0

စာရေးဆရာ၊ အဆိုတော်၊ သရုပ်ဆောင် အကယ်ဒမီ (သုမောင်)၊ကျောင်းဆရာမ (ငြိမ်း)ဒေါ်အေးအေးမေ တို့၏သားကြီးသရုပ်ဆောင်၊ အဆို တော်ဖိုးသောကြာ B.A (Music) နှင့် ဆုဖြိုးရဲ ကုမ္ပဏီမန်နေဂျင်း ဒါရိုက်တာဗိုလ်ကြီးမြင့်သိန်း (ငြိမ်း)ဆုဖြိုးရဲကုမ္ပဏီ ဒါရိုက်တာဒေါ်သီတာလှိုင် တို့၏ သမီးထွေး မလှိုင်ရတနာဆု (B.A English) တို့ရဲ့ စုလျားရစ်ပတ်လက်ထပ်ထိမ်းမြားမင်္ဂလာဧည့်ခံပွဲကို မေလ၁ ရက်နေ့ မနက်၉နာရီကနေ ၁၁နာရီအထိ Sedona Hotel (Grand Ballroom) မှာ ကျင်းပခဲ့ပါတယ်။

အဆိုပါပွဲကို အနုပညာ ရှင်များ၊ စာပေပညာရှင်များစွာတို့က တက်ရောက် ဂုဏ်ပြုခဲ့ကြပြီး စည်သူဗိုလ်ကလေးတင့်အောင်တို့ ဇနီး မောင်နှံကမင်္ဂလာပန်းကုံးဆင်မြန်းပေးခဲ့ပါတယ်။ ထူးခြားတဲ့အစီအစဉ်တစ်ရပ်အနေနဲ့သားဖြစ်သူ ဖိုးသောကြာနှင့် သမီးချွေးမဖြစ်သူ မလှိုင်ရတနာဆုတို့အတွက် စာရေးဆရာ၊ အဆိုတော်၊ သရုပ်ဆောင် အကယ်ဒမီ သုမောင်ကိုယ်တိုင်သီဆိုထားတဲ့ " မင်္ဂလာဦးမှာ" သီချင်းကို မင်္ဂလာဦးလက်ဖွဲ့သီချင်းပမာ အမှတ်တရ ပြန်လည်ဖွင့်ပြလိုက်တဲ့အခါ မင်္ဂလာပွဲလာပရိသတ်များမှာ ကွယ်လွန်သူနိုင်ငံကျော် အနုပညာရှင်ကြီး ဦးသုမောင်ကို လွမ်းဆွတ်အမှတ်ရစရာ ဖြစ်ကြရသလို
ဖခင်ရဲ့အမွေကို ဆက်ခံကာအနုပညာလမ်းကိုဆက်လက် လျှောက်လှမ်းနေတဲ့ သားဖြစ်သူ
အတွက် ကွယ်လွန်သူ အနုပညာရှင် ဖခင်ကြီးကိုယ်တိုင်သူ့ရဲ့ နာမည်ကျော် "မင်္ဂလာဦးမှာ" သီချင်းနဲ့ မင်္ဂလာပွဲကို ဂုဏ်ပြုလက်ဖွဲ့နိုင်ခြင်းဖခင်မေတ္တာကိုလည်း ခံစားရရှိလိုက်ကြရပါတယ်။

မင်္ဂလာပွဲအပေါ် ခံစားချက်များနဲ့ပတ်သက် ပြီးတော့ ဖိုးသောကြာက " တအားကြီးစိတ်လှုပ်ရှားတာမျိုးတော့ သိပ်မရှိဘူး။ ပျော်တာတော့ တော်တော်ပျော်နေပါတယ်။
ဟန်းနီးမွန်းခရီးအတွက်ကိုလည်း သူ့စိတ်တိုင်းကျ သူကြိုက်တာလုပ်ဆိုပြီး ပြောထားတယ်။ ဘယ်သွားမယ်ဆိုတာတော့ မပြောသေးဘူး" လို့ ပြောပါတယ်။ ဆက်လက်ပြီး မလှိုင်ရတနာဆုကလည်း " စိတ်တော့ လှုပ်ရှားတာမရှိဘူး။ ပျော်နေတယ်။ ဟန်းနီးမွန်းခရီး သွားဖို့ကိုလည်း ညီမ စိတ်တိုင်းကျလုပ်ဆိုပြီး ကိုကပြောထားတယ်။ဒါပေမဲ့ မစီစဉ်ရသေးဘူး" လို့ ပြောပြပါတယ်။ မင်္ဂလာ dinner ဧည့်ခံပွဲကိုတော့ ညနေ ၆ နာရီမှာ Sedona Hotel မှာပဲ ကျင်းပခဲ့ပါ တယ်။

သိမ့်သိမ့်၊ ဓာတ်ပုံ-အောင်ဇော်မင်း

Aye Chan Mon# Credit To : Popular Journal
မိတ်ဆွေဒီလင့် https://www.facebook.com/excellencemediaကလစ်လေးတချက်နှိပ်လိုက်ရုံဖြင့် သတင်းအစုံကို ဖတ်ရမှာပါ နိုပ်ဘို့မမေ့နဲ့နော်
 (4 photos)
1

Post a Comment

 
Top