0


Posted by AF in ဆောင်းပါးများ

၁၉၄၁ ခုနှစ် ဧပြီလဆန်းက ရန် ကုန်ဆိပ်ကမ်းတစ်နေရာတွင် ဂျပန် ဆန်တင် ကုန်သင်္ဘောကြီး တစ်စင်း၏ ဧရာခေါ် ဝမ်းဗိုက်ကြီးတစ်ခုအတွင်း၌ မြန်မာလူငယ် ခုနစ်ဦး သည် ဂျပန်သို့ တိတ်တဆိတ် လိုက်ပါရန် ရောက်ရှိနေ ကြလေသည်။ သူတို့အသက်များမှာ ၂ဝ ဝန်းကျင်ခန့်သာရှိပြီး မောင်အောင်သိန်း ခေါ် လူငယ်လေးမှာ အသက် ၁၉ နှစ် နှင့် ၂ လသာ ရှိသေးသည့် လူငယ်လေး တစ်ဦး ဖြစ်လေသည်။

ထိုလူငယ်လေး ခုနစ်ဦးမှာ ဆန် တင်သင်္ဘောကြီးထဲတွင် ပူလောင်အိုက် စပ်လွန်းလှသည့်အပြင်သင်္ဘောကြမ်းပြင် ကလည်းပူ၊နံရံသံပြားတွေကလည်း ပူလှ သည်ကြောင့်
မောင်သန်းတင်ဆိုသူ လူ ငယ်လေးမှာမူးမေ့လဲကျသည်အထိ အပူ ဒဏ်ကို ခံစားရလေသည်။ဤမျှ ပင်ပန်းဆင်းရဲလှသည့် ဒုက္ခ ကို ၂ ရက်ကျော် ခံစားကြရပြီးနောက် ၁၉၄၁ ခုနှစ် ဧပြီလ ၁၃ ရက်မှာတော့ ဂျပန် ဆန်တင်သင်္ဘောကြီးမှာ ရန်ကုန် ဆိပ်ကမ်းမှ ခွာလေတော့သည်။ လူငယ် လေး ခုနစ်ဦးသည်လည်း ပူလွန်းသဖြင့် ဘောင်း ဘီတို၊ အပေါ်ဗလာဖြင့် နေရာမှ တစ်ဦးနှင့်တစ်ဦး သင်္ကြန်အထိမ်းအမှတ် ရေပက်ဆော့ကစားရင်း သူတို့ခရီးစဉ် အောင်မြင်မှုကို အထိမ်းအမှတ်ပြု လိုက် ကြသည်။

ထိုလူငယ်ခုနစ်ဦးအနက် အငယ် ဆုံး မောင်အောင်သိန်းမှာ နောင်တစ် ချိန်တွင် ဗိုလ်ရဲထွဋ်အမည်ဖြင့် ရဲဘော် သုံးကျိပ်ဝင်တစ်ဦးအဖြစ် သမိုင်းဝင်မည့် လူငယ် ဖြစ်လေ သည်။ မောင်အောင်သိန်းကို ၁၉၂၂ ခု နှစ်ဖေဖော်ဝါရီလ ၂၅ ရက်တွင် ရန်ကုန် မြို့ တာမွေကလေးအရပ်၌ ဦးဘိုးလွင် နှင့်ဒေါ်စောရှင် တို့မှ မွေးဖွားခဲ့လေသည်။ ငယ်စဉ်က ရန်ကုန်မြို့ ကန်တော်ကလေး မြူနီစီပါယ်ကျောင်းတွင် ပညာသင်ကြား ခဲ့ပြီး ယင်းကျောင်းမှပင်ဆယ်တန်းအောင် လေသည်။ ဆယ်တန်းအောင်ပြီးနောက် အထက် တန်း ဆရာဖြစ် သင်တန်းကို ဆက်လက်အောင်မြင်ခဲ့ပြီး ၁၉၃၆-၃၇ တွင် ဦးမောင်ကြီး၏ ရဲတပ်၌ ပါဝင်ခဲ့ သည်။

