0

ACM Re-Post 24-4-2014

ကမ္ဘာ့ဖလား ပြိုင်ပွဲအတွက် ရည်စူးသည့် La La La သီချင်းအတွက် ဗီဒီယိုကို ရှာကီရာက ထုတ်ဖော်ပြသခဲ့ရာ သူမ၏ချစ်သူ ဘာစီလိုနာ ခံစစ်မှူး ဂျရတ်ပီကေးနှင့် အသင်းဖော်များ ပါဝင်လာသည်ကို တွေ့ရသည်။ ကိုလံဘီယာ Popဂီတ အဆိုတော်၏ ဗီဒီယိုတွင် ဆက်စ်ဖာဘရီဂက်စ်၊ လီယွန်နယ်လ်မက်ဆီ၊ နေမာတို့အပြင် ပီကေး၏ ဘာစီလိုနာ အသင်းဖော်ဟောင်း အဲရစ်အဘီဒယ်လ်ပါ ကူညီသရုပ်ဆောင်ပေးထားသည်။ သို့သော်လည်း အဘီဒယ်လ်သည် ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် ပြင်သစ်အသင်း၏ လူစာရင်း၌ ရွေးချယ်ခြင်း မခံခဲ့ရချေ။

အဆိုပါ သီချင်းဗီဒီယိုတွင် စပိန်လက်ရွေးစင် ပီကေးနှင့် ရှာကီရာတို့၏ သားငယ် မီလန်ကိုပါ ထည့်သွင်းရိုက်ကူးထားကြောင်း သိရှိရသည်။ ဗီဒီယိုထဲတွင် ဆာဂျီယို အဂူရို၊ ရာဒါမယ်လ် ဖယ်လ်ကာအို တို့ကဲ့သို့ ကမ္ဘာကျော် ဘောလုံးသမားများလည်း ပါဝင်လာကြသည်။ ထို့အပြင် ဘရာဇီးလ် ဂီတကြယ်ပွင့် ကာလင်ဟော့စ် ဘရောင်းကလည်း အဆိုပါ သီချင်းအတွက် ကူညီအားဖြည့် ပေးထားသည်။ သီချင်းတစ်ပုဒ်လုံး၏ အနှစ်သာရသည် ဘရာဇီးလ်ရိုးရာ ဆမ်ဘာကဟန်၏ လွှမ်းခြုံမှုကို အားပြုထားခဲ့သည်။

ရှာကီရာသည် (၂၀၁၀)ပြည့်နှစ်က တောင်အာဖရိကတွင် ကျင်းပသည့် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲအတွက် ကိုယ်စားပြု သီချင်းဖြစ်သော Waka Waka ကိုလည်း သီဆိုပေးခဲ့ဖူးသည်။ ထိုစဉ်က သူမသည် Waka Wakaအတွက် သီချင်းဗီဒီယိုကို ရိုက်ကူးရာ၌ ပါဝင်ကူညီသော ပီကေးနှင့် ရင်းနှီးလာကာ ချစ်သူများ အဆင့်ထိ တက်လှမ်းလာခဲ့ခြင်း ဖြစ်သည်။

ACM Credit To:Planet Myanmar Network
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/
 (5 photos)

Post a Comment

 
Top