ACM Re-Post 5-6-2014
တရုတ်ရင်းနှီးမြှုပ်နှံမှု အများအပြားရှိသည့် ရခိုင်ပြည်နယ်ရှိ ရခိုင်အမျိုးသားပါတီ ခေါင်းဆောင်သုံးဦးကို အာဏာရ တရုတ်ကွန်မြူနစ်ပါတီက တရုတ်နိုင်ငံသို့ ၁၀ ရက်ကြာ လေ့လာရေးခရီး လာရောက်ရန် ဖိတ်ကြားထားကြောင်း သိရသည်။
ဖိတ်ကြားမှုကို တရုတ်ကွန်မြူနစ်ပါတီ နိုင်ငံခြားဆက်ဆံရေးဌာနက ပြုလုပ်ခြင်းဖြစ်ပြီး တရုတ်ကွန်မြူနစ်ပါတီ ဖွဲ့စည်းပုံအကြောင်းနှင့် တရုတ်ကွန်မြူနစ်ပါတီ၏ တိုင်းရင်းသားများအပေါ် သဘောထားကို ရှင်းပြလိုခြင်းကြောင့်ဟု ဖိတ်ကြားစာတွင် ပါရှိကြောင်း ရခိုင်အမျိုးသားပါတီ ပထမခေါင်းဆောင် ဦးအေးသာအောင်က ဆိုသည်။
ခရီးစဉ်မှာ ဇွန် ၁၆ ရက်မှ ၂၅ ရက်အထိဖြစ်ပြီး ရခိုင်အမျိုးသားပါတီမှ ပထမခေါင်းဆောင် ဦးအေးသာအောင်၊ ဗဟိုအလုပ်အမှုဆောင်များဖြစ်သည့် ဦးကျော်မြင့်၊ ဦးဦးလှစောတို့ သွားရောက်မည်ဖြစ်ကြောင်း သိရသည်။ ၎င်းတို့ကို အလည်အပတ် လေ့လာရေးခရီးစဉ်ဟုသာ ပြောကြားထားသော်လည်း အခွင့်အရေးရပါက ရခိုင်ပြည်နယ်ရှိ တရုတ်ရင်းနှီးမြှုပ်နှံမှု ကိစ္စများနှင့် ပတ်သက်၍ ဆွေးနွေးသွားမည်ဟု ဦးအေးသာအောင်က ပြောကြားသည်။
“ယေဘုယျအားဖြင့်တော့ တရုတ်က ရခိုင်ပြည်နယ်ထဲမှာ ရင်းနှီးမြှုပ်နှံထားတဲ့ ကိစ္စတွေနဲ့ ပတ်သက်လို့ အမြင်ချင်း ဖလှယ်သွားမယ်” ဟု ၎င်းကဆိုသည်။
တရုတ်ကွန်မြူနစ်ပါတီ အနေဖြင့် ပြီးခဲ့သည့် ဧပြီလ အတွင်းကလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဗဟိုအလုပ်အမှုဆောင်များနှင့် ဗဟိုကော်မတီဝင်များကို တရုတ်နိုင်ငံသို့ လေ့လာရေးခရီး ၁၀ ရက် ဖိတ်ကြားခဲ့ပြီး NLD နှင့်ဆက်ဆံရေး တိုးမြှင့်မှုများ ပြုလုပ်သွားရန် ထည့်သွင်းဆွေးနွေးမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထို့နောက် မေလအတွင်းတွင် တရုတ်ကွန်မြူနစ်ပါတီ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဆောင်သည့်အဖွဲ့က မြန်မာနိုင်ငံသို့ ပြန်လည်လာရောက်ခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပ
တရုတ်နိုင်ငံ အနေဖြင့် ယခင်စစ်အစိုးရ လက်ထက်က အစိုးရပိုင်းနှင့်သာ ဆက်ဆံမှုပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံခွင့်နှင့် ကုန်သွယ်ခွင့် အများအပြား ရရှိခဲ့သည်။ သို့သော် ၂၀၁၀ နောက်ပိုင်း လက်ရှိအစိုးရ တက်လာပြီးနောက်ပိုင်းတွင်မူ အတိုက်အခံ အင်အားစုများကို ဆက်ဆံမှု ပြုလုပ်လာခဲ့ပြီး ၂၀၁၃ ခုနှစ်အတွင်းမှစကာ တိုင်းရင်းသားပါတီများ အပါအ၀င် နိုင်ငံရေးပါတီများကို တရုတ်နိုင်ငံသို့ လေ့လာရေးခရီးစဉ်များ ဖိတ်ခေါ်ခဲ့သည်။ အင်အားကြီး အတိုက်အခံပါတီ NLD ကိုလည်း လေ့လာရေးခရီးစဉ် ငါးကြိမ်ဖိတ်ခေါ်ပြီးဖြစ်ကြောင်း
တရုတ်နိုင်ငံ အနေဖြင့် ရခိုင်ပြည်နယ်အတွင်း ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် စီမံကိန်း၊ ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းနှင့် ရေနံပိုက်လိုင်း စီမံကိန်း စသည်တို့တွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ထားပြီး ဒေသခံ တိုင်းရင်းသားများနှင့် မြေယာလျော်ကြေးကိစ္စများ၊ ဒေသဖွံ့ဖြိုးရေး ကိစ္စများနှင့် ပတ်သက်၍ မပြေလည်မှုများ ရှိနေကြောင်းလည်း သိရသည်။
Aye Chan Mon Credit To: Eleven Media Group
https://www.facebook.com/
http://
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.