0

·

မြန်မာနိုင်ငံရှိ တချို့နေရာများတွင် နှစ်စဉ် နွေရာသီရောက်တိုင်း ရေရှားပါးမှု ပြဿနာများ ကြုံတွေ့လျှက် ရှိပါသည်။ နှစ်စဉ် နွေရာသီရောက်တိုင်း ရေတွင်းရေများ ခန်းခြောက်ခြင်း၊ ကျေးရွာသုံး သောက်သုံးရေကန်များ ခန်းခြောက်ခြင်းကြောင့် သောက်သုံးရေ ရှားပါးမှုမှာ ပြဿနာ တစ်ခုအဖြစ် ဖြစ်နေပါသည်။ တစ်ခါတရံတွင် နယ်အသီးသီးမှ သောက်ရေများအား လာရောက်လှူဒါန်းမှု ရှိသကဲ့သို့ တစ်ချို့နေရာများတွင်လည်း သောက်ရေကန်များကို ရေမခန်းခြောက်စေရန် ပြုပြင် ထိန်းသိမ်းခြင်းဖြင့် သောက်ရေ ရှားပါးမှု ပြဿနာများကို ဖြေရှင်းပေးခဲ့သည်။ အဆိုပါ ရေရှားမှု ပြဿနာများသည် နှစ်ပေါင်းများစွာကပင် ကြုံတွေ့နေရပေမယ့်လည်း အစိုးရမှ အဆိုပါပြဿနာကို ဖြေရှင်းပေးခဲ့ခြင်း မရှိသော်လည်း အနာဂါတ်တွင် ရေရှားမှု ပြဿနာ ဖြေရှင်းပေးရန်အတွက် အစိုးရမှ ယခုဘဏ္ဍာနှစ်တွင် ကျပ်သန်း ၃၈, ဝဝဝဝ ကျော်အား အသုံးပြုသွားမည်ဟု သိရပါသည်။
သောက်ရေရှားပါးသည့် ဒေသတွင် ရန်ကုန်တိုင်း ဒလမြို့နယ်သည်လည်း တစ်ခုအပါအဝင် ဖြစ်ပါသည်။ နှစ်စဉ် သောက်ရေ ရှားပါးမှု ပြဿနာ ကြုံတွေ့နေရပေမယ့်လည်း ဒလမြို့ ညောင်းကုန်းရပ်ကွက်အတွင်းရှိ မဟာင်္ကြန်အမည်ရှိ သောက်ရေကန်ကြီးအား တာဝန်ရှိသူများမှ ထိန်းသိမ်းကာကွယ်ထားပြီး အဆိုပါ ရက်ကွက်ရှိ အိမ်ထောင်စု ၃ ရာမှ ၅ ရာအထိ အဆိုပါ သောက်ရေကန်ကြီးကို အမှီပြုပြီး သုံးစွဲနေကြရပါသည်။ မဟာသင်္ကြန်သောက်ရေကန်ကြီးကို အမှီပြုပြီး သောက်သုံးရေအတွက် လာရောက် တန်းစီ ခပ်ယူနေကြသည်ကို မဇ္ဈိမမှ ဓါတ်ပုံ မှတ်တမ်းအဖြင့် ဖော်ပြလိုက်ရပါသည်။
ဓါတ်ပုံ - ဟောင်ဆာ (ရာမည)

Aye Chan Mon# Credit To : Mizzima - News in Burmese
မိတ်ဆွေဒီလင့် https://www.facebook.com/excellencemediaကလစ်လေးတချက်နှိပ်လိုက်ရုံဖြင့် သတင်းအစုံကို ဖတ်ရမှာပါ နိုပ်ဘို့မမေ့နဲ့နော်
 (5 photos)

Post a Comment

 
Top