ကျောင်းနေအရွယ် ကလေးဘဝမှာ တစ်ဖက်က ကျောင်းစာကိုသင်ယူရင်း၊ တစ်ဖက်ကလည်း ဘောလုံး၊ ကြက်တောင်၊ တင်းနစ်စတဲ့ မိမိနှစ်သက်ရာအား ကစား နည်းေ တွမှာ ဝင်ရောက်ကစားရင်း ကျောင်းသားဘဝအားကစားပွဲတော် အမှတ်တရတွေကို ပြောပြတဲ့ဂီတအဆိုတော်တွေရဲ့ ကျောင်းသားဘဝအကြောင်းကို စုစည်းတင် ဆက် လိုက်ပါတယ်။
ယုန်လေး-
” ကျောင်းတက်တုန်းက ကျွန်တော်က အ.ထ.က(၂)လမ်းမတော် မှာတက်ခဲ့တယ်။ ကလေးဆိုတော့ ဘောလုံးကန်တာကို ဝါသနာပါတယ်။ ဒါကတော့ ကလေးတိုင်း ပါပဲ။ ဘောလုံးကန်တာနဲ့ ပတ်သက်ပြီး အမှတ်တရအဖြစ် ၁၃နှစ် အောက်ဘောလုံးပြိုင်ပွဲမှာ ဝင်ကန်ခဲ့ဖူးတယ်။
သေသေချာချာ Camp တွေ၊ ဘာတွေသွင်း ပြီးေ တာ့ပေါ့။ နောက်ပြီး ကျွန်တော်က Table Tennis ကို ကျောင်းမှာလက်ရွေးစင်အနေနဲ့ ရိုက်ဖူးတယ်။ ပြီးတော့အားကစားနဲ့ပတ်သက်ပြီး ဟိုစပ်စပ်၊ ဒီစပ်စပ်အကုန်ပါ တယ်။ လက်ဝှေ့ထိုးဖူးတယ်။ လက်ပတ်တွေ၊ ဘာတွေဝတ်ပြီးတော့ လက်ဝှေ့ သမားတွေခေါ်ပြီး လေ့ကျင့်ဖူးတယ်။ ကျောင်းပြိုင်ပွဲတွေမှာတော့ Table Tennis က လုံးဝကို ရိုက် တာ။ ကျောင်းကတော့ ဘာပဲပြောပြော ကျွန်တော်ငယ်ငယ်တုန်းကလို အားကစားပြိုင်ပွဲတွေပြန်လုပ်ပေးသင့်တယ်။
စာချည်းပဲကျက်နေရတာ ထက်စာရင် အားက စားလေးလုပ်တယ်ဆိုတဲ့ သူတို့ရဲ့မျှော်လင့်ချက်လေး တစ်ခု၊ ဒါမှမဟုတ်အပျော်လေး တစ်ခုပေါ့၊ ဆက်လုပ်ပေးသင့်ပါတယ်။ ဒါမှလည်းကြီးလာတဲ့ အခါမှာ ကျန်းကျန်း မာ မာနဲ့ ခန္ဓာကိုယ်ကြံ့ခိုင်သန်မာမှာလေ” ။
ရေမွန်-
” ကျွန်တော်တို့ အထက်တန်းကျောင်းသားဘဝမှာတော့ ကျောင်းအားချိန် မုန့်စားဆင်းချိန်တွေမှာဆိုရင် ဘောလုံးကန်တယ်။ ဘတ်စကတ်ဘော ကစားတယ်။ ကျောင်းက ပြိုင်ပွဲတွေမှာလည်း ဝင်ပြိုင်ဖြစ်တယ်။ ၇ တန်း၊ ၈ တန်းလောက်က ဒဂုံ (၁)မှာ။ ကျောင်းမှာ ပြိုင်ပွဲလုပ်တယ်။
အတန်းလိုက်အသင်းဖွဲ့ပြီး ကန်ကြတာပေါ့။ ဆုတွေ ဘာတွေေ တာ့ မရဖူးပါဘူး။ ကျွန်တော်တို့ကျောင်းသားဘဝမှာတော့ ကျောင်းသားအားကစားပွဲ တော်တွေ ဘာတွေ မရှိတော့ဘူး။ ကျောင်းသားတွေအနေနဲ့ အဲ့ ဒီလိုကျောင်း သား အရွယ်မှာ ကျောင်းစာအပြင် တခြားပြင်ပ ဗဟုသုတတွေလည်း ရှာမှီးသင့်တယ်။ ပြီးတော့ အားကစားဖြစ်ဖြစ်တစ်ခုခုပေါ့။ အဲ့ဒါမျိုးကိုလည်း လုပ်သင့်တယ်”
အားတီ-
”
