ကိုတိုးကြီး
မုံရွာ၊ ဧပြီ 28
၁။ တရားမ၀င် ၀င်ရောက်လာသည့် လက်နက်ကိုင် တရုတ်နိုင်ငံသား ရှစ်ယောက်သည် ကိုတိုးကြီးတို့မှ မှီတင်းနေထိုင်သော အမိမြန်မာနိုင်ငံတော်ကြီး၏ အချုပ်အခြာအာဏာများကို ထိုသူတို့မှ ဗြောင်ကျကျ ထိပါးစော်ကားသည်ဟု ခံယူမိခြင်း..။
၂။ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးနှင့် ဖွံ့ဖြိုးတည်ငြိမ်ရေးစသည့်အရေးကိစ္စရပ်များ အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေသည့်အချိန်ကာလတွင် ထိုသူတို့မှ တရားမ၀င်လက်နက်ကိုင်၍ ၀င်ရောက်လာခြင်းသည် မည်သည့်အတွက်ကြောင့် မည်သို့ မည်ပုံကျူးကျော်ဝင်ရောက်လာခဲ့ခြင်းဖြစ်ပါစေ တည်ငြိမ်အေးချမ်းမှုအား အနှောက်အယှက်ပြူရာရောက်စေသည့်အတွက် ထိုသူတို့ကို ကိုတိုးကြီးရှုတ်ချသည်။
၃။ စစ်ကိုင်းတိုင်းဒေသကြီးသည် နိုင်ငံခြားရင်းနှီးမြုတ်နှံမှုများ ဖိတ်ခေါ်ကမ်းလှမ်း၍ ဒေသဖွံ့ဖြိုးရေးများ အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေသည့် အချိန်ကာလတွင် အဆိုပါ တရားမ၀င် လက်နက်ကိုင်များ ကျူးကျော်ဝင်ရောက်လာခဲ့ခြင်းသည် ဒေသတွင်း တည်ငြိမ်အေးချမ်းရေးနှင့် ဖွံဖြိုးရေး ရင်းနှီးမြုတ်နှံမှုလုပ်ငန်းများအပေါ် ခြိမ်းခြောက်ရာဖြစ်စသေည်အတွက် ကိုတိုးကြီးမှ ယင်းကိစ္စအပေါ်ရှုတ်ချသည်။
၎။ အဆိုပါ ၀င်ရောက်လာသည့် တရုတ်နိုင်ငံသား(၈)ယောက်သည် မည်သည့်အတွက်ကြောင့် ၀င်ရောက်လာခဲ့ခြင်းမျိုးဖြစ် လင့်ကစား စစ်ကိုင်းတိုင်းဒေသကြီး၌ မှီတင်းနေထိုင်လျက်ရှိသော အများပြည်သူတို့၏ လူမှုဘ၀လံခြုံရေးကိစ္စရပ်များကို ခြမ်းခြောက်ရာဖြစ်စေနိုင်သည့်အတွက် ယင်းကိစ္စရပ်များအပေါ် ကိုတိုးကြီးမှ ရှုတ်ချလိုက်သည်။
၅။ ထိုသူတို့ ၀င်ရောက်လာခဲ့ခြင်းသည် စစ်ကိုင်းတိုင်းဒေသကြီး၏ လုံခြုံရေးစည်းကျိုးပေါက်သည့် အခြေအနေများကဲသို့ဖြစ်ရသည့်အတွက် သက်ဆိုင်ရာတိုင်းဒေသကြီးအစိုးရအဖွဲ့မှ တိုင်းဒေသကြီး၏ လုံခြုံရေးစည်းများကို ပြန်လည်သုံးသပ်၍ အထူးကြပ်မတ်ဆောင်ရွက်ပေးရန် လိုအပ်လျက်ရှိကြောင်း ကိုတိုးကြီးမှ အပြင်းအထန်တောင်း ဆိုလိုက်သည်။
ရှုတ်ချတောင်းဆိုသူ
ဇေယျာသား
ကိုတိုးကြီး
မုံရွာ။
28.4.2014
Aye Chan Mon# Credit To : ကိုတိုးကြီး
မိတ်ဆွေဒီလင့် https://www.facebook.com/excellencemediaကလစ်လေးတချက်နှိပ်လိုက်ရုံဖြင့် သတင်းအစုံကို ဖတ်ရမှာပါ နိုပ်ဘို့မမေ့နဲ့နော်


Post a Comment