Tuesday, May 6, 2014
မြောက်ကိုရီးယား အဓိပတိ ကင်မ်ဂျုံအန်းအနေဖြင့် ၎င်း၏ဦးလေးကို သေဒဏ်ပေးခဲ့သည် ဆိုခြင်းမှာ သတင်းမှားသာဖြစ်ကြောင်း အမေရိကန် ဘတ်စကက်ဘော ကစားသမားဟောင်း ဒင်းနစ်ရော့ဒ်မန်းက ပြောကြားလိုက်သည်။ ရော့ဒ်မန်းသည် အမေရိကန် နိုင်ငံသားများအနက် ကွန်မြူနစ် နိုင်ငံအတွင်း တရားဝင် သွားရောက်လည်ပတ်ခွင့်ရသည့် ရှားရှားပါးပါး ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။ ၎င်းသည် ကင်မ်နှင့် ရင်းနှီးသော ဆက်ဆံရေး ရှိနေပြီး မကြာသေးမီက မြောက်ကိုရီးယားသို့ ရောက်ရှိခဲ့သည်။ ကင်မ်သည် ဦးလေးဖြစ်သူ စစ်ဘက် ထိပ်တန်း အရာရှိ ဂျန်ဆွန်သိုက်ခ်အား သေဒဏ်ပေးကာ ခွေးစာကျွေး သတ်ဖြတ်ပစ်ခဲ့ကြောင်း တောင်ကိုရီးယားနှင့် အနောက်နိုင်ငံ မီဒီယာများက ဖော်ပြခဲ့သော်လည်း ရော့ဒ်မန်းကမူ ယင်းကို ငြင်းဆန်ခဲ့သည်။
၎င်းက မိမိသည် ဂျန်ကို မျက်မြင်တွေ့ရှိခဲ့ကြောင်း DuJour မဂ္ဂဇင်းသို့ ပြောကြားခဲ့သည်။ “ဒီနိုင်ငံကနေ မြောက်ကိုရီးယားအကြောင်း ဘာမဆို လျှောက်ပြောနေလို့ရတယ်။ လူတွေက ယုံကြမှာပဲလေ”ဟု ရော့ဒ်မန်းက ဆိုသည်။ ၎င်းက “ကျွန်တော် အဲဒီကို နောက်ဆုံးရောက်ခဲ့တဲ့ အချိန်တုန်းက ကင်မ်ဟာ သူ့ရည်းစားဟောင်းကို သေဒဏ်ပေးထားတယ်လို့ လူတွေပြောနေကြတယ်။ ပြီးတော့ သူ့ဦးလေးကိုလည်း သတ်ပစ်ခဲ့တယ်တဲ့။ ခွေးစာကျွေးခံရတယ် ဆိုတာလည်း ပါသေးတယ်။ ဒါပေမဲ့ သူတို့နှစ်ယောက်လုံး ကျွန်တော့်နောက်နားမှာ ရပ်နေတာ တွေ့ခဲ့တယ်”ဟုလည်း ရော့ဒ်မန်းက ပြောဆိုသွားသည်။ ဂျန်ကို သေဒဏ်ပေးသည့် သတင်းနှင့် ပတ်သက်ပြီး မဂ္ဂဇင်း အယ်ဒီတာက ထပ်မံအတည်ပြု မေးမြန်းသည့်အခါ ရော့ဒ်မန်းက “အဲဒီတုန်းက သူဟာ ကျွန်တော့်နောက်မှာ တကယ်ပဲ ရှိနေပါတယ်”ဟု အခိုင်အမာ ဖြေကြားသွားသည်။
Aye Chan Mon# Credit To : Planet Myanmar Network
မိတ်ဆွေဒီလင့် https://www.facebook.com/excellencemediaကလစ်လေးတချက်နှိပ်လိုက်ရုံဖြင့် သတင်းအစုံကို ဖတ်ရမှာပါ နိုပ်ဘို့မမေ့နဲ့နော်


Post a Comment