ဟောင်ကောင်မြို့ တောင်ဘက် ပင်လယ်ကမ်းခြေမှာ သင်္ဘောနှစ်စင်း တိုက်မိပြီး အနည်းဆုံး သင်္ဘောသား ၁၁ ဦး ပျောက်ဆုံးနေတယ် လို့ ရဲ အာဏာပိုင် တစ်ဦးက ပြောပါတယ်။
ယနေ့ အစောပိုင်းမှာ Po Toi ကျွန်းအနီးတွင် ကုန်တင်သင်္ဘောနှစ်စင်း တိုက်မိကြတာ ဖြစ်ပါတယ်။ အဲဒီလိုတိုက်မိပြီး သင်္ဘောသား ၁၂ ဦး ပါလာတဲ့ ကုန်တင် ကာဂို သင်္ဘောကြီး နစ်မြုပ်သွားတယ် လို့ ယုံကြည်ရပါတယ်။
သင်္ဘောသားတစ်ဦးကိုတော့ ငါးဖမ်းလှေ တစ်စင်းက ကယ်ဆယ်လိုက်နိုင်ပါတယ်။ ပျောက်ဆုံးနေတဲ့ ကျန် ၁၁ ဦးကို ရှာဖွေ ကယ်ဆယ်ရေးအစီအစဉ်တွေ စတင်နေပြီ ဖြစ်ပါတယ်။
Guangdong ရေကြောင်းကယ်ဆယ်ရေး စင်တာ က ရှာဖွေ ကယ်ဆယ်ရေးကို လုပ်ဆောင်ပေးနေပြီး၊ ဟောင်ကောင်ဘက်ကလည်း ကယ်ဆယ်ရေး လှေတွေနဲ့ ရဟတ်ယာဉ် တစ်စင်းကို စေလွှတ်ပေးလိုက်ပါတယ်။
ငါးဖမ်းလှေက ကယ်ဆယ်ပေးခဲ့တဲ့ သင်္ဘောသားတစ်ဦးကတော့ ဆေးရုံရောက်ရှိနေပြီ ဖြစ်ပြီး ဒဏ်ရာ အနည်းအကျဉ်း ရရှိထားပါတယ်။
ဟောင်ကောင်ဟာ ကမ္ဘာပေါ်မှာ ပင်လယ်ကူးသင်္ဘောတွေ အဝင်အထွက် အများဆုံး ဆပ်ကမ်းမြို့တွေထဲက တစ်ခု အပါအဝင်ပြီး အန္တရာယ်ကင်း လုံခြုံရေးမှာ အတော်အတန် စိတ်ချရတဲ့ ဆိပ်ကမ်းတစ်ခု အဖြစ် သတ်မှတ်ခံရပါတယ်။
Aye Chan Mon# Credit To : BBC Burmese
မိတ်ဆွေဒီလင့် https://www.facebook.com/excellencemediaကလစ်လေးတချက်နှိပ်လိုက်ရုံဖြင့် သတင်းအစုံကို ဖတ်ရမှာပါ နိုပ်ဘို့မမေ့နဲ့နော်

Post a Comment