0


by ရွှေဇီးကွက် in ဆောင်းပါးများ

အောက်တိုဘာလ ၂၄ ရက်နေ့ က သက်တမ်း တိုးဖို့ ပြန်လည် လျှောက်ထား ခဲ့တဲ့ ကျွန်မ နဲ့ ကိုကျော်သူ ရဲ့ Passport တွေကို တစ်လကျော် ကြာပြီး နိုဝင်ဘာလ၂၅ ရက်နေ့ ရက်စွဲ နဲ့ ပြန်လည် ရရှိခဲ့ပါပြီ။ ကျွန်မတို့ ကိုယ် ကျွန်မတို့ အဲဒီလောက် ထင်မထားဘူး။

ကျွန်မတို့က ကျွန်မတို့ ပြည်သူတွေရဲ့ နာရေး ကိစ္စတွေကို အခမဲ့ ကူညီ ဆောင်ရွက်ပေးတယ်။ နာမကျန်းဖြစ်နေတဲ့ အောက်ခြေ လူတန်းစားရဲ့ ကျန်းမာရေးကို ရန်ကုန် မှာရော နယ်မြို့အချို့ (ပြည်၊ ကြို့ပင်ကောက်၊ ပဲခူး၊ ပဲနွယ်ကုန်း) တို့မှာ အခမဲ့ ဆေးခန်းတွေ ဖွင့်ပေးရင်း၊ အချို့အချို့သော ပရဟိတ ဆေးခန်း ကလေးတွေ ကို ဆေးဝါး၊ ငွေကြေး ထောက်ပံ့ပေးရင်း စောင့်ရှောက်ပေးတယ်။ ပညာ ကြိုးစားချင်တဲ့ အခြေခံ လူတန်းစားရဲ့ သားသမီးလေးတွေ ရဲ့ ပညာရေး ကို ထောက်ပံ့သော အားဖြင့် အခမဲ့ သင်တန်းတွေ ဖွင့်လှစ်ပေးတယ်။ အလုပ်အကိုင် ရှာဖွေလိုတဲ့ လူငယ်လေးတွေ အတွက် အလုပ်အကိုင် ရရှိနိုင်တဲ့ သင်တန်းတွေ ဖွင့်လှစ်ပေး တယ်။ ဆေးတက္ကသိုလ်၊ ပညာရေး တက္ကသိုလ် တို့ကို တက်ရောက်ခွင့် ရလို့ တက်ရောက်ချင် သော်လည်း စရိတ်စက မတတ်နိုင်လို့ အခက်အခဲ ဖြစ်နေတဲ့ ကျောင်း သူကျောင်း သားလေးတွေ ရဲ့ အခက်အခဲကို ပညာသင် စရိတ် ချီးမြှင့်ပေး ရင်း ဖြေရှင်းပေးတယ်။ ကျေးလက်နေ ကျောင်းနေက လေးတွေ အားကိုးနေရတဲ့ ‘ဘကကျောင်း’ အချို့က ဆရာမလေးတွေရဲ့ လစာကို ထောက်ပံ့ပေးခြင်း အားဖြင့် ‘ဘကကျောင်း ‘ဖွင့်လှစ်ထားတဲ့ ဆရာတော်တွေ ရဲ့ အခက်အခဲ ကို ကူညီဖြေ ရှင်း ပေး တယ်။ ရေရှားပါးတဲ့ အရပ် ဒေသတွေ မှာ အဝီစိတွင်း၊ ရေငင်တွင်း၊ မိုးရေ လှောင်ကန်တွေ တူးပေးတယ်။ မီးသဂြုင်္ိဟ်စက် လိုအပ်နေတဲ့ အရပ်တွေမှာ မီး သဂြုင်္ိဟ် စက်တွေ ဆောက်လုပ်ပေးတယ်။ အသုဘယာဉ်၊ လူနာတင်ယာဉ် လိုအပ် တဲ့ ပရဟိတ လူမှုရေး အဖွဲ့အ စည်းတွေကို လိုအပ်တာတွေ ကူညီ ပံ့ပိုးပေးတယ်။