မောင်အောင်သိန်းသည် ၁၉၃၈ ကျောင်းသားသပိတ်တွင် မြူနီစီပါယ် ကျောင်းကျောင်းသားသပိတ်ခေါင်းဆောင် အဖြစ် ပါဝင်ခဲ့ပြီး ၁၉၃၉-၄ဝတွင် ထို ကျောင်း ၏ ကျောင်းသားများ သမဂ္ဂ ဥက္ကဋ္ဌ ဖြစ်လာခဲ့သည်။ သူကား အသက် ၁၈နှစ်သားအရွယ်မှာပင် နိုင်ငံလွတ်လပ် ရေး၊ နယ်ချဲ့ဆန့်ကျင်ရေးတပ်ဦး၌ ထိပ် ဆုံးမှပါဝင်လာနိုင် ခဲ့သူလည်း ဖြစ်သည်။

အမျိုးသားနိုင်ငံရေးစတင်ခြင်း

ကျောင်းသားခေါင်းဆောင် ကို အောင်သိန်းသည် နယ်ချဲ့ဆန့်ကျင်ရေး နှင့် အမျိုးသားလွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်ရန် ဂျပန် စစ်ပညာတော် သင် ရဲဘော်သုံးကျိပ် ဝင် အဖြစ် ရွေး ချယ်ခံခဲ့ရပြီးနောက် အထက်ဖော်ပြ ပါအတိုင်း ဆန်သင်္ဘောကြီးဖြင့် ဂျပန် စစ်ပညာသင်ရန် ဒုတိယအသုတ်တွင် လိုက်ပါခဲ့ခြင်း ဖြစ်လေ သည်။ရဲဘော် သုံးကျိပ်ကို ဦးဆောင်သူမှာ သခင်အောင်ဆန်းဖြစ်ပြီး အသက် ၂၆ နှစ်သာ ရှိသေးသည့် လူငယ်တစ်ဦးဖြစ် သည်။ ရဲဘော်သုံးကျိပ်တွင် အသက် အကြီးဆုံးမှာ သခင် ရှုမောင် (ဗိုလ်နေ ဝင်း) ဖြစ်ပြီး ဂျပန်သို့ ထွက်ခွာစဉ်က အသက် ၃၁ နှစ်ဖြစ်သည်။ အငယ်ဆုံး မှာ ကိုအောင်သိန်း (ဗိုလ်ရဲထွဋ်) ဖြစ်ပြီး အသက် ၁၉ နှစ်ကျော်ရုံသာ ရှိသည်။

ရဲဘော်သုံးကျိပ်တို့ ဂျပန်တွင် စစ် ပညာသင်ကြားပြီးနောက် ၁၉၄၁ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်တွင် ထိုင်းနိုင်ငံ ဘန် ကောက်မြို့၌ လက်မောင်းသွေးဖောက် သစ္စာပြုကာ ဗမာ့ လွတ်လပ်ရေးတပ် မတော်(ဘီအိုင်အေ)ကို စတင်ထူထောင် ခဲ့သည်။ ၁၉၄၁ ခုနှစ် ဒီဇင်ဘာ ၃၁ ရက် တွင် ရဲဘော်သုံးကျိပ် အဖွဲ့ဝင်တို့ ဗိုလ် အမည်ခံယူကြရာ အသက် အငယ်ဆုံး မောင်အောင်သိန်းမှာလည်း သမိုင်းထဲ က လူငယ်သူရဲကောင်း ရှင်ရဲထွဋ်အမည် ကိုယူကာဗိုလ်ရဲထွဋ်ဖြစ်လာခဲ့လေသည်။

