Author:အောင်သစ်လွင်
နေပြည်တော်၊ တပ် ကုန်းမြို့နယ်တွင် မေလ ၁၁ ရက် က နေအိမ်တစ်အိမ်အား မိုးကြိုး ပစ်ခဲ့ပြီး အိမ်ကို မီးဆွဲခဲ့သည့်အ ပြင် လူတစ်ဦးနှင့် နွားတစ်ကောင်မီးလောင်သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။
တပ်ကုန်းမြို့နယ်၊ ရေအေး ကျေးရွာ၊ အင်းတောကြီးကွင်းအ တွင်း ဓနိမိုး၊ ထရံကာ အိမ်တစ် လုံးကို မေလ ၁၁ ရက် ည ၇ နာရီ ခန့်က မိုးကြိုးပစ်ခဲ့ပြီး အိမ်အ တွင်း အိပ်ပျော်နေသည့် အမျိုး သားတစ်ဦးနှင့် နွားတစ်ကောင် မီး လောင်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း တပ်ကုန်းမြို့နယ်၊ ရွှေနယ်မြေ ရဲ စခန်းမှ ရဲအရာရှိတစ်ဦးက ပြော သည်။
‘‘သေဆုံးတဲ့သူရဲ့ အမျိုးသမီးပြောပြတာက အိမ်ထဲမှာမိသားစု သုံးယောက်အိပ်နေတာ။ မိုးကြိုး ပစ်သံကြားကြားချင်း လန့်နိုးသွား ပြီး ထကြည့်လိုက်တော့ ယောက်ျားကို မီးလောင်ဒဏ်ရာတွေနဲ့ သေဆုံးနေတာ တွေ့ရတယ်လို့ သိရတယ်’’ ဟု အဆိုပါ ရဲအရာရှိက ပြောသည်။
အိမ်ကိုလောင်နေသည့် မီး ကို ရွာသားများ ၀ိုင်းဝန်းငြှိမ်းခဲ့ရပြီး အိမ်နှင့်ကပ်လျက် တည်ဆောက် ထားသည့် နွားတင်းကုတ်ထဲမှ နွားတစ်ကောင်လည်း မိုးကြိုစက် ကွင်းမိကာ သေဆုံးခဲ့ကြောင်း သိ ရသည်။
ယခုနှစ် မိုးကြိုးကာလတွင် မိုးကြိုးပစ်မှုကြောင့် လူနှင့် တိရစ္ဆာန်သေဆုံးမှုများ ဒေသအများစုတွင် မကြာခဏဖြစ်ပေါ်နေသည်။ မြန်မာနိုင်ငံတွင် နှစ်စဉ်မိုးကြိုးပစ် မှုကြောင့် လူ ၇၀၀န်းကျင်သေဆုံး လေ့ရှိကြောင်း ရဲမှတ်တမ်းများတွင် ဖော်ပြထားပြီး ယခုနှစ်တွင်ယခင်နှစ်များထက် ပိုများနိုင်သည်။
Post a Comment