0

ACM Re-Post 29-5-2014

အစိုးရသစ် လက်ထက်တွင် မီဒီယာ လောကနှင့် ပတ်သတ်၍ ပြုပြင် ပြောင်းလဲရေး လုပ်ဆောင်ရာတွင် စိန်ခေါ်မှု မည်မျှရှိစေ ဆက်လက် လုပ်ဆောင် သွားမည် ဖြစ်ကြောင်း ပြန်ကြားရေး ၀န်ကြီးဌာန ဒုတိယ ၀န်ကြီး ဦးရဲထွဋ်က ပြောသည်။ ယမန်နေ့က ရန်ကုန်မြို့၊ Inya lake ဟိုတယ်တွင် ပြုလုပ်သော အင်ဒိုနီးရှားနိုင်ငံနှင့် မြန်မာနိုင်ငံ နှစ်နိုင်ငံကြား မီဒီယာဆိုင်ရာ ဆွေးနွေးပွဲတွင် ၎င်း က အထက်ပါ အတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။ ပြုပြင် ပြောင်းလဲမှု တွေမှာ အောင်မြင်မှု တွေလည်း ရှိတယ်။ ဆက်ပြီး ကျော်လွှားရမယ့် စိန်ခေါ်မှု တွေလည်း ရှိတယ်။ ဥပမာ အောင်မြင်မှု ဆိုရင် လွတ်လပ်စွာ ရေးသားခွင့် ဒါပြဿနာ မဟုတ်တော့ဘူး။ လွတ်လပ်စွာ ထုတ်ဝေခွင့်။ ဒါပြဿနာ မဟုတ်တော့ဘူး။ သို့သော် သတင်း အချက်အလက် ရယူ ပိုင်ခွင့် ဒါက ပြဿနာ ဖြစ်နေသေးတယ်။ အစိုးရဆီ ကနေ အထူးသဖြင့် သတင်း အချက်အလက် ရယူရာမှာ အကန့် အသတ်တွေ ရှိနေ သေးတယ် ဟု ၎င်း ကဆိုသည်။ မီဒီယာနှင့် ပတ်သက်၍ ပြုပြင် ပြောင်းလဲရေး လုပ်ရာတွင် ဥပဒေ ထုတ်ရုံဖြင့် ပြုပြင် ပြောင်းလဲမည် မဟုတ်ဘဲ သက်ဆိုင်သည့် ပုဂ်္ဂိုလ် အားလုံး ပူးပေါင်း ဆောင်ရွက်ရန် လိုကြောင်း ဦးရဲထွဋ်က ဆက်ပြောသည်။

မီဒီယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အတွက်လည်း အစိုးရက မီဒီယာသင်တန်းများ၊ တက္ကသိုလ် ကောလိပ်များ ဖွင့်လှစ် နိုင်ရန် စီစဉ်လျက် ရှိကြောင်း သိရသည်။ မီဒီယာ လွတ်လပ်ခွင့်နဲ့ ပတ်သက်လို့ ဥပမာ ၂၀၁၀ ရွေးကောက်ပွဲ တုန်းက သတင်းယူဖို့ ဆိုရင် မဲရုံနဲ့ ဘယ်လောက်ဝေးဝေးနေရ မယ်ဆိုပြီး ကန့်သတ်ထားတယ်။ ၂၀၁၂ ရွေးကောက်ပွဲကျတော့ အထဲကို ၀င်ခွင့် ရတယ်။ မဲပေးတဲ့ လူအချို့နဲ့ စကား ပြောခွင့်ရတယ်။ ဆိုတော့ လွတ်လပ် ခွင့်ရသလောက် ရလာပြီလို့ ပြောလို့တယ် ဟု မြန်မာစာနယ်ဇင်း ကောင်စီ အဖွဲ့ဝင် ဦးသီဟစော က ပြောသည်။

လက်ရှိ မြန်မာနိုင်ငံတွင် ထုတ်ဝေခွင့်ရ နေသော ပုဂ္ဂလိက သတင်းစာ၊ ဂျာနယ်ပေါင်း (၁၀၀) ကျော် ရှိနေသည်။ မကြာသေးခင်က Eleven Media Group မှ သတင်းထောက် တစ်ဦး၊ DVB မှ သတင်းထောက်တစ်ဦးသတင်းရယူခြင်းနှင့် ပတ်သက်၍ အကျဉ်းကျ ခဲ့ရပြီး၊ ယခုလက်ရှိတွင်လည်း Unity ဂျာနယ် မှ သတင်းထောက်များနှင့် အယ်ဒီတာများ တရားစွဲခံနေရသည်။

messenger

Aye Chan Mon Credit To: သတင်းမော်ကွန်း
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment

 
Top