ဂျပန်တွင် စစ်ပညာသင်ကြားစဉ် က ဗိုလ်ရဲထွဋ်၏ ဂျပန်အမည်မှာ ဟာယာရှီ (Hayashi) ဖြစ်ပြီး မြန်မာဘာသာ ဖြင့်သစ်သားဟု အဓိပ္ပာယ်ရလေသည်။ဗိုလ်ရဲထွဋ်သည် ဘီအိုင်အေ စစ်ဌာနချုပ်နှင့် မော်လမြိုင်စစ်ကြောင်း ဖြင့် မြန်မာနိုင်ငံတွင်း ချီတက်ကာ ဗြိ တိသျှတို့ကို တိုက်ခိုက်ခဲ့ပြီး လှိုင်းဘွဲ့မြို့ သိမ်းတိုက်ပွဲနှင့် ကတိုင်ကတိတိုက်ပွဲ တို့၌ ရွပ်ရွပ်ချွံချွံပါဝင်တိုက်ခိုက်ခဲ့သည်။ ၁၉၄၂ ဧပြီလတွင် ဘီအိုင်အေ တပ်မဟာ (၃) တပ်မှူး၊ ၁၉၄၂ ဇူလိုင် ၂၇ တွင် ဘီအိုင်အေကို ဖျက်သိမ်းပြီး ဘီဒီအေထူထောင်သောအခါ ဘီဒီအေ တပ်ရင်း (၁) တပ်ရင်းမှူး၊ ၁၉၄၄-၄၅ တွင် ဘီဒီအေတပ်ရင်း (၅) တပ်ရင်းမှူး၊ စစ်ဦးစီးဌာနချုပ် အထွေထွေ ဌာနကြီး မှူးတာဝန်များ ထမ်းဆောင်ခဲ့ သည်။ဖက် ဆစ်ဂျပန်တော်လှန်ရေး ကာလတွင် တိုင်း ၆ (မိတ္ထီလာ၊ ပျဉ်းမနား၊ တောင်ငူနှင့် တောင်ပိုင်း ရှမ်းပြည်) တိုင်းမှူးအဖြစ် တာဝန်ယူခဲ့ပြီး ဖက် ဆစ်တို့ကို တော်လှန်တိုက်ခိုက်လေ သည်။

၁၉၄၆-၄၇ တွင် ဗမာ့တပ်မတော် တပ်ရင်း ၅ ၏တပ်ခွဲမှူးအဖြစ် ဆောင် ရွက်ခဲ့ပြီး မြန်မာနိုင်ငံ လွတ်လပ်ရေး ရသောအခါ အမှတ် (၃) ဗမာ့သေနတ် ကိုင် တပ်ရင်းတွင် တပ်ခွဲမှူးနှင့်တပ်ရင်း မှူးတာဝန်များ ထမ်းဆောင်ခဲ့သည်။ ၁၉၄၈ ခုနှစ် ဇူလိုင် ၁၆ ရက်တွင် ဖွဲ့စည်းသော လက်ဝဲညီညွတ်ရေး ကောင်စီတွင် အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့ပြီး ၁၉၄၈ ခုနှစ် သြဂုတ် ၁ဝ ရက်တွင် ဗမာ့ တပ်မတော်တပ်ရင်း (၃)ကို ဦးဆောင်၍ တောခိုခဲ့သည်။ ၁၉၄၈-၅ဝ တွင် တော် လှန်သော ဗမာ့တပ်မတော်၏ ဒုတိယ ခေါင်းေ ဆာင်၊ ၁၉၄၉ မတ် ၂၄ တွင် ပြည်မြို့၌ ဗမာပြည်ကွန်မြူနစ် ပါတီ၊ ပြည်သူ့ရဲဘော် (ဖြူ)နှင့် တော်လှန်သော ဗမာ့တပ်မတော်တို့ ပူးပေါင်း၍ ပြည်သူ့ ဒီမိုကရေစီတပ်ပေါင်းစု ဖွဲ့စည်းရာတွင် ပါဝင်ခဲ့သည်။

