ရန်ကုန်မြို့တွင်း ပထမဆုံး ''သ ဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် အမှိုက်ကင်းစင်ဇုန်''အဖြစ် မြောက်ဒဂုံမြို့ နယ် (၄၂) ရပ်ကွက်အား
စီစဉ်ဆောင် ရွက်နေပြီဖြစ်ကြောင်း နာရေးကူညီမှု အသင်းမှ ဆရာမသန်းမြင့်အောင်က ပြောသည်။ နာရေးကူညီမှုအသင်း
(ရန်ကုန်)မှ ဦးစီး၍ ရန်ကုန်တိုင်းဒေသကြီး မြောက် ဒဂုံမြို့နယ်၊
(၄၂) ရပ်ကွက်အား ''သ ဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် အမှိုက်ကင်းစင်ဇုန်''စံပြရပ်ကွက်တစ်ခု ဖြစ်မြောက်ရန်
ဆွေးနွေးပွဲကို မေလ ၆ ရက်နေ့ နံနက် ၁ဝ နာရီတွင် မြောက်
ဒဂုံ ရှိ နာရေးကူညီမှုအသင်း (ရန်ကုန်)သုခခန်းမ၌ ပြုလုပ်ခဲ့ရာ
အခမ်းနားမှုးအဖြစ်ပေါ်ပြူလာဂျာနယ်နှင့်ပေါ်ပြူလာနယူးစ်ဂျာနယ်
အယ်ဒီတာချုပ်ဆရာကိုမျိုး(မြန်မာစာ)ကဆောင်ရွက်ကာ
နာရေးကူညီမှုအသင်း(ရန်ကုန်)မှဒုတိယဥက္ကဋ္ဌဆရာမသန်းမြင့်အောင်၊
အတွင်းရေးမှုဒေါ်မြင့်မြင့်ခင်ဖေ(ရွှေဇီးကွက်)တို့ ''သ ဘာဝပတ်ဝန်း
ကျင် ထိန်းသိမ်းရေးနှင့် အမှိုက်ကင်းစင်ဇုန်''ဆောင်ရွက်ချက်
ရည်ရွယ်ချက်တို့ ကိုတင်ပြရှင်းလင်းပြီးနောက်တက်ရောက်လာသော
အဖွဲ့အစည်းအသီးသီးနှင့်ရပ်ကွက်သူရပိကွက်သားများကတက်ကြွစွာ
ဆွေးနွေးခဲ့ကြသည်။ ယင်းသဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် အမှိုက်ကင်းစင်ဇုန် ဖြစ်မြောက်ရန် ဆွေးနွေးပွဲ၌ယမန်နှစ်က
ပေါ်ပြူလာစာပေအနုပညာဂျာနယ်တွင်ဖေါ်ပြခဲ့သော
ဆရာမသန်းမြင့်အောင်၏ အမှိုက်ကောက်ခြင်းဖြင့်သန့် ရှင်းသော
ပါတ်ဝန်းကျင်ကိုတည်ဆောက်ကြပါစို့ အမည်ရဆောင်းပါးအား
တက်ရောက်လာသူများသို့ ဝေငခဲ့ကြကြောင်းသိရသည်။''သဘာဝ
ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် အမှိုက်ကင်းစင်ဇုန်'' အဖြစ် သတ်
မှတ်ရခြင်း၏ ရည်ရွယ်ချက် မှာ ရပ်ကွက်အတွင်း သန့်ရှင်းရေး၊
မြောင်းများ မပိတ်ရေးနှင့် မြောင်းများ ရေစီးရေလာကောင်းမွန်ရေး
တို့အတွက် ဖြစ်ကြောင်း ဆရာမသန်းမြင့်အောင်က ပြောသည်။အဆို ပါ မြောက်ဒဂုံ (၄၂) ရပ်ကွက်တွင် အ ပိုင်း (၇) ပိုင်း၊ လမ်းသွယ်ပေါင်း
(၅၂) လမ်းနှင့် ခန့်မှန်းခြေအားဖြင့် အိမ်ခြေ ပေါင်း ၃ဝဝဝ နီးပါး
ရှိကြောင်း၎င်းထံမှ ထပ်မံသိရှိရပြီးယမန်နှစ်မေ ၁၁ရက်နေ့ က
နာရေးကူညီမှုအသင်း(ရန်ကုန်)မှဦးကျော်သူဦးဆောင်သော
ပရဟိတအဖွဲ့ သားများကကျောက်တံတားမြို နယ်ပန်းဆိုးတန်း
ဆိပ်ကမ်းနှင့်မြောက်ဥက္ကလာပမြို့ နယ်ရှိ မြောက်ဥက္ကလာပအ၀ိုင်း
ကားဂိတ်တို့ မှာအမှိုက်ကောက်ခဲ့ကြသော်လည်း ဆက်လက်
လုပ်ဆောင်ရန်တားမြစ်ခံခဲ့ရကြောင်းထိုအချိန်မှယခုတစ်နှစ်တင်း
တင်းပြည့်ခါနှီးအချိန်မှာ အသင်းတည်ရာ မြောက်ဒဂုံမြို့ နယ် (၄၂) ရပ်ကွက်မှစတင်ပြီးသဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် အမှိုက်ကင်းစင်ဇုန်ဖေါ်ဆောင်ရေးကိုပြန်လည်စတင်အကောင်
အထည်ဖေါ်ရန်ဆွေးနွေးကြခြင်းဖြစ်ကြောင်းသိရသည်။
သတင်း- ဇေဝေယံ ၊ ဓါတ်ပုံ-ကိုရောဘတ်အောင်
Aye Chan Mon# Credit To : Popular Journal
မိတ်ဆွေဒီလင့် https://www.facebook.com/excellencemediaကလစ်လေးတချက်နှိပ်လိုက်ရုံဖြင့် သတင်းအစုံကို ဖတ်ရမှာပါ နိုပ်ဘို့မမေ့နဲ့နော်



Post a Comment