ရန်ကုန်၊ နိုဝင်ဘာ ၁၅။
မြန်မာ့ဆက်သွယ်ရေးမှ ချထားပေးသော ၁၅၀၀တန် ဖုန်းဆင်းကဒ် ပြင်ပပေါက်ဈေးနှုန်းများ ကျဆင်းလာ
ကြောင်း မိုဘိုင်းလ်ဖုန်း ရောင်းဝယ်ရေး ဈေးကွက်အတွင်း
ထံမှ သိရသည်။
ယခင်ကဈေးကွက်အတွင်း၌ ၁၅၀၀ GSM ဆင်းကတ်
များသည် ၁သိန်း ၅သောင်း၊ CDMA မှာ ၈သောင်းနှင့် ၉သောင်းဝန်းကျင်ဈေးရှိပြီး၊ ယခုအခါ GSM ဖုန်းများမှာ ၁သိန်းဝန်းကျင်သာရှိပြီး၊ CDMA ဖုန်းများ မှာ ၆သောင်း၇သောင်းဝန်းကျင်ခန့်သာဈေးရှိေ
အတွင်းမှသိရသည်။
“အဓိက ၁၅၀၀ ဖုန်းတွေက လိုင်းသိပ်မကောင်းတာ
ကြောင့်လည်းပါတယ်။ နယ်ကလူတွေ ပိုအသုံးများတယ်”ဟု လူကြီးမင်းမိုဘိုင်းဖုန်း အရောင်းဆိုင်မှ ဒါရိုက်တာ ဦးစည်သူက ပြောကြားသည်။
၁၅၀၀တန်ဖုန်းအမျိုးအစားများသည် ၀န်ဆောင်မှုများ တန်းတူမရရှိခြင်းအပြင် CDMA ဖုန်းများသည် လိုင်းဆွဲ အားမကောင်းခြင်းကြောင့် သုံးစွဲသူများတွင် အဆင်မပြေ မှုများဖြစ်ပေါ်လျက်ရှိကြောင်း ၁၅၀၀ တန်ဖုန်း အသုံးပြုသူ
အချို့ထံမှ သိရသည်။
“မဲနှိုက်ပေးတာကလည်း (၈)ကြိမ်ရှိပြီဆိုတော့ တော်တော်
များများလည်း မဲပေါက်နေကြပြီ။ ဈေးကွက် ထဲမှာဒီဖုန်းတွေ
ကို နယ်တွေက ပြန်ဝယ် တာ အခုနယ်ဝယ်လိုအား လျော့ကုန်
တော့ဈေးနှုန်းပါကျလာတယ်”ဟု Mr.Fone Mobile Sales and
Service Center မှ မန်နေဂျာ ကိုထက်လင်းကျော်က ပြောသည်။
၁၅၀၀ တန်ဖုန်းများအား ကြားခံဝန်ဆောင်မှုပေး၍
ယခင်က အရောင်းအ၀ယ်ပြုလုပ်ပေးသော်လည်း ယခု
အခါ ဈေးနှုန်းများ ကျဆင်းလာခြင်း ကြောင့် တိုက်ရိုက်
ဝယ်မည့်သူရှိမှသာ ဆက်သွယ်အကြောင်းကြားခြင်း ပြု
လုပ်တော့ကြောင်း လူကြီးမင်း မိုဘိုင်းဖုန်းအရောင်းဆိုင်မှ
သိရသည်။
ရေးသားသူ-အောင်ကိုမင်း
တည်းဖြတ်သူ-အေးငြိမ်းသူ
အေးချမ်းမွန် Credit To >People power
Post a Comment