၁၉၅ဝ တွင် တပ်ပေါင်းစုပြိုကွဲ ပြီးနောက် ၁၉၅၁ မှ ၁၉၆၃ အထိ ဗမာ ပြည် ကွန်မြူနစ်ပါတီ ပြည်သူ့တော်လှန် ရေး စစ်ကောင်စီတွင် အတွင်းရေးမှူး အဖြစ်လည်းကောင်း၊ အမျိုးသားဒီမိုက ရေစီညီညွတ်ရေးတပ်ပေါင်းစု (မဒညတ) တွင် ဗကပကိုယ်စားလှယ်၊ ဗကပအရံ ဗဟိုကော်မတီဝင်အဖြစ် တာဝန်ယူခဲ့ သည်။၁၉၆၃ ခုနှစ် မေလ ၂၁ ရက်နေ့ ညနေပိုင်းက အနက်ရောင်ဆင်တူ ကား လေးနှစ်စီးသည် ပြည်လမ်းအတိုင်း တောင်မှ မြောက်သို့ မောင်းနှင်လာခဲ့ပြီး မြန်မာ့အသံဝင်းအတွင်းသို့ ချိုးဝင် လိုက် လေ သည်။ ထိုကားလေး နှစ်စီးထဲမှ ရှပ် ဖြူလက်ရှည်၊ ချည်လုံချည်ဝတ် ပုဂ္ဂိုလ် သုံးဦး ဆင်းလာခဲ့သည်။

ထိုပုဂ္ဂိုလ်သုံးဦးအနက် တစ်ဦးမှာ ၁၉၄၈ ခုနှစ်က ဘားမားရိုင်ဖယ်တပ်ရင်း (၃) တွင် တပ်ရင်းမှူး (ဒုဗိုလ်မှူးကြီး) အဆင့်ဖြင့် အလံဖြူ ကွန်မြူနစ်ပါတီ များ တောခိုရာသို့ လိုက်ပါခဲ့သူ၊ ရဲဘော် သုံးကျိပ်ဝင် ဗိုလ်ရဲထွဋ် ဖြစ်လေသည်။ ဒုတိယတစ်ဦးမှာ ဘားမား ရိုင်ဖယ်တပ် ရင်း(၁)မှဗိုလ်မှူး (ဒု-တပ်ရင်းမှူး) ဗိုလ် စိန်တင် (တောခို)နှင့် တတိ ယတစ်ဦးမှာ ဘားမားရိုင်ဖယ်တပ်ရင်း (၆) တပ်ခွဲမှူး ဗိုလ်ရဲမောင် (တောခို) ဖြစ် လေသည်။၎င်းတို့သုံးဦးသည် တော်လှန်ရေး ကောင်စီအစိုးရ၏ အထွေေ ထွ လွတ်ငြိမ်း ချမ်းသာခွင့် အမိန့်ကို ၁၉၆၃ ခုနှစ် ဧပြီ လ ၁ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ပြီး နောက်ပိုင်း မေလ ၂၁ ရက်တွင် လက် နက်ချ၍ အလင်းဝင်ရောက် ခဲ့ခြင်း လည်း ဖြစ်လေသည်။ ၎င်းတို့ သုံးဦးသည် မြန်မာ့အသံမှနေ၍ တိုင်းပြည်သို့ ဘာကြောင့် လက်နက်ချအလင်းဝင်ရောက် ရသည်ကို အသံလွှင့်ပြောဆိုခဲ့လေသည်။ အစိုးရ သည် တောတွင်း လက်နက်ကိုင် အင်အားစုများကို ဥပဒေဘောင်တွင်း သို့ဖိတ်ခေါ်၍စိတ်သစ်လူသစ်ဖြင့် နိုင်ငံ ထူထောင်ရေးလုပ်ငန်းများကို လုပ်ကိုင် နိုင်ရန် ထုတ်ပြန် ရခြင်းဖြစ်ကြောင်းလည်း ဗိုလ်ချုပ်ကြီးနေဝင်းက ပြောကြားခဲ့သေး သည်။ ထိုကြေညာချက်အရအကျဉ်း သား ၁၂ဝဝဝ ခန့် လွတ်မြောက်ခဲ့သည်။

