ်တဲ့အခါကျရင် အခွန်ဦးစီးဌာနက ရာဇ၀တ်မှုနဲ့ တရားစွဲ။ ကျွန်တော်တို့ရဲတပ်ဖွဲ့အနေနဲ့ ၂၀၁၄ ခုနှစ်မှာ ပြဋ္ဌာန်းထားတဲ့ ငွေကြေးခ၀ါချမှုတိုက်ဖျက်ရေးဥပဒေနဲ့ အရေးယူသွားမှာပါ။ ဒါပေမဲ့ အခွန်ဦးစီးဌာနအနေနဲ့ ဒီလိုဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး အကြောင်းကြားခြင်း မရှိသေးပါဘူး" ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါ ငွေကြေးခ၀ါချမှုတိုက်ဖျက်ရေးဥပဒေကို ၂၀၁၄ ခုနှစ် မေလအတွင်းက တရားဝင်ထုတ်ပြန်ခဲ့ကြောင်း သတင်းရရှိသည်။

"အခွန်မဆောင်ထားတဲ့ ငွေကြေးတွေက ရပ်မနေဘူး။ တိုးပွားနေတယ်။ ဥပမာ- အခွန်မဆောင်တဲ့ နှစ်ကျပ်ရှိတယ်ဆိုရင် အဲဒီပိုက်ဆံက လုပ်ငန်းတွေလည်ပတ်နေလို့ နောက်နှစ်မှာ ငါးကျပ်၊ ခုနစ်ကျပ်၊ ၁၀ ကျပ် စသဖြင့် တိုးပွားနေတယ်။ ဒါတွေက တရားမ၀င်ငွေကြေးတွေဖြစ်တယ်။ အရင်တုန်းကဆိုရင် ဒီငွေတွေကို ၀န်ကြီးက သိမ်းဆည်းတယ်။ အခုအခြေအနေမှာတော့ တရားရုံးကိုစွဲတင်ပြီး တရားသူကြီးက သိမ်းဆည်းတာဖြစ်တယ်" ဟု ၎င်းရဲအရာရှိက ဆက်လက်ပြောကြားသည်။

ဇွန်လအတွင်း ရှမ်းပြည်နယ် တာချီလိတ်မြို့နယ်မှ ဖမ်းဆီးရမိခဲ့သည့် စိတ်ကြွဆေးပြား ၅၉၀၀၀၀ အား တွေ့ရစဉ်

ACM Credit To : Eleven Media Group
http://www.ayechanmon-news1.com/
Photo: အခွန်တိမ်းရှောင်နေသူများအားစိစစ်ရန် အခွန်ရုံးမှ အကြောင်းကြားပေးပို့လာပါက စုံစမ်းစစ်ဆေးအရေးယူသွားမည်ဟု ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးရဲတပ်ဖွဲ့ ပြောကြား

Post a Comment

Top