0


ဘန်ကောက်၊ ဒီဇင်ဘာ ၂

အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသမားများ၏ နုတ်ထွက်ပေးရန် တောင်းဆိုမှုကို ထိုင်းဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ်က ပယ်ချလိုက်သည်ဟု BBC သတင်းဌာနတွင် ဖော်ပြထားသည်။

နုတ်ထွက်ပေးရန် တောင်းဆိုနေမှု များကို ထိုင်းနိုင်ငံ အခြေခံဥပဒေအရ လိုက်လျောရန် မဖြစ်နိုင်သော်လည်း ၎င်းအနေနှင့် အစိုးရ ဆန့်ကျင်ရေးသမားများနှင့် ဆွေးနွေးညှိနှိုင်းရန် အသင့်ရှိနေ ဆဲ ဖြစ်ကြောင်း ဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ်က ပြောကြားသည်။

ဒီဇင်ဘာလ ၁ ရက်နေ့တွင် အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသမားများက ဝန်ကြီးချုပ်ရုံးကို ဝင်ရောက် စီးနင်းရန် ကြိုးစားခဲ့သဖြင့် ထိုင်းနိုင်ငံ၏ မြို့တော်ဖြစ်သော ဘန်ကောက်မြို့တွင် အဓိကရုဏ်းများ ထပ်မံဖြစ်ပွားခဲ့ရသည်။
“ပြည်သူတွေ ပျော်ရွှင်မယ်ဆိုရင် ကျွန်မလုပ်ပေးနိုင်တာ ဘာမဆို လုပ်ပေးဖို့ ဆန္ဒရှိပါတယ်။ ဒါပေမဲ့ ဝန်ကြီးချုပ် တစ်ယောက်အနေနဲ့ ကျွန်မလုပ်တဲ့ အလုပ်ဟာ အခြေခံဥပဒေနဲ့ ညီတဲ့အလုပ်သာ ဖြစ်ရပါမယ်” ဟု ဝန်ကြီးချုပ် ယင်းလပ်က ပြောကြားသည်။

အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသမားများ၏ ခေါင်းဆောင်နှင့် အတိုက်အခံ နိုင်ငံရေးသမားဟောင်း တစ်ယောက်ဖြစ်သော ဆူထေ့သောင်ဆူဘန်က နှစ်ရက်အတွင်း မစ္စယင်းလပ် နုတ်ထွက်ပေးရမည်ဟု နိုဝင်ဘာလ ၃၀ ရက်နေ့က တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

အစိုးရ ဆန့်ကျင်ရေးသမားများက ဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ် ဦးဆောင်သော အစိုးရအဖွဲ့သည် မစ္စယင်းလပ်၏ အစ်ကိုဖြစ်သော အထုတ်ပယ်ခံခဲ့ရသည့် ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်၏ ထိန်းချုပ်မှုကို ခံနေရသည်ဟု စွပ်စွဲထားပြီး လက်ရှိ အစိုးရအဖွဲ့နေရာတွင် ရွေးကောက်ခံ မဟုတ်သော ပြည်သူ့ကောင်စီ တစ်ခုနှင့် အစားထိုးရန် ဆန္ဒရှိနေသည်။

နိုဝင်ဘာလ ၂၄ ရက်နေ့က စတင်ခဲ့သော ဆန္ဒပြပွဲများသည် အစပိုင်းတွင် ငြိမ်းငြိမ်းချမ်းချမ်း ရှိခဲ့သော်လည်း နိုဝင်ဘာလ ၂၉ ရက်နေ့တွင်မူ အကြမ်းဖက်သည့် အခြေအနေသို့ ရောက်ရှိသွားခဲ့သည်။

ရုံးပိတ်ရက်ဖြစ်သော နိုဝင်ဘာလ ၂၉ ရက်နေ့ နှင့် ၃၀ ရက်နေ့တို့တွင် အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသမားများသည် ဝန်ကြီးချုပ်ရုံး အပါအဝင် အစိုးရရုံးများကို ဝင်ရောက် စီးနင်းရန် ကြိုးစားခဲ့သဖြင့် ရဲတပ်ဖွဲ့ဝင်များက မျက်ရည်ယိုဗုံးများ၊ မီးသတ်ပိုက်များ အသုံးပြုပြီး လူစုခွဲခဲ့ရသည်။

ဒီဇင်ဘာလ ၂ ရက်နေ့တွင် ဆန္ဒပြသူများသည် လမ်းမများထက်သို့ ပြန်လည် ရောက်ရှိ လာခဲ့သော်လည်း ဆန္ဒပြသူ အရေအတွက်မှာမူ ယခင်ကထက် လျော့နည်းသွားခဲ့သည်။

သို့ရာတွင် ဆန္ဒပြသမားများ၏ အပြုအမူများမှာ ယခင်ကထက် ပိုမိုဆိုးရွားလာပြီး လူငယ်အဖွဲ့များက ရဲများကို ရန်စခြင်း၊ ရဲကားတစ်စီးကို ဖျက်ဆီးခြင်းတို့ကို ပြုလုပ်ခဲ့သည်ဟု ဘန်ကောက်မြို့မှ BBC သတင်းထောက်တစ်ဦး၏ သတင်းပေးပို့ချက်အရ သိရသည်။

ဆန္ဒပြမှုများနှင့် အဓိကရုဏ်း များကြောင့် လုံခြုံရေး အခြေအနေ စိုးရိမ်ရသဖြင့် ဘန်ကောက်မြို့ရှိ ကျောင်းပေါင်း ၆၀ ပိတ်ထားရသည့်အပြင် ကုလသမဂ္ဂ ရုံးချုပ်ကိုလည်း ပိတ်ထားရသည်။

အေးချမ်းမွန် Credit To > The Voice Weekly < Thankhttps://www.facebook.com/excellencemedia
12

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top