ဗိုလ်ရဲထွဋ် ဦးဆောင်သော တော တွင်း ကွန်မြူနစ်ပါတီ ထိပ်သီးစစ်ရေး ခေါင်းဆောင်သုံးဦးတို့က မြန်မာ့အသံမှ နေ၍ လက်နက်ချ အလင်း ဝင် ကြောင်း ကြေ ညာခဲ့ပြီးေ နာက် ဇွန်လ ၁၁ ရက်ည ၇ နာရီခွဲတွင် တော်လှန် ရေးကောင်စီ အစိုးရက တောတွင်း လက်နက်ကိုင်အဖွဲ့အစည်း အားလုံးသို့ တော် လှန်ရေး ကောင်စီ၏ ကမ်းလှမ်းချက်ကို ထုတ်ပြန် ခဲ့လေသည်။ ဆိုရလျှင် ၁၉၆၃ ခုနှစ် တစ်နှစ် လုံးသည် မြန်မာနိုင်ငံ အတွက် ငြိမ်းချမ်း ရေး ခေါ်သံများ၊ ကမ်းလှမ်းချက် များဖြင့် ပြည့်လျှမ်းခဲ့သော်လည်း စစ် မှန်သော ငြိမ်းချမ်းရေးကိုမူ ယနေ့ထက်ထိလည်း မရသေးဟု ပြောရမည် ဖြစ်ပါသည်။

ဗိုလ်ရဲထွဋ်သည် မေလ ၂၁ ရက် တွင် ဥပဒေဘောင်အတွင်း ပြန်လည် ဝင်ရောက်ခဲ့ပြီးနောက် မြန်မာ့ဆိုရှယ် လစ် လမ်းစဉ်ပါတီသို့ ဝင်ရောက်၍ နိုင်ငံရေးတွင် ပါဝင်ဆောင် ရွက်ခဲ့သည်။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီတွင် လူထုရေးရာ ကော်မတီအဖွဲ့ဝင်၊ ၁၉၆၄ ခုနှစ် မတ်လ ၂ ရက်တွင် တော်လှန်ရေး ကောင်စီ၏ အကြံပေး အဖွဲ့ဝင်၊ ဗဟို ရေးရာဌာနကြီး၏ အတွင်းရေးမှူး၊ ၁၉၇၂ ခုနှစ် အောက်တိုဘာ ၉ ရက် တွင် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ဌာနချုပ်၊ သမဝါယမစိုက် ပျိုးမွေးမြူရေး နှင့် သစ်တောေ ရးရာ ကော်မတီတွင်အတွင်းရေးမှူး တာဝန်ထမ်းဆောင်ခဲ့ သည်။ ၁၉၇၃-၇၄ ခုနှစ်တွင် မြန်မာ့ဆို ရှယ်လစ် လမ်းစဉ်ပါတီ သန့်ရှင်းရေး လုပ်ရာတွင် ပါသွားပြီး ပါတီပြင် ပရောက် ခဲ့တော့သည်။

ဗိုလ်ရဲထွဋ်သည် ၁၉၆၄ ခုနှစ်မှ ၁၉၇၇ ခုနှစ်အထိ လွတ်လပ်ရေးမော် ကွန်းကော်မတီအဖွဲ့ဝင်၊ ၁၉၈၈ ခုနှစ် နိုဝင်ဘာ ၁၇ ရက်တွင် မျိုးချစ်ရဲဘော် ဟောင်းများ အဖွဲ့ နာယက အဖြစ် ဆောင်ရွက်ခဲ့ပြီး ၁၉၉ဝ ပြည့်နှစ် ဒီဇင် ဘာ ၃ ရက်တွင် မျိုးချစ်ရဲဘော်ဟောင်း များအဖွဲ့မှ နုတ်ထွက်ခဲ့သည်။ ဗိုလ်ရဲ ထွဋ်သည် ၁၉၈၈ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်က ကွယ်လွန်ခဲ့သော အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ၏ ဇနီး ဒေါ်ခင်ကြည် ဈာပနကော်မတီ ဒုတိယဥက္ကဋ္ဌအဖြစ်လည်း ဆောင်ရွက် ခဲ့သည်။