စီးပွားရေး အကျပ် အတည်းကြောင့် အခက်အခဲ မျိုးစုံ ရင်ဆိုင်နေရတဲ့ ကျွန်မတို့ မြန်မာလူမျိုး တိုင်းရင်းသားတွေ ရဲ့ ဒုက္ခတွေကို တတ်နိုင်တဲ့ ဘက်က ကူညီ ဖြေရှင်းပေး လိုတဲ့ ဖြေရှင်း ပေးနိုင်တဲ့ လူငယ် ပရဟိတသမားတွေ၊ ပညာတတ် ပရဟိတ သမားတွေ၊ ငွေကြေး ကြွယ်ဝတဲ့ ပရဟိတ သမားတွေ၊ သြဇာ အာဏာ ရှိတဲ့ ပရဟိတ သမားတွေ၊ အလှူရှင်တွေ ပေါ်ထွန်းလာအောင် တတ်နိုင်သမျှ ကိုယ်ကိုယ် တိုင် စံပြ အဖြစ် ရပ်တည် လုပ်ဆောင်ခဲ့တယ်။

တစ်ခု ရှိတာကတော့ ကျွန်မတို့ မှန်တယ်လို့၊ မှားတယ်လို့ ယုံကြည်တာတွေ၊ ထောက်ခံ သင့်တယ်လို့၊ ကန့်ကွက် သင့်တယ်လို့ ယူဆတာတွေ ကိုတော့ ကျွန်မတို့ တိုင်းသူ ပြည်သား အများ မျက်နှာကိုပဲ ငဲ့ပြီး အားမနာတမ်း ထုတ်ဖော် တတ်တယ်။ အများ ပြည်သူ အတွက် မငဲ့တဲ့ သူတွေရဲ့ စည်းရုံး သိမ်းသွင်းခြင်း၊ ခြိမ်းခြောက်ခြင်း တွေကိုလည်း အလေးမမူဘူး။

တကယ်တော့ ကျွန်မတို့က သာမန် ပြည်သူတွေပါပဲ။ ပြည်သူဘက်က ရပ်တည်နေတဲ့ သာမန် ပြည်သူတွေပါဘဲ။ ကျွန်မ တို့ရဲ့ လုပ်ဆောင်ချက် ဒီလောက် လေးတွေ အ တွက်ကြောင့်ပဲ အာဏာ လက်ရှိ အုပ်စိုးသူ လူတန်းစားက တုန်လှုပ် ချောက်ချားပြီး ကျွန်မတို့ရဲ့ နိုင်ငံကူး လက်မှတ်ကို သာမန် ပြည်သူတွေ အားလုံး ကို ပြန် လည် ထုတ်ပေးတဲ့ ၁ဝ ရက် နဲ့ ထုတ်မပေးနိုင်ဘဲ အထပ်ထပ် စိစစ်ပြီး အထက်က ထုတ်ပေး လိုက်ပါလို့ ခွင့်ပြုချက် ရမှ ထုတ်ပေးနိုင်ကြတဲ့ အဖြစ် ကိုကြည့်ပြီး… တစ်ခါက ကိုကျော်သူ နဲ့ ပြင်ဦးလွင် က ကိုကျော်သီဟ တို့ ပြောဖူး တဲ့ ကျွန်တော် တို့နောက်ကို ထောက်လှမ်းရေးတွေ၊ ရဲတွေ မလိုက်တော့ရင် တစ်ခုခု လိုနေသလိုပဲ။ ကိုယ်က အရေး မပါတော့သလို၊ VIP မဟုတ်တော့သလို ဘဲ ခံစားရတယ် ဆိုတာကို သွားသတိရတယ်။

မြန်မာနိုင်ငံကူး လက်မှတ် ထုတ်ပေးရေး အဖွဲ့ရုံး (ရန်ကုန်) က ဌာနခွဲမှူးနဲ့ နေပြည်တော်က မြန်မာနိုင်ငံကူး လက်မှတ် ထုတ်ပေးရေး ဥက္ကဋ္ဌ ရုံးအဖွဲ့မှူး တို့ တာဝန် လွှဲချ ဘော်လီဘော ပုတ်ကြတဲ့ ပွဲမှာ ကျွန်မတို့ ကိုယ်စား စည်းမျဉ်းမူ ဘောင်အတွင်း ကနေ သန့်သန့်ရှင်းရှင်း ခိုင်ခိုင်မာမာ နဲ့ လှလှပပကလေး ဝင် ကစား ပေး သွားတဲ့ သူကို…လည်း ဂုဏ်ယူစွာ ကျေးဇူးတင်ပါတယ်။

ရွှေဇီးကွက်

အေးချမ်းမွန် Credit To >Sa Maung< Thankhttps://www.facebook.com/excellencemedia

Post a Comment

 
Top