ကောင်မလေးတယောက်ကို ဘယ်လိုPropose လုပ်ကြမလဲ။ ဘယ်လောက်အထိ အချိန်ပေးရမလဲ၊ ဘယ်အချိန်မှာ စကားစပြောရမလဲ၊ ဖွင့်ပြောမယ့်အချိန် ရင်တွေခုန်နေလို့ မပြောရဲသူများအတွက် အထူးစပါယ်ရှယ် နည်းလမ်းကောင်းကို ကြက်ခြံထဲမှာ ကြက်ဝင်ဖမ်းတဲ့ ပုံစံမျိုးနဲ့ ကွက်ကွက်ကွင်းကွင်း ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
အဆင့် ၁ ။ ။ အကဲခတ်ခြင်း။
သင်ဟာ ကြက်ခြံထဲကို ရောက်နေပါပြီ။ ဘယ်ကြက်ကို လိုချင်ပါသလဲ။ ဝဝလား ပိန်ပိန်လား ဆိုတာကို အသေအချာဆုံးဖြတ်ထားရပါမယ်။ သူ့ရဲ့ အပြုအမူကို စတင်လေ့လာထားရပါမယ်။ ကြာမြင့်ချိန် ။ ။ အနည်းဆုံး တစ်ပါတ်မှ နှစ်လကြား။
အဆင့် ၂ ။ ။ ယဉ်ပါးအောင် ပြုလုပ်ခြင်း
(၁)။ လိုချင်တဲ့ ကြက်ရဲ့ အမူအကျင့်ကို လေ့လာပြီးပြီဆိုရင်တော့ ယဉ်ပါးအောင် အရင်ဆုံး ဆန်ကွဲတွေကို ကြဲပက်ပြီး ကျွေးရပါမယ်။ ကိုယ်ကျွေးတဲ့ ဆန်ကွဲဟာ တခြားကြက်တွေ စားသွားလည်း မနှမြောပါနဲ့။ နောက်တချိန်မှာ ကိုယ့်အတွက် ရွေးချယ်စရာတွေ ထပ်ဖြစ်ပေါ်လာစေမှာပါ။ ကြာမြင့်ချိန် ။ ။ တစ်လမှ သုံးလကြား။
အဆင့် ၃ ။ ။ ယဉ်ပါးအောင် ပြုလုပ်ခြင်း (၂)။
ဒီအဆင့်ကတော့ ကိုယ်ဆန်ကွဲတွေကြဲပက်ကျွေးမယ် ဆိုတာနဲ့ ကိုယ်မျှော်မှန်းထားတဲ့ ကြက်ဟာအနားကို အဆင်သင့်ရောက်ရှိနေပြီး ဖြစ်ပါပြီ။ ဒီအချိန်ဆိုရင်တော့ ဆန်ကွဲကို လက်ဖဝါးပေါ်မှာ ထည့်ပြီး စတင်ကျွေးရတော့မှာပါ။ စကျွေးမယ့် ပထမပိုင်း အချိန်တွေဆိုရင် ကြက်ဟာ နှုတ်သီးလေးနဲ့ တစ်တို့ နှစ်တို့ဆိတ်ပြီး ထွက်ပြေးတတ်ပါတယ်။ လက်ကိုဆိတ်မိတယ်ဆိုရင်တောင် နာကျင်ဟန်လုံးဝ မပြပါနှင့်။ နာကျင်ဟန်ပြပါက နောက်တခါအနားပြန်ရောက်လာအောင် အတော်ကြိုးစားရပါလိမ့်မယ်။ ကြာမြင့်ချိန် ။ ။ နှစ်ပါတ်မှ တစ်လကြား။
အဆင့် ၄ ။ ။ ပွတ်သပ် ချော့မြူခြင်း။
လက်ဖဝါးပေါ်မှာ ထည့်ကျွေးနေရင်းနဲ့ ခေါင်းကနေ လည်ပင်းအထိကို တဖြည်းဖြည်းပွတ်သပ်ကြည်စယ်သင့်ပါပြီ။ ဖြစ်နိုင်မယ်ဆိုရင်တော့ ပွေ့ချီပြီး အစာစကျွေးကြည့်သင့်ပါပြီ။ ပွေ့ချီလို့ ရနေတယ်ဆိုပြီး အတင်းဖျစ်ညှစ်ပြီး ကိုင်တွယ်လို့ မရသေးပါဘူး။ ပွေ့ချီထားရင်းနဲ့ကို ပွတ်သပ်ကြည်စယ်နေသင့်ပါတယ်။ ကြာမြင့်ချိန် ။ ။ တစ်ပါတ်မှ သုံးပါတ်ကြား။
အဆင့် ၅ ။ ။ အဆုံးသတ်ခြင်း။
ဒီအဆင့်ကတော့ နောက်ဆုံးအဆင့်ပါ။ ခြံထဲက ကြက် အချိန်မရွေးသတ်စားလို့ ရပါပြီ။
☆☆☆ဂရုပြုရန်အချက်☆☆☆
အဆင့်တစ်ဆင့်ချင်းကို မပိုင်နိုင်ဘဲနဲ့ နောက်တဆင့်တက်ဖို့ မကြိုးစားပါနှင့်။ အဆင့်ကျော်သူများအတွက် ဥပမာလေးတစ်ခု ထပ်ပြချင်ပါသေးတယ်။ အဆင့်ကျော်သူများဟာ ကြက်ခြံထဲဝင်ပြီး တောင်းကြဲကြီးနဲ့ ကြက်လိုက်ဖမ်းနေသလိုပါပဲ။ ကြက်ခြံထဲမယ် ကြက်တွေကအော်ပြီး ဟိုပြေး၊ ဒီပြေး ပြေး။ ကိုယ်ကလည်း မှီအောင်မလိုက်နိုင်၊ ကိုယ်ကလိုက် သူကပြေးနဲ့ မောလှပါတယ်ဗျာ။ အစာလေးကျွေးပြီး ဖမ်းခြင်းသည်သာ အေးဆေးသက်သာ ဖြစ်ပါကြောင်း မျှဝေအပ်ပါတယ်။
Credit>> Bush-Man JD
Aye Chan Mon Credit To: The Express Times
http://www.ayechanmon-news1.com/
Post a Comment