0


ဒီဗီဘီ - ၀၅ မေလ ၂၀၁၄

ဘိုးဘွားပိုင်မြေ မူလပိုင်ရှင်များ၏ဆန္ဒထုတ်ဖော်ပွဲတခု ဧရာဝတီတိုင်း အိမ်မဲမြို့မှာ မေ(၅)ရက် မနက်(၉)နာရီက ပြုလုပ်သွားပါတယ်။ မူလမြေရှင်များ ဆန္ဒထုတ်ဖော်ရာမှာ ပုဒ်မ(၁၈၈) အမြန်ဆုံး အကောင်အထည်ဖော်ရေး ဒို့အရေး ၊ ဘိုးဘပိုင်မြေများအမြန် ပြန်လည် အသုံးချခွင့်ရရှိရေး၊ ဘိုးဘပိုင်မြေများပေါ်တွင် ကျူးကျော်နေသူများအား အမြန်ဖယ်ရှားပေးရေး စတဲ့ စာသားများချိတ်ဆွဲပြီး အိမ်မဲမြို့မ ဈေးအနီး ဗိုလ်ချုပ်အောင်ဆန်းလမ်းကနေ မြို့တပတ် ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ဆန္ဒပြခဲ့ပါတယ်။

၁၉၉၂ ခုနှစ်က မြို့စည်ပင်သာယာလှပရေးအတွက် ကမ်းနားလမ်းရှိ လူနေအိမ်များ ဖျက်သိမ်း ပြောင်းရွှေ့ ပေးခဲ့ရပြီး၊ မြေယာသိမ်းအမှုတွဲများနဲ့ ၎င်းတို့၏မြေများအားသိမ်းဆည်းခဲ့ခြင်း၊ ကာလတန်ဖိုးနဲ့ လျာ်ကြေးပေးခြင်းများ မရှိကြသဖြင့် ဦးသိန်းစိန်အစိုးရလက်ထက်မှာ ၎င်းတို့မြေများအား ပြန်လည်တောင်းခံခြင်းများပြုလုပ်ခဲ့ကြပါတယ်။ ဒါ့အပြင်
လယ်မြေနှင့် အခြားမြေများ စုံစမ်းစစ်ဆေးရေးကော်မရှင်ကလည်း ပြန်တောင်းခံနေတဲ့ အခြားမြေများနဲ့ ပတ်သက်ပြီး လာရောက် စစ်ဆေးခြင်းများပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း ၊ မြေယာကော်မရှင်ရဲ့ စစ်ဆေး တွေ့ရှိချက်နဲ့ သုံးသပ်ချက်များအပေါ် အမြန် အကောင်အထည် ဖော်ဆောင်ရွက်စေဖို့အတွက် အခုလို ဆန္ဒပြခြင်း ဖြစ်ကြောင်း သိရှိရပါတယ်။

Photos - icj

Aye Chan Mon# Credit To : DVB TV News
မိတ်ဆွေဒီလင့် https://www.facebook.com/excellencemediaကလစ်လေးတချက်နှိပ်လိုက်ရုံဖြင့် သတင်းအစုံကို ဖတ်ရမှာပါ နိုပ်ဘို့မမေ့နဲ့နော်
 (7 photos)
4

Post a Comment

 
Top