မင်းအောင်ခိုင် ၊ ရန်ကုန်တိုင်းမ် ဂျာနယ် အတွဲ (၁၀) အမှတ် (၁၃)
ရခိုင်ပြည်နယ်တစ်ခုလုံး ကုန်း မြေ၊ရေပြင်ပါမကျန် သာသနာ့အလံ များကို စိုက်ထူကာ သန်းခေါင်စာရင်း ကောက်ခံမှုကို ကန့်ကွက်နေကြကြောင်း ရခိုင်ဒေသခံများထံမှ သိရသည်။
ပြည်လုံးကျွတ်သန်းခေါင် စာ ရင်းကောက်ခံရာတွင် ဘင်္ဂါလီလူမျိုး များကို ရိုဟင်ဂျာအမည်ဖြင့် ထည့် သွင်းကောက်ခံခြင်းမပြုရန် ဆန္ဒပြကန့် ကွက်မှုများရှိခဲ့သော်လည်း အစိုးရ အနေဖြင့် မည်သည့်အကြောင်းပြန် ကြားခြင်းမျှမရှိခဲ့သည့်အတွက် အဆို ပါ သန်းခေါင်စာရင်း ကောက်ခံမှုကို အထက်ပါအတိုင်း သပိတ်မှောက်ခဲ့ ခြင်းဖြစ်သည်။
မတ် ၂၄ရက်မှစတင်ကာ ရခိုင် ပြည်နယ်အတွင်းရှိ နေအိမ်တိုင်းတွင် သာသနာ့အလံများ စိုက်ထူနေကြပြီး ပင်လယ် ရေပြင်နယ်နိမိတ်များတွင် သွားလာနေသည့် စက်လှေ၊ မော်တော် ဘုတ်၊ လောင်းလှေတို့တွင်လည်း သာ သနာ့အလံများကို နေရာအနှံ့လွှင့် ထူကာ သပိတ်မှောက်ပွဲကို စတင်ရန် လုပ်ဆောင်နေကြောင်း စစ်တွေမြို့ မြို့မိမြို့ဖဦးသန်းထွန်းက ပြောသည်။
''နိုင်ငံတော်သမ္မတကြီး ကိုယ်တိုင် က ရိုဟင်ဂျာမရှိပါဘူးဆိုတာ ပြော ထားတဲ့ကြားက လူမျိုးနေရာမှာ သူ တို့ပြောတဲ့အတိုင်း ရိုဟင်ဂျာထည့် ကောက်မယ်ဆိုတော့ လွဲချော်နေမှု တွေဖြစ်နေတယ်။ ဒါကိုအကြောင်း ပြန်ဖို့ တောင်းဆိုတယ်၊ အကြောင်း မပြန်ဘူး။ ဒါနဲ့ အကောက်မခံတော့ ဘူး''ဟု ¤င်းကပြောသည်။
သန်းခေါင်စာရင်းတွင် ရိုဟင် ဂျာအမည်ဖြင့် ထည့်သွင်းကောက်ခံ ပါက သန်းခေါင်စာရင်းကို အသုံးချ ကာ လုပ်ကြံပြောဆိုလာနိုင်ပြီး ရခိုင် လူမျိုးများနှင့် ရခိုင်ဒေသတစ်ခုလုံး ပျောက်ကွယ်သွားနိုင်သည်ဟု ဦးသန်း ထွန်းက ယူဆသည်။
Aye Chan Mon# Credit To : Yangon Media Group > ပြန်လည် မျဝေခြင်း ဖြစ်ပါသည်
မိတ်ဆွေ ပိုမို စုံလင်သောသတင်းကို အောက်ပါလင့်တွင်ဝင်ရောက်ဖတ်ရှု
နိုင်ပါသည်--https://www.facebook.com/
Post a Comment