0


Byငြိမ်းငြိမ်းပြည့်၊ အောင်ခိုင်

တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း(မှော်ဘီ)ဘွဲ့ရ အမျိုးသမီး ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၂) သင်တန်းဆင်းပွဲတွင် မိန့်ခွန်းပြောကြားနေသော တပ်မတော်ကာကွယ်ရေးဦးစီးချုပ် (ဓာတ်ပုံ - Senior General Min Aung Hlaing)
ခေတ်မီတပ်မတော်မရှိ ပါက ဖွဲ့စည်းပုံအခြေခံဥပဒေဆို သည်မှာ အရှည်သဖြင့် မတည်တံ့ နိုင်ကြောင်း တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင်က ပြောကြားခဲ့သည်။


ဒီဇင်ဘာ ၃၀ ရက်က ပြုလုပ်ခဲ့သော တပ်မတော်(ကြည်း)ဗိုလ် သင်တန်းကျောင်း(မှော်ဘီ)ဘွဲ့ရ အမျိုးသမီး ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၂) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြအခမ်းအနား မိန့် ခွန်းတွင် တပ်ချုပ်က အထက်ပါ အတိုင်း ထည့်သွင်းပြောကြားခဲ့ ခြင်းဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်က ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၀ တွင် တပ်မတော်သည် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရန် အဓိက တာဝန်ရှိသည်ဟူသော အချက်ကိုကိုးကား၍ အထက်ပါအ တိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

အင်ဒီယားနားတက္ကသိုလ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဒီမို ကရေစီဆိုင်ရာ စင်တာတွင် အဖွဲ့ ဝင်တစ်ဦးအဖြစ် တာဝန်ထမ်း ဆောင်ခဲ့သည့် နော်မေဦးက ‘‘တပ်မတော်ကို ဖွဲ့စည်းပုံအခြေခံ ဥပဒေရဲ့ ညွှန်ကြားချက်နဲ့ အုပ် ချုပ်မှုအောက်မှာ ဖွဲ့စည်းသင့် တယ်။ နောက်ပြီး ပြည်သူလူထု ဟာ မူအရ၊ ဥပဒေအရ ဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲသူတွေဖြစ် ကြတယ်။ ဒါကြောင့်မို့လို့ ပြည်သူ တွေအနေနဲ့ ဘယ်လိုတပ်မတော် မျိုးကို သူတို့လိုချင်တယ်ဆိုတာ၊ တပ်မတော်ကို ဘယ်လိုတာဝန်မျိုးပေးချင်တယ်ဆိုတာကို ပြောရေးဆိုခွင့်ရှိသင့်တယ်’’ဟု မှတ်ချက် ပြုသည်။

တပ်မတော်အနေဖြင့် ဖွဲ့ စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရာတွင် နိုင်ငံတော် အာဏာကို သိမ်းယူသည့်နည်း လမ်းဖြင့် စောင့်ရှောက်သည့်ပုံစံ မျိုး မဖြစ်စေရန် လိုအပ်သည်ဟု ထင်မြင်ကြောင်း နိုင်ငံရေးဆောင်း ပါးရှင် ဒေါက်တာရန်မျိုးသိမ်းက သုံးသပ်သည်။

တပ်မတော်အနေဖြင့် ငြိမ်း ချမ်းရေးရရှိရန် ငြိမ်းချမ်းရေးမူဝါဒ ခြောက်ရပ် ချမှတ်ထားပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အ စည်းများကို စစ်မှန်သည့် ပြည် ထောင်စုစိတ်ဓာတ် အရင်းခံနှင့် ငြိမ်းချမ်းရေးဆောင်ရွက်နိုင်ရန် အစိုးရ၊ ပြည်သူတို့နှင့်အတူ အား သွန်ခွန်စိုက်ဆောင်ရွက်ကြိုးပမ်း နေကြောင်း ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင်၏ ဖေ့စ်ဘွတ်ခ်စာ မျက်နှာတွင် ရေးသားထားသည်။ လက်ရှိတွင် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့ ရှစ်ဖွဲ့နှင့် တစ်နိုင်ငံ လုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA)ကို လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်၍ ယင်း ဒေသများတွင် ငြိမ်းချမ်းရေး၏ အနှစ်သာရကို စတင်ခံစားနေရပြီ ဖြစ်ကြောင်း တပ်မတော်ကာကွယ် ရေးဦးစီးချုပ်က ထည့်သွင်းပြော ကြားခဲ့သည်။

လက်မှတ်ရေးထိုးရန် ကျန်ရှိ သည့် လက်နက်ကိုင်အဖွဲ့များအတွက်လည်း တပ်မတော်အနေဖြင့်အမြဲတမ်းတံခါးဖွင့်ပေးထားပြီး ကြိုဆိုလျက်ရှိကြောင်းနှင့် မိမိတို့အနေဖြင့် ငြိမ်းချမ်းရေးကို ငြိစွန်းစေသည့် အပြုအမူ၊ အပြောအဆိုများကို အထူးဂရုပြုရှောင်ရှားကြ ရန် မှာကြားလိုကြောင်း ဗိုလ်ချုပ် မှူးကြီးမင်းအောင်လှိုင်က ဆက် လက်ပြောကြားခဲ့သည်။

အစိုးရနှင့် တိုင်းရင်းသား ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်နေခဲ့သူတစ်ဦးလည်းဖြစ်သည့် နော်မေဦးက တပ်မတော်သည် တိုင်းရင်းသားလူနည်းစုများကို တန်းတူရည်တူအဖြစ် မည်သည့်အခါမှ မရှုမြင်ခဲ့ကြောင်း ဆိုသည်။

‘‘ဒါဟာ တိုင်းပြည်ကို ကမ္ဘာ့ အရှည်ကြာဆုံး ပြည်တွင်းစစ်ဖြစ် ပွားနေတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်စေ ပါတယ်။ အရှည်ကြာဆုံးပြည် တွင်းစစ်ဖြစ်နေတဲ့ နိုင်ငံဖြစ်နေ တာနဲ့ပတ်သက်လို့ ကျွန်မတို့ ဂုဏ်မယူသင့်ဘူးလေ’’ဟု ၎င်းက မှတ် ချက်ပြုသည်။

http://www.7daydaily.com/story/54661

Post a Comment

 
Top