ကမ္ဘာကျော် ဆွစ်ဇာလန် ထွက် Rolex နာရီကို တော်တော်များများသိကြ ကြိုက်ကြ ပါတယ်။ ပုံမှာ မြင်တွေ့ ရသလိုပဲ စမတ်နာရီ လောကကို ဝင်ရောက် လာနိုင်ချေ ရှိတဲ့ Rolex ရဲ့ နာရီ ဒီဇိုင်း တစ်ခု ဖြစ်ပါတယ်။
Geek-centric aesthetic လို့ခေါ်တဲ့ ဒိုင်ခွက် နာရီ ပုံစံကနေ ပြောင်းလဲ ထားခြင်း မရှိပေမယ့် အတွင်းမှာ LCD/LED Display ပါဝင်လာမှာ ဖြစ် ပါတယ်။ ဒီအတွက် Rolex မှ တရားဝင် ကြေညာ ထုတ်ဖော် ပြသခြင်း မဟုတ်ပဲ ဂျာမနီအခြေဆိုက် curved.de နည်းပညာ ဝဘ်ဆိုဒ်က ဗီဒီယိုနဲ့ တကွ concept ကို ပြသခဲ့ခြင်း ဖြစ်ပါတယ်။ Android OS ကို အသုံးပြုမယ် လို့တောင် သူက ခန့်မှန်း ထားပါ သေးတယ်။
ဗီဒီယိုကို http://youtu.be/O-md7b8UCws ထဲမှာ ဝင်ရောက် ကြည့်ရှု နိုင် ပါတယ်။ တကယ်ထွက်ရှိလာရင် ဈေးလည်း နည်းမှာ မဟုတ်ပါဘူး။ ဇိမ်ခံ စမတ်နာရီ အဖြစ် Rolex က ထုတ်လုပ် ရောင်းချ သွားဖို့ ရှိကြောင်း သိရ ပါတယ်။
.
အောင်ခမ်း (ရိုးရာလေး)
Aye Chan Mon# Credit To :YoYarLay
မိတ်ဆွေဒီလင့် https://www.facebook.com/excellencemediaကလစ်လေးတချက်နှိပ်လိုက်ရုံဖြင့် သတင်းအစုံကို ဖတ်ရမှာပါ နိုပ်ဘို့မမေ့နဲ့နော်
Post a Comment