ACM Re-Post 26-5-2014
မြန်မာနိုင်ငံတွင် အာမခံလုပ်ငန်းများ ဖွံ့ဖြိုးရန် ရည်ရွယ်၍ ရန်ကုန်မြို့တော်တွင် မြန်မာအမျိုးသားအာမခံ ကောလိပ် (MNIC− Myanmar National Insurance College) ဖွင့်လှစ်မည် ဖြစ်ကြောင်းဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမောင်မောင်သိမ်းက ပြောကြားသည်။
ပြည်ပအာမခံ ကုမ္ပဏီများကလည်း လာရောက် ရင်းနှီးမြှုပ်နှံကြမည် ဖြစ်သဖြင့် ပြည်တွင်း၌ စွမ်းရည်မြင့် လုပ်သားများ မဖြစ်မနေ လိုအပ်လာမည် ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။
“အစောဆုံး ဖွင့်ဖြစ်ရင် ဒီနှစ်ထဲမှာပဲ။ နောက်အကျဆုံးတောင် ၂၀၁၅ ခုနှစ်ထက် မကျော်ပါဘူး” ဟု ၎င်းကဆိုသည်။
ယင်းကောလိပ် တက်ရောက်လိုပါက ဘွဲ့တစ်ခုခု ရရှိထားရမည် ဖြစ်ကာ ဝင်ခွင့်စာမေးပွဲ ဖြေဆိုရမည် ဖြစ်ပြီး အာမခံလုပ်ငန်း နယ်ပယ်မှ ဝန်ထမ်းများကို ဦးစားပေး ခေါ်ယူမည် ဖြစ်ကြောင်း ဒေါက်တာမောင်မောင်သိမ်းက ပြောဆိုသည်။
Aye Chan Mon Credit To:The Voice Weekly
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.