0


ကျိုင်းတုံ ၊ ၂၈-၁၁-၂ဝ၁၃

တာချီလိတ်မြို့ တာချီလိတ် - မယ်ဆိုင် ၊ အမှတ်(၁) ချစ်ကြည်ရေး တံတားတွင် နိုဝင်ဘာ ၂၇ ရက် နံနက် ၁၁ နာရီက တရားမဝင် မြန်မာ အလုပ်သမား ရှစ်ဦးအား ထိုင်းနိုင်ငံ မှ ပြန်လည် လွှဲပြောင်း ပေးခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံ မယ်ဆိုင် လူဝင်မှု ကြီးကြပ်ရေးရုံး မှ ဦးစီးအရာရှိ ရဲဗိုလ်ကြီး နက်ထဝပ် ဆဲန်ဒူးအန်း ဦးစီး တပ်ဖွဲ့ဝင် လေးဦးမှ မြန်မာ အလုပ်သမား အမျိုးသား ရှစ်ဦးအား နိုဝင်ဘာ ၂၇ ရက် နံနက်ပိုင်းတွင် တရားဝင် ပြန်လည် လွှဲပြောင်း ပေးအပ်ရာ တာချီလိတ်မြို့ လူဝင်မှု ကြီးကြပ်ရေး နှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာန မှ ဦးစီးအရာရှိ ဦးဝင်းအောင် နှင့်အဖွဲ့မှ စနစ်တကျ စိစစ် လက်ခံခဲ့သည်။

အဆိုပါ အလုပ်သမား များအား တာချီလိတ်မြို့ ၊ မဟာ မြတ်မုနိ ဘုန်းကြီးကျောင်း တွင် ခေတ္တ နေရာချ ထားပြီး ပူးပေါင်း အဖွဲ့ဖြင့် မှတ်တမ်း ဓာတ်ပုံ ရိုက်ကူးခြင်း ၊ စစ်မေးခြင်းများ ဆောင်ရွက်ရာ ၄င်းတို့သည် ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်ပြီး နေထိုင်ခွင့် ကဒ်ပြားများ မရှိခြင်း ၊သတ်မှတ်ရက် ကျော်လွန် နေထိုင်ခြင်း တို့ကြောင့် ရှောင်တခင် စစ်ဆေးချက် အရ ဖမ်းဆီးခံ ရခြင်းဖြစ်ပြီး လူကုန်ကူး ခံရခြင်း မရှိကြောင်း သိရှိရသဖြင့် တာချီလိတ်မြို့ ၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ တစ်ဆင့် မိဘရပ်ထံ သို့ ညနေပိုင်း တွင် ပြန်လည် စေလွှတ် ပေးခဲ့ကြောင်း သိရှိရသည်။

အေးချမ်းမွန် Credit To >The Myawady Daily https://www.facebook.com/excellencemedia

Post a Comment

 
Top