0

မောင်တော၊ ဒီဇင်ဘာ ၃

ရခိုင်ပြည်နယ်က တင်သွင်းသည့် ဆန်နှင့် စားသောက်ကုန် ပစ္စည်းများသည် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ တင်သွင်းခွင့်မရဘဲ အဆိုပါနိုင်ငံ တက္ကနာကုန်သွယ်ရေး ဆိပ်ကမ်းတွင် ရက်သတ္တ တစ်ပတ်ကျော်ကြာ သောင်တင်နေကြောင်း တက္ကနာ ကုန်သွယ်ရေး ဆိပ်ကမ်းမှ ကုန်သည်များက ပြောကြားသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် လာမည့် ဇန်နဝါရီလတွင် ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲနှင့် ပတ်သက်၍ အာဏာရ ပါတီနှင့် အတိုက်အခံများကြား ပြဿနာများ ဖြစ်ပွားကာ ဆန္ဒပြမှု၊ အကြမ်းဖက်မှုများ ဖြစ်ပွားနေသဖြင့် လမ်းများ ပိတ်ဆို့နေသောကြောင့် ဆိပ်ကမ်းတွင် သောင်တင်နေခြင်း ဖြစ်ကြောင်း တက္ကနာဆိပ်ကမ်း ကုန်သည် များထံမှ သိရှိရသည်။

ဆန်အိတ် ၁၇၀၀ ပါ စက်တပ်ရေယာဉ် တစ်စင်း အပါအဝင် ငါးခြောက်၊ ကွမ်းသီး စသည့် စားသောက်ကုန်များ ပါဝင်သည့် စက်တပ်ရေယာဉ် ငါးစင်း သောင်တင်နေခဲ့ခြင်း ဖြစ်ပြီး ယင်းအနက် ဒီဇင်ဘာလ ၂ ရက်နေ့တွင် ဆန်အိတ်များ ဆိပ်ကမ်းသို့ တင်သွင်းခွင့်ရကြောင်း၊ ကျန်စက်တပ် ရေယာဉ်လေးစင်းမှ ကုန်ပစ္စည်းများကို ဒီဇင်ဘာလ ၃ ရက်နေ့အထိ တင်သွင်းခွင့် မရသေးကြောင်း ဘင်္ဂလားဒေ့ရှ်ရောက် ငါးကုန်သည် ဦးလှမောင်က ဆိုသည်။

လွန်ခဲ့သော ရက်ပိုင်းက စတင်ခဲ့သည့် နိုင်ငံလုံးကျွတ် သပိတ်များကြောင့် လမ်းများ ပိတ်လျက်ရှိရာ ဘင်္ဂလားဒေ့ရှ် နိုင်ငံတကာ ကုန်သွယ်ရေး ဆိပ်ကမ်းဖြစ်သော စစ်တကောင်း ကုန်သွယ်ရေးဆိပ်ကမ်း အပါအဝင် ဆိပ်ကမ်း ၁၆ ခုမှ ကုန်များကို မတင်သွင်းနိုင်ဘဲ ဆိပ်ကမ်း၌ မက်ထရစ် တန်ချိန် ၄၆၀၀၀ ရှိ ကုန်ပစ္စည်းများ လှောင်ပိတ်နေကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ သတင်းများတွင် ဖော်ပြသည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် နိုင်ငံအဝန်း ဆန္ဒပြသူများကြောင့် ပိတ်ဆို့နေပြီး သပိတ်မှောက်သူ များက ရက်သတ္တ တစ်ပတ်လျှင် သောကြာနေ့ တစ်ရက်သာ လမ်းဖွင့်ပေးကြောင်း ကုန်သည်များထံမှ သိရှိရသည်။

(ခင်မောင်အေး)

အေးချမ်းမွန် Credit To >The Voice Weekly < Thankhttps://www.facebook.com/excellencemedia

Post a Comment

 
Top