အာဏာ အလွဲသုံးစား လုပ်ခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ထိုင်းဝန်ကြီးချုပ် ယင်လတ် ရှင်နာဝပ်ကို အခြေခံဥပဒေ တရားရုံးမှာ ဒီကနေ့ စတင် ကြားနာနေပြီ ဖြစ်ပါတယ်။
ယင်လတ်ဟာ ၂၀၁၁ ခုနှစ်က အမျိုးသား လုံခြုံရေး အကြီးအကဲကို အစားထိုး ပြောင်းလဲ ခန့်အပ်ခဲ့ရာမှာ သူ့ပါတီအတွက် အကျိုးအမြတ်တွေ ရရှိခဲ့တယ်ဆိုတဲ့ အထက်လွှတ်တော် အမတ်တွေရဲ့ အဖွဲ့တစ်ဖွဲ့က စွပ်စွဲထားချက်ကို တရားရုံးက ကြားနာ စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။
တကယ်လို့ ယင်လတ် အနေနဲ့ အပြစ်ရှိတယ်လို့ ဆုံးဖြတ်ခံရမယ် ဆိုရင် ဝန်ကြီးချုပ် ရာထူးကနေ ဖယ်ရှားခံရမှာ ဖြစ်သလို နိုင်ငံရေး လုပ်ခွင့်ကိုလည်း ၅ နှစ်အထိ ပိတ်ပင်ခံရမှာ ဖြစ်ပါတယ်။
အခု ကြားနားမှုဟာ ယင်လတ်နဲ့ သူ့ရဲ့အတိုက်အခံတွေ အကြား ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေတဲ့ နိုင်ငံရေး တိုက်ပွဲရဲ့ တစိတ်တပိုင်း အဖြစ် ပါဝင်နေပါတယ်။
ဝန်ကြီးချုပ်နဲ့ တခြားဝန်ကြီးတွေ ရာထူးက ဆင်းပေးရမယ် ဆိုရင် ထိုင်းနိုင်ငံဟာ အုပ်ချုပ်သူမဲ့တဲ့ အခြေအနေမျိုး ဖြစ်သွားနိုင်တယ်လို့ သတင်းထောက်တွေက ပြောပါတယ်။
ပုံစာ- ထိုင်းဝန်ကြီးချုပ် ယင်လတ် ကြားနာရာ တရားရုံးက ပြန်ထွက်လာစဉ်။
Aye Chan Mon# Credit To : BBC Burmese
မိတ်ဆွေဒီလင့် https://www.facebook.com/excellencemediaကလစ်လေးတချက်နှိပ်လိုက်ရုံဖြင့် သတင်းအစုံကို ဖတ်ရမှာပါ နိုပ်ဘို့မမေ့နဲ့နော်

Post a Comment