0

မင်းဟိန်းထက် ၊ ရန်ကုန်တိုင်းမ် ဂျာနယ် အတွဲ (၁၀) အမှတ် (၁၃)

ပြည်ပနိုင်ငံသားခံယူထားသည့် မြန်မာ နိုင်ငံသားများ မြန်မာနိုင်ငံသို့ ပြန်လာချိန်တွင် ပြည်ဝင်ခွင့်ဗီဇာကြေး ပိုမိုကောက်ခံခြင်း မရှိ ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင် အားဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦကျော်ကျော် ဝင်းက ပြောသည်။

အခြားနိုင်ငံသားခံယူထားသည့် မြန်မာ များအပေါ် ဗီဇာကြေး ပိုမိုကောက်ခံနေသည် ဟု သတင်းထွက်ပေါ်နေပြီး အဆိုပါကိစ္စမှာ မှန်ကန်ခြင်း ရှိ၊ မရှိ မလှိုင်မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးအေးမောက်က မတ် ၂၄ ရက်က ပြုလုပ်ခဲ့သည့် ပြည်သူ့လွှတ် တော်အစည်းအဝေးတွင် မေးမြန်းမှုကို ပြန်လည် ဖြေကြားထားခြင်းဖြစ်သည်။
''နိုင်ငံခြားသားခံယူထားသည့် မြန်မာနိုင်ငံ သားဟောင်းများကို အခြားနိုင်ငံသားများအား ကောက်ခံသည့်နည်းတူ တူညီသော သတ်မှတ် ပြည်ဝင်ခွင့်ဗီဇာကြေးကိုသာ ကောက်ခံပါသည်'' ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန် ကြီးဌာနမှ ဒုတိယဝန်ကြီး ဦကျော်ကျော်ဝင်း က ပြောသည်။

မြန်မာနိုင်ငံသို့ အကြောင်းအမျိုးမျိုးကြောင့် လာရောက်လိုသူ နိုင်ငံခြားသားများကို ဗီဇာအ မျိုးအစားခြောက်မျိုးဖြင့် တရားဝင် သတ်မှတ် ထားသည့် ငွေကြေးအတိုင်းကောက်ခံ၍ ဝင်ခွင့် ပြုနေကြောင်း ယင်းက ဆက်ပြောသည်။

ကမ္ဘာလှည့်ဗီဇာအတွက် ဒေါ်လာ ၂ဝ ကောက်ခံပြီး နေထိုင်ခွင့် ၂၈ ရက် ခွင့်ပြုပေး ကြောင်း၊ လုပ်ငန်းဗီဇာအတွက် ၃၆ ဒေါ်လာဖြင့် နေထိုင်ခွင့်ရက် ၇ဝ၊ ပြည်ဝင်ဗီဇာကို ၃၆ ဒေါ် လာဖြင့် ၂၈ ရက်ခွင့်ပြုပေးကြောင်း သိရသည်။
အဆိုပါ ပြည်ဝင်ခွင့်ဗီဇာတွင် အစည်းအ ဝေးနှင့်အလုပ်ရုံဆွေးနွေးပွဲအတွက် ၃၆ ဒေါ်လာ ဖြင့် ၂၈ ရက်၊ သာသနာရေးဆိုင်ရာ ဗီဇာအ တွက် ၃၆ ဒေါ်လာဖြင့် ရက် ၉ဝ၊ ဖြတ်သန်းခွင့် ဗီဇာကို ၁၈ ဒေါ်လာဖြင့် ၂၄ နာရီ သတ်မှတ် ထားသည်။

အကြောင်းအမျိုးမျိုးကြောင့် ပြည်ပနိုင်ငံ ရှိ မြန်မာသံရုံးများတွင် ဗီဇာယူရန် အခက်အခဲ ရှိသူများကို နေပြည်တော်၊ ရန်ကုန်၊ မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ်များတွင် နိုင်ငံပေါင်း ၅၁ နိုင်ငံမှ နိုင်ငံခြားသားများကို ဗီဇာအမျိုးအ စားသုံးမျိုးဖြင့် ကောက်ခံ၍ ဆိုက်ရောက်ဗီဇာ ထုတ်ပေးကြောင်း ယင်းကဆိုသည်။
လုပ်ငန်းဗီဇာအတွက် ဒေါ်လာ ၅ဝ ဖြင့် နေထိုင်ခွင့် ရက် ၇ဝ၊ ပြည်ဝင်ဗီဇာကို ဒေါ်လာ ၄ဝ ဖြင့် ၂၈ ရက်၊ ဖြတ်သန်းခွင့်ဗီဇာကို ဒေါ်လာ ၂ဝ ဖြင့် ၂၄ နာရီ သတ်မှတ်ထားကြောင်း သိ ရသည်။

Aye Chan Mon# Credit To : Yangon Media Group > ပြန်လည် မျဝေခြင်း ဖြစ်ပါသည်
မိတ်ဆွေ ပိုမို စုံလင်သောသတင်းကို အောက်ပါလင့်တွင်ဝင်ရောက်ဖတ်ရှု
နိုင်ပါသည်--https://www.facebook.com/excellencemedia

Post a Comment

 
Top