အောင်သူ(ဒေးဒရဲ) ၊ ရန်ကုန်တိုင်းမ် ဂျာနယ် အတွဲ (၁၀) အမှတ် (၁၃)
အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံအကြား လူ ကုန်ကူးမှုဖြစ်ပွားမှုများ မြင့်တက်လာခြင်း ဖြေ ရှင်းနိုင်ရန် အိန္ဒိယအခြေစိုက် Impluse NGO အဖွဲ့အစည်းမှ မြန်မာနိုင်ငံတွင် ရုံးခန်းဖွင့်လှစ် သွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ရုံးခန်းဖွင့်လှစ်ခြင်းဖြင့် ရရှိလာမည့် သတင်းအချက်အလက်များအား မြန်မာပြည်တွင်းခန့်အပ်ထားသည့် မန်နေဂျာ မှ ရုံးချုပ်သို့သတင်းများပေးပိြု့
ယင်းအဖွဲ့အစည်းအနေဖြင့် မြန်မာနိုင်ငံ YMCA ၌ ရုံးခန်းဖွင့်လှစ်ပြီး လူကုန်ကူးခံရမှု နှင့် ပတ်သက်သည့် သတင်းအချက်အလက် များအား ပြည်သူများသိရှိစေရန် ဆောင်ရွက် မှုများပြုလုပ်သွားမည်ဟု ယင်းက ဆိုသည်။
မြန်မာနိုင်ငံအစိုးရအနေဖြင့်လည်
ယင်းက ''ဒီလို အသိပညာပေးတာတွေ ကို ကားဂိတ်တွေ၊ လူစည်ကားတဲ့နေရာတွေ၊ နောက်ဆုံး အနုပညာရှင်တွေရဲ့အားကိုယူပြီး တော့လဲ လုပ်ခဲ့တယ်။ ဒါပေမဲ့ အခုအချိန်ထိ လူ ကုန်ကူးမှုတွေရှိနေသေးတယ်''ဟု ပြောသည်။
မြန်မာနိုင်ငံတွင် လူကုန်ကူးခံရသူများ သည် မိန်းကလေးများနှင့် ကလေးများအများ ဆုံးဖြစ်ပြီး ယောက်ျားလေးများလည်း လူကုန် ကူးခံရကြောင်း ယင်းကဆိုသည်။
United Nations Population Fund (UNFPA) ၏ အစီရင်ခံစာအရ တစ်နှစ်လျှင် အမျိုးသမီးနှင့် ကလေး ၆ဝဝဝဝဝ-၈ဝဝဝဝဝ နယ်စပ်မှ လူကုန်ကူးမှုခံနေရကြောင်း ဖော်ပြ ထားသည်။
Aye Chan Mon# Credit To : Yangon Media Group > ပြန်လည် မျဝေခြင်း ဖြစ်ပါသည်
မိတ်ဆွေ ပိုမို စုံလင်သောသတင်းကို အောက်ပါလင့်တွင်ဝင်ရောက်ဖတ်ရှု
နိုင်ပါသည်--https://www.facebook.com/
Post a Comment