0


စည်သူအောင်| ACM Re-Post 29-5-2014



မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က ၂၀၁၄ခုနှစ် မေလအထိ နိုင်ငံခြားလုပ်ငန်း ၇၂ခုကို ရင်းနှီးမြှုပ်နှံ ခွင့်ပြုခဲ့ပြီး ကုန်ထုတ်လုပ်မှုနှင့် လက်ခစားအပ်ကုန်စနစ်ဖြင့် လုပ်ကိုင်မည့် အထည်ချုပ်လုပ်ငန်းများ အများဆုံး ၀င်ရောက်လာသည်ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်သည်။



၂၀၁၄ခုနှစ် မေလကုန်အထိ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်အစည်အဝေး၁၄ ကြိမ်ပြုလုပ်ခဲ့ပြီး လက်ခ စားအပ်ကုန်စနစ်ဖြင့်လုပ်ကိုင်မည့် လုပ်ငန်း ၃၄ခု၊ ကုန်ထုတ်လုပ်မှုလုပ်ငန်း ၂၁ခု၊ ဆက်သွယ်ရေး လုပ်ငန်း ၇ခု၊ ဟိုတယ်လုပ်ငန်း ငါးခု၊ စိုက်ပျိုးရေးလုပ်ငန်း ၃ခု၊ သတ္တုတွင်းလုပ်ငန်း ၁ခု၊ ဆောက်လုပ်ရေးလုပ်ငန်း ၁ခုတို့ကို လုပ်ကိုင်ခွင့်ပြုခဲ့ခြင်းဖြစ်သည်။



ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက “အခု ကျွန်တော် တို့ရဲ့ မူဝါဒမှာကိုက လက်ခစားလုပ်ငန်းတွေ၊ အထည်ချုပ်လုပ်ငန်းတွေ၊ စက်မှုကုန်ထုတ် လုပ်ငန်းတွေ၊ ဟိုတယ်တွေကို ဦးစားပေးခွင့်ပြုပေးနေပါတယ်။ အဓိကကတော့ အများပြည်သူ အလုပ်အကိုင်ရရှိဖို့နဲ့ ၀င်ငွေရရှိမှုတိုးတက်ဖို့ ခွင့်ပြုပေးနေတာပါ” ဟု ပြောသည်။



ယခင်က ရေအားလျှပ်စစ် ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့၊ သတ္တုတွင်းကဲ့သို့ သယံဇာတအခြေခံကဏ္ဍများ တွင်သာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို အဓိကခွင့်ပြုပေးနေရာမှ ယခု ကုန်ထုတ်လုပ်ရေး၊ စက်မှုနှင့် ဟိုတယ်လုပ်ငန်းကဲ့သို့ ၀န်ဆောင်မှုလုပ်ငန်းများကို ဦးစားပေးခွင့်ပြုပေးနေသည်ဟု ဦးအောင်နိုင်ဦးက ဆိုသည်။



“အရင်ကဆိုရင် သယံဇာတ အခြေခံ လုပ်ငန်းတွေကိုပဲ ၀င်တာများတယ်။ ရွေးချယ်စရာမရှိတော့လည်း ခွင့်ပြုပေးရတယ်။ အခုတော့ နိုင်ငံနဲ့ ပြည်သူလူထုအတွက် ပိုအကျိုးရှိတဲ့ မြှုပ်နှံမှုတွေ ၀င်ရောက်လာပါပြီ။ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ကလည်းခွင့်ပြုပေးနေပါတယ်” ဟု ၎င်းက ဆက်ပြောသည်။

Aye Chan Mon Credit To: Mizzima - News in Burmese
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment

 
Top