မောင်မန်း ACM Re-Post 29-5-2014
အွန်လိုင်းမှတစ်ဆင့် အိမ်ခြံမြေအရောင်းအ၀ယ်နှင့် ငှားရမ်းခြင်းများတွင် ၀ယ်ယူသည့် အရေအတွက်သည် ၇၅ ရာခိုင်နှုန်း အထိရှိပြီး ငှားရမ်းခြင်းထက် သုံးဆ ပိုမိုများပြားနေသည်ဟု အွန်လိုင်းအိမ်ခြံမြေဈေးကွက် ၀န်ဆောင်မှုပေးနေသည့် House.com.mm က မေလ ၂၈ ရက်တွင် ထုတ်ပြန်လိုက်သည့် ၎င်းတို့၏ စစ်တမ်းတွင် ဖော်ပြထားသည်။
ဘဏ်စနစ်နှင့် အခြားရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ အားနည်းမှုကြောင့် အိမ်ခြံမြေဈေးကွက်တွင် ရင်းနှီးမြှုပ်နှံမှု ပိုလာခြင်းဖြစ်သည်ဟု House.com.mm ၏ Country Manager ဖြစ်သူ Michiel Bakker က စစ်တမ်းတွင် ပြောဆိုထားသည်။
Michiel Bakker က “သိပ်အဆင်မပြေတဲ့ ဘဏ်စနစ်နဲ့ တခြားရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းတွေ၊ အားနည်းနေမှုတွေက မြန်မာနိုင်ငံ အိမ်ခြံမြေဈေးကွက်မှာ ပိုမို ရင်းနှီးမြှုပ်နှံလာမှုကို ဖြစ်စေပါတယ်”ဟု ဆိုသည်။
မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ အဆောက်အအုံများကို ပြန်လည်ပြုပြင်ခြင်း၊ စီမံကိန်းအသစ်များချမှတ်၍ လူနေအိမ်နှင့် စီးပွားရေးဆိုင်ရာ အဆောက်အအုံများ တည်ဆောက်ခြင်းတို့ကြောင့် ရန်ကုန်မြို့သည် ယခင်ကထက် ပိုမိုတိုးတက်လာနေပြီး အိမ်ခြံမြေ၀ယ်ယူသူများအတွက် အဓိက ရွေးချယ်ရာနေရာ တစ်ခု ဖြစ်လာသည်ဟု ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
House.com.mm သည် မြန်မာနိုင်ငံတွင် ၂၀၁၂ ခုနှစ်က စတင်လုပ်ကိုင်ခဲ့သည့် အွန်လိုင်းအိမ်ခြံမြေ အရောင်းအ၀ယ် ၀န်ဆောင်မှု ၀က်ဘ်ဆိုဒ်ဖြစ်ပြီး မိခင်ကုမ္ပဏီ Lamudi သည် နိုင်ငံပေါင်း ၂၈ နိုင်ငံတွင် အိမ်ခြံမြေ အရောင်းအ၀ယ်နှင့် ငှားရမ်းခြင်းများကို ၀န်ဆောင်မှုပေးနေသည်။
Aye Chan Mon Credit To: Mizzima - News in Burmese
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိ
https://www.facebook.com/
http://
Post a Comment