သိပြီးသူများလည်း သိပြီးမှာပါ။
မသိသေးသူများကို ထပ် မျှဝေလို ပါတယ်။
လူငယ် တစ်ယောက်ဟာ ဆိုကရေဆီကို
တွေ့တော့ အောင်မြင်မှုရဲ့ လျှို့ဝှက် ချက်ဟာ
ဘာလဲ ဆိုတာ သိချင်ကြောင်း မေးပါတယ်။
ဒါနဲ့ ဆိုကရေတီး ဟာ နောက်တစ်နေ့
မနက် မြစ်ဆိပ်မှာ တွေ့ရအောင်လို့
ချိန်းလိုက် ပါတယ်။
မြစ်ဆိပ်မှာ တွေ့တော့ ဆိုကရေတီးဟာ
လူငယ်ကို ရေထဲခေါ်သွား ပါတယ်။
ရေက လည်ပင်း အထိ ရောက်ချိန် မှာတော့
ဆိုကရေတီးဟာ လူငယ် ခေါင်းကို ရေထဲ
နှစ်ချ လိုက် ပါတယ်။
လူငယ်က ရုန်းဖို့ ကြိုးစား ပေမယ့်
အားပိုသန်တဲ့ ဆိုကရေးတီး လက်ကြောင့်
မရုန်းနိုင် ပါဘူး။ ပင်ပန်းလောက်ပြီ၊
မရုန်းနိုင်တော့လောက်ဘူး ဆိုမှ ရေပေါ်
ခေါင်းပြန်ထောင် ပေး လိုက်ပါတယ်။
ပြီးတော့ ကမ်းပေါ် ပြန်ခေါ် တက်ပြီးတော့
လူငယ်ကို"ရေနှစ်နေချိန်မှာ ဘာလိုအပ်လဲ"
လို့ မေးပါတယ်။
ဒါနဲ့ လူငယ်က
"အသက်ရှူဖို့ လေလိုအပ်တယ်"လို့
ဖြေ ပါတယ်။
ဒါနဲ့ ဆိုကရေတီးက
"အေး မင်း ရေနှစ်နေတုန်း လေကို
အငမ်း မရ လိုအပ်နေသလိုပဲ အောင်မြင်မှု
ဆိုတာကို လိုအပ်လာရင် အောင်မြင်မှု
အတွက် လျှို့ဝှက်ချက် ဆိုတာ မရှိတော့ဘူး"
သင်ခန်းစာ
♧♧♧♧
ဟုတ်ပါတယ်။
လူတိုင်းဟာ အောင်မြင်မှုကို
လိုလားကြ ပေမယ့် ပြင်းပြတဲ့ စိတ်ဆန္ဒ
(Strong Desire or Will Power)
ပါရှိမှု ကျတော့ နည်းပါ တယ်။
ပြင်းပြတဲ့ စိတ်ဆန္ဒ ဆိုတာ နေ့ရော ညပါ
အောင်မြင်မှု ရရှိ ရမယ် လို့ စိတ်ထဲမှာ
ကိန်းအောင်း ရေရွတ် နေပြီး ကြိုးစား
နေသူဟာ တစ်နေ့ မဟုတ် တစ်နေ့
ရပါတယ်။
ယင်း စိတ်ကလည်း လူကို အမျိုးမျိုး
ထိန်းကျောင်း ပြုပြင်ပေး သွား ပါတယ်။
လိုရာ ပန်းတိုင်ကို သယ်ဆောင်
သွားပါတယ်။ ပြင်းပြတဲ့ စိတ်ဆန္ဒဟာ
ခဏတာ မဟုတ်ပဲ အချိန် အတော်
ကြာကြာ အောင်မြင်မှု ရရှိဖို့ သွားရောက်တဲ့
ပန်းတိုင် အထိ ရှည်လျားဖို့လဲ လို အပ်
ပါတယ်။
ကောက်ရိုးမီး ပမာ ခဏတာ
တောက်လောင် ရုံနဲ့လည်း မလုံ လောက်
ပါဘူး။
ယင်းဟာ အောင်မြင်မှုရဲ့ တစ်ခုတည်းသော
လျှို့ဝှက်ချက် ဖြစ်ပါတယ်။
အောင်ခမ်း (ရိုးရာလေး)
https://www.facebook.com/
myanmarinternetnews.
Myanmar Internet News မှ
ကူးယူပါသည်။
Aye Chan Mon# Credit To : Dr Shwe Tun
မိတ်ဆွေဒီလင့် https://www.facebook.com/excellencemediaကလစ်လေးတချက်နှိပ်လိုက်ရုံဖြင့် သတင်းအစုံကို ဖတ်ရမှာပါ နိုပ်ဘို့မမေ့နဲ့နော်

Post a Comment