0

မင်းဟိန်းထက် ၊ ရန်ကုန်တိုင်းမ် ဂျာနယ် အတွဲ (၁၀) အမှတ် (၁၃)

ကချင်လွတ်မြောက်ရေးအ ဖွဲ့(ကေအိုင်အို)အနေဖြင့် ကချင်ပြည် နယ်အတွင်းရှိ ¤င်းတို့ထိန်းချုပ်နယ် မြေများတွင် အစိုးရကိုသန်းခေါင်စာ ရင်းကောက်ယူခွင့်မပေးဟု တရား ဝင် ပြောကြားထားခြင်းမရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင် အားဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ခိုင်ခိုင်စိုးက ပြောသည်။

''သူတို့နယ်မြေမှာ သန်းခေါင် စာရင်းကောက်ခွင့်မပေးဘူးလို့ တ ရားဝင် ကြေညာထားတာမရှိပါဘူး။ ဒီသတင်းက အမှန်လို့ပြောလို့မရပါ ဘူး။ သူတို့ ကောက်ခွင့်မပေးရင်လဲ မကောက်ဘူး။ မကောက်ရင် သူတို့ စာရင်း မပါဘူးပေါ့''ဟု ဒေါ်ခိုင်ခိုင်စိုး က ပြောသည်။

လက်ရှိအချိန်တွင် အစိုးရအနေ ဖြင့် ကချင်ပြည်နယ်ရှိ ဝေးလံခက်ခဲ သည့် ဒေသများဖြစ်သည့် ပူတာအို၊ ကိုးကိုးကျွန်း၊ မိုင်းလားဒေသနှင့် 'ဝ' အထူးဒေသတို့တွင် မတ် ၂ရက်မှစတင် ကာ သန်းခေါင်စာရင်း စတင်ကောက် ယူနေပြီဖြစ်ကြောင်း ကချင်ပြည်နယ် လဝကရုံးမှ သိရသည်။
ထို့ပြင် အစိုးရအနေဖြင့် ကချင် ပြည်နယ်ရှိ ဒေသတချို့တွင် စာရင်း စစ်၊ စာရင်းကောက်သင်တန်းများကို မတ် ၁၇ရက်မှစတင်ကာ သင်ကြား ပေးနေကြောင်း ပြည်သူ့အင်အားဦးစီး ဌာန ညွှန်ကြားရေးမှူး ဦးမြင့်ကြိုင် က ပြောသည်။

''သင်တန်းလုပ်တာ ပြီးတောင်ပြီး တော့မယ်။ ဒေသခံတွေကိုလဲ သင် ပေးနေတယ်။ ကေအိုင်အို၊ ကေအိုင် အေ လှုပ်ရှားနယ်မြေမှာလဲ သင်တန်း တွေ လုပ်နေတာပဲ။ လာပြီးအနှောင့် အယှက်ပေးတာလဲမရှိဘူး။ လက်မခံ ဘူးဆိုပြီး ပြောတာလဲ လာမပြောဘူး။ ဒီသတင်းက အခြေအမြစ်မရှိပါဘူး။ သတင်းအမှားကြီးပါ''ဟု ¤င်းက ဆို သည်။
သန်းခေါင်စာရင်း ကောက်ယူ ခွင့်ကိစ္စကို ကေအိုင်အို ကချင်လွတ် မြောက်ရေးအဖွဲ့ထံသို့ ဆက်သွယ်မေး မြန်းသော်လည်း ဆက်သွယ်မရခဲ့ပေ။

Aye Chan Mon# Credit To : Yangon Media Group > ပြန်လည် မျဝေခြင်း ဖြစ်ပါသည်
မိတ်ဆွေ ပိုမို စုံလင်သောသတင်းကို အောက်ပါလင့်တွင်ဝင်ရောက်ဖတ်ရှု
နိုင်ပါသည်--https://www.facebook.com/excellencemedia

Post a Comment

 
Top