0

သူသူထက်လွင် ၊ ရန်ကုန်တိုင်းမ် ဂျာနယ် အတွဲ (၁၀) အမှတ် (၁၃)

ပုဂံဒေသသည် ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ရန် မသေချာပါက သမိုင်းအ ထောက်အထားရှိသော အင်းဝ၊ သုဝဏ္ဏ ဘူမိ၊ မြောက်ဦး၊ မန္တလေးနှင့် တောင်ငူမြို့ ထဲမှ မြို့ဟောင်းတစ်မြို့အား ရွေးချယ်၍ ကမ္ဘာ့အမွေအနှစ်စာရင်းတွင် တင်သွင်းသွား မည်ဖြစ်ကြောင်း ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြောသည်။

ယူနက်စကို၏ သဘောတူစာချုပ်များ အရ ပျူသုံးမြို့ကို ကမ္ဘာ့အမွေအနှစ်စာရင်း ဝင်၊ မဝင် ၂ဝ၁၄ ခုနှစ် ဇွန်လ ၂၅ ရက်တွင် ဆုံးဖြတ်မည်ဖြစ်ကာ၂ဝ၁၅ ခုနှစ်အတွက် အမွေအနှစ်မြို့ဟောင်းအဖြစ် ပဏာမစာ ရင်း၊ အဆိုပြုလွှာများတင်သွင်းနိုင်ရန် ဆောင် ရွက်ရမည် ဖြစ်သည်။

''သမိုင်းအရတော့ အထောက်အထား တွေကတော့ ကျင်လည်နေကြတယ်။ ဒါပေ မဲ့ တကယ့်တကယ် ရှေးဟောင်း အထောက် အထားတွေကတော့ ရှာကြံပြီးလုပ်ရမှာ ဖြစ်ပါတယ်။ အင်းဝလိုမျိုး ရောက်ဖူးမှာ ပေါ့။ အဆင်မပြေဖြစ်ရတာ ပုဂံလိုဟာမျိုး ပါ။ သုဝဏ္ဏဘူမိ သထုံလိုမျိုးပေါ့။ အဲဒီမှာ မြို့ဟောင်းတွေလဲရှိနေပြီ။ နောက် မြောက် ဦးပေါ့။ မြောက်ဦးရဲ့ သမိုင်းအစဉ်အလာ က မင်းနေပြည်တော်ဖြစ်နေတော့ အခြား မင်းနေပြည်တော်ရှိတဲ့ သုဝဏ္ဏဘူမိ၊ မြောက် ဦး၊ မန္တလေး၊ အင်းဝ၊ တောင်ငူမြို့တွေ ရှိ တယ်။ ဒါတွေရှိနေတော့ ဒီထဲကမှ ကျွန် တော်တို့က ရွေးချယ်ရတယ်။ ယူနက်စကို က ပုဂံကို တင်စေချင်တယ်။ တည့်တည့် ပဲ မေးလိုက်ပါတယ်။ တို့က ပုဂံကိုတင်ပြီ။ ဘုရားကလဲ ပြုပြင်ပြီးနေပြီ။ ရွှေကလဲ ချ ပြီးနေပြီ။ ပြုပြင်ထားလို့ ရွှေချထားလို့မပေး ရင် နေရင်းထိုင်ရင်း ငါတို့က ပြဿနာဖြစ် ဦးမယ်။ ဒါကြောင့် စဉ်းစားဦးမယ်လို့ ပြော ထားတယ်''ဟု ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်ကြူက ပြော သည်။

အဆိုပါ အမွေအနှစ်စာရင်းတွင် မြန်မာနိုင်ငံ ပုဂံဒေသကို ယူနက်စကိုမှ တင် သွင်းရန် ပြောသော်လည်း ဘာသာရေးကု သိုလ်အဖြစ် ပြန်လည်ပြုပြင်မွမ်းမံထား သော ဘုရားစေတီများရှိသောကြောင့် ကမ္ဘာ့ အမွေအနှစ်စာရင်းဝင်ရန် မသေချာသေး ကြောင်း သိရသည်။

''ပုဂံကို ယူနက်စကိုက တင်ခိုင်းပေ မယ့် အစိုးရက တင်ဖို့ခက်နေတယ်။ ဒုတိယ အကြိမ် ပုဂံကိုထပ်တင်လို့ မပေးတော့ရင် မြန်မာနိုင်ငံက ယူနက်စကိုမှာ Black List ဖြစ်သွားမှာစိုးရတယ်။ ပုဂံက အခုအချိန် မှာ ကမ္ဘာကသိပြီးသား ခရီးသွားတွေလဲ လာ နေကြတယ်။ တကယ်လို့ ပုဂံကိုတင်ပြီး ကမ္ဘာ့ အမွေအနှစ် စာရင်းမဝင်တော့မှ ခရီးသွား တွေ မလာမှာစိုးရတယ်။ အခြားမြို့ဟောင်း တွေကို ခရီးသွားတွေ သိပ်မသွားကြတော့ အမွေအနှစ်စာရင်းမဝင်လဲ အရင်းပဲ။ ဝင် ရင်တော့ အမြတ်ရနိုင်တယ်''ဟု မြန်မာ နိုင်ငံ ရှေးဟောင်းသုတေသနပညာရှင်အ သင်းဥက္ကဋ္ဌ ဦးဝင်းနိုင်က သုံးသပ်သည်။

လက်ရှိအခြေအနေတွင် မြန်မာနိုင်ငံ ၌ သုဝဏ္ဏဘူမိမြို့ဟောင်းအား ပြန်လည် တူးဖော်နေပြီး မြောက်ဦးပြတိုက်ကိုလည်း မြောက်ဦးနန်းတော်ပုံသဏ္ဌာန် ပြန်လည် တည်ဆောက်ခွင့်ရရန် လွှတ်တော်သို့ တင် သွင်းထားကြောင်း သိရသည်။

Aye Chan Mon# Credit To : Yangon Media Group> ပြန်လည် မျဝေခြင်း ဖြစ်ပါသည်
မိတ်ဆွေ ပိုမို စုံလင်သောသတင်းကို အောက်ပါလင့်တွင်ဝင်ရောက်ဖတ်ရှု
နိုင်ပါသည်--https://www.facebook.com/excellencemedia

Post a Comment

 
Top