ACM Re-Post 24-4-2014
စင်္ကာပူနိုင်ငံတွင် အသစ်တည်ဆောက်နေသည့် အမြွှာမိုးပျံမျှော်စင် အဆောက်အအုံများတွင် ထူးထူးခြားခြား ရေကူးကန်တံတား ပါရှိလာမည်ဟု သိရှိရသည်။ လာမည့်နှစ်တွင် အပြီးသတ်နိုင်ရန် ရည်ရွယ်ထားသည့် ယင်းမျှော်စင်ကြီး နှစ်ခုကြားတွင် ရှည်လျားသော ရေကူးကန်တစ်ခု သွယ်တန်းထားမည်ဖြစ်ပြီး တစ်ဖက်တစ်ချက်စီသို့ ရေကူးရင်း ဖြတ်သန်းသွားနိုင်မည်ဟု ဆိုသည်။ (၃၈)ထပ်စီမြင့်မည့် အဆောက်အအုံများကို Sky Habitat အိမ်ရာစီမံကိန်းဟု အမည်ပေးထားသည်။
အခန်းစုစုပေါင်း (၅၇၄)ခန်းထိ ပါဝင်မည့် ယင်းစီမံကိန်းကို စင်္ကာပူရှိ ဘီရှန်းတွင် တည်ဆောက်နေခြင်း ဖြစ်သည်။ အပြိုင်ရှိနေသည့် အမြွှာမျှော်စင်များကြား တံတားထိုး ဆက်သွယ်ထားခြင်းမှာ ဗိသုကာ ပညာအရ အဆန်းတကျယ် မဟုတ်သော်လည်း ရေကူးကန်ဖြင့် ပေါင်းကူးပေးထားခြင်းမှာမူ အတန်ငယ် စိတ်ကူးဆန်းသစ်နေသည်။ အဆောက်အအုံပေါ်တွင် ရှိနေသူများ အနေဖြင့် အေးအေးလူလူ ရေကူးရင်း တံတားနံဘေးတွင် ကာရံထားသည့် မှန်ချပ်များမှတစ်ဆင့် စင်္ကာပူမြို့၏ ရှုခင်းများကိုလည်း ခံစားနိုင်မည် ဖြစ်သည်။
အဆောက်အအုံ နှစ်ခုကြား တံတားသုံးစင်းထိ သွယ်တန်းထားမည် ဖြစ်သော်လည်း (၃၈)ထပ်မှ အမြင့်ဆုံးတံတားသည် ရေကူးကန် အနေဖြင့် ရှိနေမည်ဟုလည်း သိရသည်။ အဆောက်အအုံတွင် အိပ်ခန်းတစ်ခန်းစာ တိုက်ခန်းများအပြင် အိပ်ခန်းလေးခန်းထိ ပါဝင်သော အခန်းကျယ်များထိ ထည့်သွင်းတည်ဆောက်ထားမည် ဖြစ်သည်။ ယင်းမိုးမျှော်တိုက်ခန်း အိမ်ရာကို အစ္စရေး-ကနေဒါ ဗိသုကာ ပညာရှင် မိုရှေးဆက်ဖ်ဒိုင်းက ဒီဇိုင်းဖန်တီးပေးထားပြီး (၂၀၁၅)ခုနှစ်တွင် အပြီးသတ်နိုင်မည်ဟု သတင်းများက ဖော်ပြထားသည်။
ACM Credit To:Planet Myanmar Network
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.