0

ACM Re-Post 24-4-2014

ပုဒ်မ ၄၃၆ ပြင်ဆင်ဖို့ NLD နဲ့ ၈၈မျိုးဆက်တို့ ဦးဆောင်လှုပ်ရှားတဲ့ လက်မှတ်ရေးထိုးမှုမှာ နိုင်ငံကျော် အနုပညာရှင်တွေ စတင်ပါဝင်ခဲ့ပါပြီ။ NLD ရုံးတွေမှာ မေ ၂၇မှစပြီး ပြုလုပ်မယ့် ဒီလက်မှတ်ထိုး လှုပ်ရှားမှုကို အနုပညာသမားတွေ ဘာ့ကြောင့် အစောကြီးလက်မှတ်ထိုးကြတာလဲ။ တစ်နိုင်ငံလုံးက ပြည်သူတွေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ထောက်ခံတဲ့ လက်မှတ်ထိုးလှုပ်ရှားမှု ရှိပေမယ့် အနုပညာရှင်တွေက မအားလပ်တာကြောင့် တစ်နေရာတည်းမှာ စုစည်းပြီး လက်မှတ်ထိုးဖြစ်သွားအောင် စီစဉ်ရတာလို့ ဒါရိုက်တာ ကြည်ဖြူသျှင်က ဆိုပါတယ်။

အနုပညာသမားတွေဟာ ပြည်သူနဲ့ တစ်သားတည်းရှိသလို ပြည်သူရှေ့က မားမားမတ်မတ် ရပ်တည်ပြီး နိုင်ငံအပြောင်းအလဲအတွက် အခုလို ဆန္ဒဖော်ထုတ်တာဖြစ်တယ်လို့ တော်ဝင်နှင်းဆီမှာ မေလ ၂၃ရက်နေ့ညနေက ပြောဆိုခဲ့ပါတယ်။ စစ်အစိုးရလက်ထက်တုန်းက နိုင်ငံရေးမလုပ်ရဲအောင် ဖိနှိပ်ညှဉ်းပမ်းခဲ့တာကြောင့် ပြည်သူတွေက နိုင်ငံရေးမှာ ပါဝင်ဖို့ ကြောက်ရွံ့နေဆဲဖြစ်တဲ့အကြောင်း။ ဒါ့ကြောင့် အနုပညာသမားတွေ ပြည်သူရှေ့က မားမားမတ်မတ် ထွက်ပြီးရပ်တည်တာလို့ ဒါရိုက်တာ ဝိုင်းက ဆိုပါတယ်။ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လှုပ်ရှားမှုကို မေလ ၂၇ရက်နေ့မှာ တစ်နိုင်ငံလုံး စတင်မှာဖြစ်ပြီး ဇူလိုင်လကုန်တဲ့အထိ နှစ်လကြာ လက်မှတ်ရေးထိုးကြမှာဖြစ်တယ်လို့ ကြေညာထားပါတယ်။ နောက်ထပ် အနုပညာသမားတွေ ဒီလှုပ်ရှားမှုမှာပါဝင်ဖို့ တံခါးပိတ်ဆွေးနွေးမှုကိုလည်း ပြုလုပ်ခဲ့ပါတယ်။

ACM Credit To:Kamayut Media
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top