Author: ရန်မျိုးနိုင်
လာမည့်ရွေးကောက်ပွဲ များတွင် ဘာသာရေးအကြောင်း ပြ၍ မဲဆွယ်စည်းရုံးရေး လုပ် ဆောင်ပါက ဥပဒေအတိုင်းထိ ရောက်စွာ အရေးယူမှုများ ပြု လုပ်သွားမည်ဖြစ်ကြောင်း ပြည် ထောင်စု ရွေးကောက်ပွဲကော်မ ရှင်မှ သတင်းရရှိသည်။
ဘာသာရေးတစ်ခုကို အ ကြောင်းပြုပြီး ယင်းဘာသာ တရားအကျိုးအတွက် ဦးစားပေး လုပ်ကိုင်မည့် သူများကိုသာ မဲ ပေးရန် အခြားသော သူများကို မဲ မပေးရန် ဘာသာရေးကို အလွဲ သုံးစားပြုသူများရှိလာနိုင်သည့် အတွက် ယင်းသို့ မလုပ်ဆောင် ရန် ပြဋ္ဌာန်းထားခြင်းဖြစ်သည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ရွေးကောက်ပွဲဌာန ညွှန်ကြားရေးမှူး ဦးသောင်းလှိုင် ကပြောသည်။
မဲဆွယ်စည်းရုံးရာတွင် ဘာ သာရေးကို အကြောင်းပြုကာ စည်းရုံးမှုများ ပြုလုပ်ကြောင်း သက်သေအထောက်အထားခိုင် လုံစွာဖြင့် တိုင်ကြားလာမှုရှိပါက စုံစမ်းစစ်ဆေးပြီး အရေးယူမှုများ ပြုလုပ်သွားမည်ဟုလည်း ၎င်းက ဆိုသည်။
လူမျိုးရေး(သို့) ဘာသာရေး (သို့) လူတစ်ဦးချင်း(သို့) လူအ များစုနှင့် ပတ်သက်၍ ပဋိပက္ခ ဖြစ်ပေါ်စေနိုင်သည့်၊ သိက္ခာနှင့် ကိုယ်ကျင့်တရားကို ထိခိုက်စေ နိုင်သည့် ရေးသားမှု၊ ဟောပြော မှု(သို့) စည်းရုံးမှုပြုလုပ်ခြင်း၊ ဘာ သာရေးကို နိုင်ငံရေးတွင် အလွဲ သုံးစားလုပ်ခြင်းတို့ကို ပြုလုပ်ပါ က နိုင်ငံရေးပါတီမှတ်ပုံတင်ခြင်းမှ ပယ်ဖျက်မည်ဖြစ်သည်ဟု နိုင်ငံ ရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေတွင် ပါရှိသည်။
ထို့အပြင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ထုတ် ပြန်ထားသော လွှတ်တော်ကိုယ် စားလှယ်လောင်းများ စုဝေးဟော ပြောခွင့်နှင့် မဲဆွယ်စည်းရုံးခွင့် ဆိုင်ရာ ပြဋ္ဌာန်းချက်တွင်လည်း ဘာသာရေးကို နိုင်ငံရေးတွင် အလွဲသုံးစားပြုလုပ်ခြင်းကို မလုပ် ဆောင်ရန် ဖော်ပြထားသည်။
‘‘ဘာသာရေးကို နိုင်ငံရေး အရ အလွဲသုံးစား မလုပ်ရဘူး ဆိုတာက တော်တော်လေး အ ရေးကြီးတယ်။ အဖွဲ့အစည်းတ ချို့လုပ်နေတာတွေလည်း တွေ့ရ တယ်။ လိုရင်လိုသလို မလိုရင် မ လိုသလို လုပ်လို့မရဘူး။ ဥပဒေ အတိုင်းဆို လုပ်တဲ့သူ အားလုံးကို အရေးယူရမယ်’’ ဟု ရခိုင်အမျိုးသားပါတီ ဗဟိုအလုပ်အမှု ဆောင်တစ်ဦးဖြစ်သူ ဦးမျိုးကျော် ကဆိုသည်။
လက်ရှိအချိန်တွင် အချို့ သော နေရာများ၌ အမျိုးဘာ သာသာသနာနှင့် ဘာသာရေးကို အကြောင်းပြုပြီး အတိုက်အခံ နိုင်ငံရေးခေါင်းဆောင် ဦးဆောင် သော ပါတီအား မဲမပေးရန် ဟော ပြောမှုများရှိလာသည်ဟု ရွှေပြည် သာမြို့နယ်တွင် နေထိုင်သူကို မင်းသူကပြောသည်။
ပြီးခဲ့သည့် ၂၀၁၀ ရွေး ကောက်ပွဲနှင့် ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲများတွင်လည်း ဘာသာရေးကို နိုင်ငံရေးအရ အလွဲသုံးစား မလုပ်ရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားခဲ့သည်။
Aye Chan Mon# Credit To :7Day News Journal
မိတ်ဆွေဒီလင့် https://www.facebook.com/excellencemediaကလစ်လေးတချက်နှိပ်လိုက်ရုံဖြင့် သတင်းအစုံကို ဖတ်ရမှာပါ နိုပ်ဘို့မမေ့နဲ့နော်
Post a Comment