0


ရန်ကုန် နိုဝင်ဘာ ၂၈

Sea Game ကာလ အားကစားကွင်းများတွင် ငွေလဲ ငွေထုတ် အဆင်ပြေစေရန် ATM နှင့် ငွေလဲကောင်တာ ပါရှိမည့် ကား ( ၃ )စီးကို စတင်ပြင်ဆင်ထားပြီဟု CB ဘဏ် ရုံးချုပ်မှ သိရသည်။

အဆိုပါ ကားများမှာ ဆီးဂိမ်းအားကစားပွဲများ စတင်ကျင်းပချိန်မှ ပြီးဆုံးချိန် အထိ အားကစားကွင်းများတွင် လှည့်လည် သွားလာနေမည်ဖြစ်ပြီး ATM စက်ပါ ကားနှစ်စီး နှင့် ငွေလဲကောင်တာ သီးသန့်ပါ ကားတစ်စီး စုစုပေါင်း
( ၃ )စီးဖြစ်ကြောင်းသိရသည်။

လက်ရှိတွင် အဆိုပါ ကားများပေါ်၌ တပ်ဆင်မည့် စက်ပိုင်းဆိုင်ရာများ စမ်းသပ်စစ်ဆေးနေဆဲဖြစ်ပြီး ဆီးဂိမ်းမစတင်မီ နေပြည်တော်သို့ အရောက် ပို့ဆောင်သွားမည်ဖြစ်သည်။


သုတလင်း
ဓာတ်ပုံ - CB ဘဏ် ဖေ့ဘုစ်

အေးချမ်းမွန် Credit To >Popular Myanmar News Journal https://www.facebook.com/excellencemedia
3

Post a Comment

 
Top