0


ရန်ကုန်၊ နိုဝင်ဘာ ၂၇

(၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ SEA Games အမီ နေပြည်တော် ဒက္ခိဏသီရိနှင့် ဥတ္တရသီရိ ဟိုတယ်ဇုန်တို့၌ ဟိုတယ်သစ် ငါးလုံးကို နိုဝင်ဘာ ၂၇ ရက်နေ့တွင် ထပ်မံဖွင့်လှစ်ခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာန သတင်းအချက်အလက်နှင့် မှတ်တမ်းဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ဖွင့်လှစ်လိုက်သော ဟိုတယ်များမှာ ဒက္ခိဏသီရိ ဟိုတယ်ဇုန်ရှိ မင်္ဂလာသီရိ ဟိုတယ်၊ Excel Capital ဟိုတယ်၊ မန်းမြန်မာဟိုတယ်၊ နယူးဧရာဟိုတယ်နှင့် ဥတ္တရသီရိ ဟိုတယ်ဇုန်ရှိ Jade City ဟိုတယ်တို့ ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
“ဒီနေ့ ရုံးပိတ်ရက်ဖြစ်တော့ အခန်းအရေအတွက် ဘယ်လောက်လဲဆိုတာ မသိနိုင်ဘူး” ဟု ၎င်းကဆိုသည်။

နိုဝင်ဘာလ ၂၅ ရက်နေ့ကလည်း ဒက္ခိဏသီရိ ဟိုတယ်ဇုန်တွင် အိပ်ခန်း ၁၅၄ ခန်း ပါဝင်သော မြနန်းယုံ ဟိုတယ်၊ အိပ်ခန်း ၂၅ ခန်း ပါဝင်သော ဟိုတယ် ACE၊ အိပ်ခန်း ၄၆ ခန်း ပါဝင်သော သူရဇ္ဇဟိုတယ်၊ ဥတ္တရသီရိ ဟိုတယ်ဇုန်တွင် အိပ်ခန်း ၅၂ ခန်း ပါဝင်သော Jade Royal ဟိုတယ်၊ အိပ်ခန်း ၁၂၈ ခန်း ပါဝင်သော အေးချမ်းသာဟိုတယ်၊ အိပ်ခန်း ၄၀ ခန်း ပါဝင်သော ပုလဲသီရိ ဟိုတယ်တို့ကို ဖွင့်လှစ်ခဲ့ပြီး ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

၂၀၁၃ ခုနှစ် ဒီဇင်ဘာလတွင် ကျင်းပမည့် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲ (SEA Games) ကျင်းပချိန်တွင် နေပြည်တော်၌ ဟိုတယ်ပေါင်း ၅၃ လုံးနှင့် အခန်းပေါင်း ၄၂၈၆ ခန်းအထိ ဖွင့်လှစ် သွားနိုင်ရန် စီစဉ်ထားကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာနက ထုတ်ပြန်သည်။

အေးချမ်းမွန် Credit To >The Voice Weekly https://www.facebook.com/excellencemedia
1


Post a Comment

 
Top