ဗိုလ်ရဲထွဋ်သည် သူ့ဘဝတစ် လျှောက် နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုး သားလွတ်မြောက်ရေး တိုက်ပွဲများနှင့် နိုင်ငံတော်သစ် တည်ဆောက်ရေးလုပ် ငန်းများတွင် အသက်အရွယ်ကြီးရင့် သည်အထိ ဆောင်ရွက်ခဲ့သူဖြစ်သည်။ ငြိမ်းချမ်းရေးလိုလားသူ တစ်ဦးလည်း ဖြစ်သည့်အလျောက် ၁၉၆၃ ခုနှစ် မေလ ၂၁ ရက်မှစ၍ ဥပဒေဘောင် အတွင်း ဝင်ရောက်ခဲ့ပြီး နိုင်ငံတော် တည် ဆောက်ရေးကဏ္ဍများတွင် ပါဝင် ခဲ့သူ ဖြစ်လေသည်။ ၁၉၉ဝ ပြည့်နှစ်တွင် မျိုး ချစ်ရဲဘော်ဟောင်းများအဖွဲ့မှ နုတ် ထွက် ခဲ့ပြီးနောက်ပိုင်း မိသားစုများနှင့် အတူ အေးချမ်းစွာ နေထိုင်ခဲ့ပြီး ၂ဝ၁၃ ခုနှစ် နိုဝင်ဘာလ ၂၇ ရက် ည ၉ နာရီ မိနစ် ၂ဝ တွင် ကွယ်လွန်ခဲ့သည်။ ကွယ် လွန်ချိန်တွင် အသက် ၉၂ နှစ်ရှိပြီဖြစ် သည်။ ဗိုလ်ရဲထွဋ်သည် တစ်ချိန်က မြန်မာ့လွတ်လပ်ရေးအတွက် တပ်မ တော်ကို အုတ်မြစ်ချထူထောင်ခဲ့သည့် ရဲဘော်သုံးကျိပ် ၏ နောက်ဆုံး ရဲဘော် ကြီးဖြစ်သလို ငြိမ်းချမ်းရေးကို မြတ်နိုးခဲ့ သူလည်းဖြစ်သည်။ လွန်ခဲ့သော အနှစ် ၅ဝ က ငြိမ်းချမ်းရေးအတွက် လက်နက် နှင့် လဲလှယ်ခဲ့သော်လည်း ကွယ်လွန်ချိန် အထိ စစ်မှန်သော ငြိမ်းချမ်းရေးကိုမူ တွေ့မြင်ခွင့် မရခဲ့ပါချေ။

သိန်းအေး
ရည်ညွှန်း
(၁) ရဲဘော်သုံးကျိပ် (ကျော်ငြိမ်း)
(၂) ဆိုင်းစုမှသည် မန်ဟိုင်းဆီသို့ (ရဲ ဘော်သုံးကျိပ်ဝင် ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော)
(၃) မြန်မာ့နိုင်ငံရေး လေ့လာဆန်းစစ် ချက် (ကျော်ဝင်း)
(၄) ရှေ့သို့စာစောင် (အတွဲ ၃၊ အမှတ် ၂၊ ၁-၆-၆၃)

အေးချမ်းမွန် Credit To >Popular Journal < Thankhttps://www.facebook.com/excellencemedia

Post a Comment

 
Top