မင်းဟိန်းထက် ၊ ရန်ကုန်တိုင်းမ် ဂျာနယ် အတွဲ (၁၀) အမှတ် (၁၃)
၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင် ဆင်ရေး ဆန္ဒထုတ်ဖော်ပွဲတစ်ခုကို မတ် ၂၄ ရက် ညနေ ၃ နာရီခန့်က ရန်ကုန်မြို့ သမိုင်းဘူ တာရုံလမ်းမှစတင်၍ လူအင်အား ၈ဝဝ ဝန်း ကျင်ဖြင့် လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့ကြ ကြောင်းသိရသည်။
ဆန္ဒထုတ်ဖော်ပွဲတွင် ၂ဝဝ၈ ဖွဲ့စည်းပုံအ ခြေခံဥပဒေပြင်ဆင်ရေး၊ ပုဒ်မ(၄၃၆)အလို မရှိ၊ ပုဒ်မ ၅၉(ဃ)၊ ၅၉(စ)နှင့် ပုဒ်မ ၆(စ) ဖျက် သိမ်းပေးရေး အစရှိသည့် တောင်းဆိုချက်များ ကိုြေ<ွကးကြော်ခဲ့ကြသည်။
''ဒီမိုကရေစီစံနှုန်းနဲ့ မညီညွတ်တဲ့ ဥပဒေ တွေကို ပြည်သူက လက်မခံနိုင်တဲ့အတွက် ပြင် ဆင်ပေးဖို့ တောင်းဆိုတာပါ''ဟု ဆန္ဒပြပွဲတွင် ဦးဆောင်ပါဝင်သူ ဦးစိန်လှအောင်က ပြော သည်။
ဆန္ဒထုတ်ဖော်ခွင့်ကို သက်ဆိုင်ရာမြို့နယ် ရဲတပ်ဖွဲ့သို့ လူဦးရေ ၅ဝဝဖြင့် ခွင့်ပြုချက်တင်ခဲ့ ပြီး ဆန္ဒပြသူဦးရေ ၃ဝဝ ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။
လမ်းလျှောက်ဆန္ဒထုတ်ဖော်ပွဲကို သမိုင်း ဘူတာရုံလမ်းအနီးရှိ ခုံးကျော်တံတားမှ စတင် ခဲ့ပြီး အလယ်ဗဟိုလမ်း၊ ဦးရေခဲလမ်း၊ အောင် သိဒ္ဓိလမ်း၊ မင်းဓမ္မလမ်းမှတစ်ဆင့် (၆)ရပ်ကွက်၊ တေဇသိဒ္ဓိလမ်း၊ ကျိုက်ဝိုင်းဘုရားလမ်း၊ ကျိုက် ဝိုင်းဘောလုံးကွင်းတွင် အဆုံးသတ်ခဲ့ပြီး အဆို ပါဘောလုံးကွင်းတွင် ၁၉၇၄ ခုနှစ် ဦးသန့်အ ရေးအခင်း ကျောင်းသားခေါင်းဆောင်ဟောင်း ကိုဇော်ငြိမ်းလတ်က ၂ဝဝ၈ ဖွဲ့စည်းပုံပြင်ဆင် ရေးနှင့်ပတ်သက်၍ လူထု ဟောပြောပွဲပြုလုပ် ခဲ့ကြောင်း သိရသည်။
Aye Chan Mon# Credit To :Yangon Media Group > ပြန်လည် မျဝေခြင်း ဖြစ်ပါသည်
မိတ်ဆွေ ပိုမို စုံလင်သောသတင်းကို အောက်ပါလင့်တွင်ဝင်ရောက်ဖတ်ရှု
နိုင်ပါသည်--https://www.facebook.com/
Post a Comment