ကျွန်တော်က ကျောင်းတုန်းက တင်းနစ်ရိုက်တယ်။ အပျော်တမ်း ရိုက်တာပေါ့။ ကျောင်းကပြိုင်ပွဲတွေမှာလည်း ဝင်ပြိုင်တယ်။ ၇ တန်းတုန်းက တင်းနစ်မှာ တတိယရ တယ်။ ကျွန်တော်က ကျောင်းကို မြစ်ကြီးနား အ.ထ.က (၃) မှာတက်တယ်။ ကျွန်တော်တို့တုန်းက ကျောင်းသား အားကစားပြိုင်ပွဲကိုလည်း မီသေးတယ်။ ကျွန်တော်တို့ ခပ်ငယ်ငယ်ပေါ့။ ငယ်ငယ်တုန်းကဆိုရင် ကျောင်းသားအားကစား ပွဲတော်ကိုပဲမျှော်နေတာ။ မှတ်မိသေးတယ်။ ကျွန်တော်တို့ဆီမှာ၊ ပြီးတော့ ကယားပြည်နယ်မှာ အားက စားပွဲတော် ကျင်းပတယ်။ နယ်မှာတော့ အကြီးအကျယ်ပေါ့။ ကျွန်တော်တို့က မူလတန်းပဲ ရှိသေးတယ်။ အဲဒီပွဲတော်ကြီးမှာ ကျွန်တော်တို့ ဝင်ကရသေးတယ်။ ကျွန်တော် တို့ နည်းနည်းအရွယ်ကြီးလာတော့ မရှိတော့ဘူး။ ၅ တန်းမှာတော့ တစ်ခေါက်ကြုံတယ်။ အဲဒီမှာ ကာယအလှကရတယ်။ အဲဒီတုန်းက မှတ်မိတာက မိုးရွာတယ်နဲ့ တူ တယ်။ ခြေအိတ်ရေစိုကြီးတွေနဲ့ ကရတာ မှတ်မိနေတယ်”
ကြက်ဖ-
” ကျောင်းမှာဘက်စုံဖွံ့ ဖြိုးရေးဆိုပြီးတော့ စတင်နာမည်ကြီးခါစမှာ အိပ်ထမတင်တို့ ဘာတို့အဲဒါလေးတွေခိုင်းတယ်။ ပြီးတော့ ဝါစိမ်းနီပြာ အသင်းတွေ ဘော လုံးကန်ကြ တယ်။ ကျောင်းအပြင်မှာတော့ စကိတ်စီးတယ်။ ဘောလုံးကန်၊ ခြင်းခတ်အဲဒါတွေအကုန်လုပ်တယ်။ ခပ်ဆန်းဆန်းအတွေ့အကြုံ တော့ ဘာမှမပါပေမယ့် ရပ်ကွက် ထဲ မှာဆော့ဖြစ်တယ်။ ကျောင်းမှာတော့ ဘောလုံးပြိုင်ပွဲကြီးတော့ ပြိုင်ဖူးတယ်။ ဒုတိယလား၊ တတိယလားရပြီးတော့ ထွက်သွားတာ။ အားက စားပွဲတွေတော့ လုပ် စေချင် တယ်။ ကျွန်တော်တို့ဆို ပျော်နေတာ။ PT ချိန်ဆို ဘာမှ လည်း မလုပ်ရဘူး။ ဆော့ခွင့်ပေးထားတယ်။ ဆော့ခွင့်ပေးပြီး ဆော့ရတာဆိုတော့ ပိုပြီးတော့ ပျော် စရာကောင်း တယ်။ ကျွန်တော် တို့တုန်းကတော့ PT ချိန်ဆို နှစ်ယောက်တစ်တွဲ ဘောလုံးကွင်းထဲဆင်းပြီး ဘောလုံးကန်ကြတယ်။ အဲဒါက ငါးတန်း၊ ခြောက်တန်းအထိပေါ့။ အတန်း ကြီးလာတဲ့အခါမှာ PT ချိန်ဆို အဲဒီလောက်လွတ်လပ်ခွင့် မပေးတော့ဘူး။ ပန်းချီခန်းဆို ပန်းချီခန်း၊ လက်မှုခန်းဆို လက်မှုခန်းကိုယ်ကျတဲ့ နေရာကိုပဲသွားရတယ်။
Aye Chan Mon# Credit To : Popular Journal
မိတ်ဆွေဒီလင့် https://www.facebook.com/excellencemediaကလစ်လေးတချက်နှိပ်လိုက်ရုံဖြင့် သတင်းအစုံကို ဖတ်ရမှာပါ နိုပ်ဘို့မမေ့နဲ့နော်
Post a Comment