0

ဇာဏီထွဏ်း ACM Re-Post 29-5-2014

ပိုင်ရှင်မဲ့ တရားမ၀င်သစ်တန်ချိန် ၉၂၀ ကျော်ကို ချင်းတွင်းမြစ်အထက်ပိုင်း ကလေးနှင့် တမူးခရိုင်များတွင် ဧပြီ ၃၀ မှ မေ ၂၅ ရက် အတွင်း ဖမ်းဆီးရရှိခဲ့သည်ဟု စစ်ကိုင်းတိုင်း ဒုတိယရဲမှူးကြီး မင်းဇော်ဦးက မဇ္ဈိမကို ပြောသည်။

ဖမ်းဆီးရရှိသည့် သစ်အများစုမှာ တမလန်း၊ ကျွန်းနှင့် ပျဉ်းကတိုး အများဆုံးဖြစ်ပြီး သစ်ဖြတ်လွှစက် လေး လုံးတို့ဖြစ်သည်ဟု ဆိုသည်။

“တရားမ၀င် သစ်ခုတ်တာ တွေရှိတယ် ဆိုတဲ့ သတင်းအရ စစ်ကိုင်းတိုင်း ၀န်ကြီးချုပ်အဖွဲ့ ညွှန်ကြားချက် အရ အထူးအဖွဲ့ ဖွဲ့ပြီး ဆင်းဖမ်းတာ။ ၀င်ဖမ်းတဲ့အချိန်မှာ လူတွေမရှိတော့ဘူး။ သစ်တွေ ပုံထားတာ၊ ဖြတ် ထားတာပဲ တွေ့တော့တယ်” ဟု ရဲမှူးကြီးက ဆိုသည်။

အဆိုပါ တရားမ၀င်သစ်များကို နယ်စပ်ရေးရာဝန်ကြီး၊ စစ်ကိုင်းတိုင်း ဒု-ရဲမှူးကြီး၊ သစ်တောဝန်ထမ်း၊ အပါ အ၀င် ရဲအင်အား ၆၀ ကျော်တို့က ကလေးဝ၊ မော်လိုက်၊ ကလေးမြို့အစပ်၊ တမူးမြို့များတွင် သွားရောက် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ဖမ်းဆီးရရှိမှု အများဆုံးနေရာများမှာ မော်လိုက်မြို့နယ် အနောက်ဘက် ကင်းတိုက်ရွာ အနောက်ခြမ်းဒေ သ၊ တမူးမြို့နယ် ခမ်းပက်အကျော် မင်းသမီးတောင်တန်း မြောက်ဖျားမှဖြစ်သည်ဟု စစ်ကိုင်းတိုင်း ဒေသ ကြီး နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကြည်နိုင်က ဆိုသည်။

ယခုဖမ်းဆီးမှုသည် ဒုတိယအကြိမ်ဖြစ်ပြီး ၂၀၁၃ ခုနှစ်၊ မတ် ၂၀ ရက်မှ ဧပြီ ၆ ရက်အထိ ကသာခရိုင် အတွင်း တရားမ၀င် သစ်တန်ချိန် ၇၅၂ တန်ကို ဖမ်းဆီးရရှိပြီး တမလန်းသစ်မှာ အများဆုံး ဖြစ်သည်ဟု ဒုတိယရဲမှူးကြီး ဦးမင်းဇော်ဦးက ပြောကြားသည်။

တမလန်းသစ်များသည် ခန္ဒီးမြို့နှင့် မော်လိုက်မြို့များတွင် အထွက်များရာ တရုတ်လူမျိုးများကိုယ်တိုင် ဆင်း ၀ယ်လေ့ရှိသည်။ ယင်းသစ်များကို ဒေသတွင်း တစ်တန်လျှင် လေးသိန်းလောက်သာရှိပြီး မန္တလေးသို့ ရောက်ပါက သိန်းလေးဆယ်အထိရရှိပြီး တရုတ်နိုင်ငံသို့ ရောက်ရှိပါက သိန်းတစ်ရာအထိ ဈေးရရှိသည်။

တရုတ်နိုင်ငံသားများသည် သစ်များကို အတုံးလိုက် ဖြတ်တောက်ပြီး တစ်လလျှင် တန်ချိန် ၁,၀၀၀ ကျော်ခန့် သယ်ဆောင်ကြသည်ဟု အထက်ချင်းတွင်းဒေသ လူငယ်ကွန်ရက်အဖွဲ့ဝင် ကိုကျော်သက်ဝင်းကပြောကြား သည်။

Aye Chan Mon Credit To: Mizzima - News in Burmese
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment

 
Top