0

Sunday, 22 June 2014

အမေရိကန် ပြည်ထောင်စု အတွင်းရှိ ရောဂါ ထိန်းချုပ်ရေးနှင့် တားဆီး ကာကွယ်ရေး ဌာန (CDC)မှ အမှုထမ်း ၇၅ ဦးခန့်သည် အန္တရာယ် ရှိသော ထောင့်သန်းနာ ပိုးများနှင့် မတော်တဆ ထိတွေ့မိခဲ့ဖွယ် ရှိသည်ဟု အစိုးရ အေဂျင်စီ တစ်ခုက ထုတ်ဖော် ပြောကြားသည်။

ထောင့်သန်းနာပိုးနှင့် ထိတွေ့မိသော အဆိုပါ အမှုထမ်း များတွင် ရောဂါ ကူးစက်နိုင်မှု နှုန်းမှာ အလွန်နည်းပါး လှသော်လည်း ကြိုတင် ကာကွယ်မှု တစ်ခု အနေဖြင့် ၎င်းတို့ကို ပဋိဇီဝ ဆေးများ တိုက်ကျွေးထားပြီး စောင့်ကြည့်မှုများ လုပ်ဆောင် နေရကြောင်း၊ ယင်းအမှုထမ်းများ အနေဖြင့် ထောင့်သန်းနာ ပိုးဖြင့် ထိတွေ့ မိခြင်းသည် ဆယ်စုနှစ် တစ်ခုအတွင်း အမေရိကန် ရောဂါ ထိန်းချုပ်ရေးနှင့် ကာကွယ် တားဆီးရေး ဓာတ်ခွဲခန်း များတွင် ဖြစ်ပွားသည့် အကြီး မားဆုံး မတော်တဆမှု တစ်ခုဖြစ်ကြောင်း CDC မှ အရာရှိ များက ဇွန် ၁၉ ရက်တွင် ပြောကြားသည်။

အမှုထမ်းများနှင့် ထောင့်သန်းနာပိုး ထိတွေ့မိခဲ့ဖွယ် ရှိသည်ကို ဇွန် ၁၃ ရက်က စစ်ဆေး တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း၊ CDC ၏ ဓာတ်ခွဲခန်း သုံးခုအနက် နှစ်ခုတွင် ထောင့်သန်းနာပိုး အချို့ ပျံ့နှံ့နေကြောင်း၊ ပုံမှန်အားဖြင့် ဓာတ်ခွဲခန်းများ အတွင်း၌ ထောင့်သန်းနာပိုး များကို အသက်မဝင် စေနိုင်သည့် နည်းလမ်း တစ်ခုကို အသုံးပြုထားသဖြင့် ဝန်ထမ်းများ အနေဖြင့်လည်း လုံခြုံ စိတ်ချစွာဖြင့် ကာကွယ်ရေး ဝတ်စုံနှင့် ပစ္စည်း ကိရိယာများ မဝတ်ဆင် ထားခြင်းကြောင့် ထိတွေ့မိခဲ့ခြင်း ဖြစ်ကြောင်း CDC မှ ပြောရေးဆိုခွင့် ရှိသူ တွမ်စကင်နာက ပြောကြားသည်။

Aye Chan Mon Credit To: မြ၀တီ
http://www.ayechanmon-news1.com/

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top