မြန်မာ ပြည်သူလူထု တစ်ရပ်လုံးအတွက် စိတ်မချမ်းမြေ့ဖွယ် သတင်းစကားကို ဒီဇင်ဘာ ၂၄ ရက် မနက်ပိုင်းမှာ အွန်လိုင်းစာ မျက်နှာများကနေတစ်ဆင့် ကြား သိခဲ့ကြရပါတယ်။ အဲဒီသတင်းက တော့ ထိုင်းနိုင်ငံ လိပ်ကျွန်းလူ သတ်မှုနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံ သားနှစ်ဦးကို သေဒဏ်ပါဝင်တဲ့ ပြစ်ဒဏ်အသီးသီးကို ထိုင်းတရား ရုံးက ချမှတ်လိုက်တာပဲဖြစ်ပါ တယ်။
အဲဒီသတင်းကို ပထမဆုံးသိ ခွင့်ရလိုက်တာက ဆဲဗင်းဒေး သတင်းဌာနရဲ့ အွန်လိုင်းစာမျက် နှာမှာဖြစ်ပါတယ်။ ‘‘လိပ်ကျွန်းလူ သတ်မှုအတွက် ဖမ်းဆီးခံ မြန်မာ လုပ်သားနှစ်ဦးအား လူသတ်မှု ကျူးလွန်သည်ဟုဆိုကာ ထိုင်း တရားသူကြီးက သေဒဏ်ပြစ် ဒဏ်အပါအ၀င် ပြစ်မှုခုနစ်မှုလုံး ကိုလည်း သီးခြားပြစ်ဒဏ်များချ မှတ်လိုက်တယ်’’ဆိုတဲ့ သတင်း ဖြစ်ပါတယ်။ အဲဒီသတင်းကို ကြားလိုက်၊ သိလိုက်ရသူတိုင်း ဟာခနဲ၊ ဟင်ခနဲဖြစ်သွားစေတဲ့ အထိပါ။
အခုအဆုံးအဖြတ်အတွက် ကိုတော့ အယူခံဝင်ခွင့်ရမှာဖြစ်ပြီး သက်ဆိုင်ရာအဖွဲ့အစည်းအ လိုက်လည်း ထိရောက်တဲ့အယူခံ ၀င်နိုင်ဖို့အတွက် ကြိုးပမ်းနေကြ တာကိုလည်း တွေ့မြင်နေရပါ တယ်။ အငြင်းပွားစရာတွေ ထွေ ပြားနေတဲ့ အဲဒီအမှုနဲ့ပတ်သက်ပြီး အများပြည်သူလိုချင်တဲ့အဖြေက တော့ တရားမျှတမှန်ကန်တဲ့ ဆုံး ဖြတ်ချက်၊ အမိန့်ပဲဖြစ်ပါတယ်။
လိပ်ကျွန်းလူသတ်မှုနဲ့ပတ် သက်ပြီး ကိုယ့်နိုင်ငံသားတွေပါ ၀င် ပတ်သက်နေတာကြောင့် မြန်မာနိုင်ငံသားတိုင်းက အဲဒီအမှု ကို စိတ်ဝင်တစားစောင့်ကြည့်နေ ခဲ့သလို အစိုးရအနေနဲ့ အဲဒီအမှု မှာ ဘယ်လိုပါဝင်ဆောင်ရွက်ပေး မလဲ၊ ဘယ်လိုတွေ အကူအညီ တွေပေးမလဲ၊ ဘယ်လိုတောင်းဆို မှုတွေ ပြုပေးမလဲဆိုတာကိုလည်း အများပြည်သူက ငံ့လင့်ခဲ့ကြပါ တယ်။
အပြီးသတ်အမိန့်ချတဲ့ သ တင်း အွန်လိုင်းစာမျက်နှာများ ထက်မှာ ပျံ့နှံ့လာခဲ့ပြီး မကြာခင် မှာပဲ သမ္မတပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က သူ့ရဲ့ဖေ့စ်ဘွတ်ခ်စာမျက်နှာက နေ အခုလိုထုတ်ဖော်ပြောဆိုလာ တာကိုလည်း တွေ့ရပါတယ်။
‘‘အခု တရားရုံးက အပြစ်ရှိ ကြောင်း ဆုံးဖြတ်ပြီး ပြစ်ဒဏ်ချ မှတ်ခဲ့မှုနဲ့ပတ်သက်ပြီး မြန်မာ နိုင်ငံသားနှစ်ဦးအနေနဲ့ ထိုင်းနိုင်ငံ ဥပဒေနဲ့အညီ အယူခံခွင့် အဆင့် ဆင့်ကို ဆောင်ရွက်နိုင်ဖို့အတွက် မြန်မာအစိုးရအနေနဲ့ ကူညီပံ့ပိုး ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက လည်း ထိုင်းနိုင်ငံရှိ မြန်မာအဖွဲ့ အစည်းများနဲ့ ပူးပေါင်းဆောင် ရွက်သွားမှာဖြစ်ပါတယ်။ အယူခံ မှုအဆင့်ဆင့်မှာ ဒီအမှုနဲ့ပတ် သက်တဲ့ သက်သေအထောက်အ ထားများကို ပြန်လည်သုံးသပ်ပြီး စွပ်စွဲခံရသူနှစ်ဦး အပြစ်မရှိ ကြောင်း သက်သေပြနိုင်မယ်လို့ မျှော်လင့်ပါတယ်’’
ဦးရဲထွဋ်က အဲဒီလိုပြောဆို ပြီး မကြာခင်မှာပဲ သမ္မတရုံးညွှန် ကြားရေးမှူးဖြစ်တဲ့ ဦးဇော်ဌေးက လည်း ‘‘ကိုဝင်းဇော်ထွန်းနှင့် ကိုဇော်လင်းတို့အတွက် ဆက် လက်ဆောင်ရွက်မည့် လုပ်ငန်း စဉ်များ’’ဆိုပြီး သူ့ရဲ့ဖေ့စ်ဘွတ်ခ် စာမျက်နှာကနေတစ်ဆင့် သော ကပွေနေတဲ့ ပြည်သူကိုအသိပေး ခဲ့ပါတယ်။ အဲဒါကတော့.....(၁) ရှေ့နေလိုက်ပေးသော ထိုင်း နိုင်ငံ ရှေ့နေများကောင်စီမှ ဤ အမှုအတွက် ရှေ့နေတစ်ဦးပါ ကော်မတီဖွဲ့စည်းဆောင်ရွက် လျက်ရှိရာ ယင်း ၂၁ ဦးကော်မတီ မှ လာမည့် ၁၁ ရက်တွင် စည်းအ ဝေးဆောင်ရွက်မည်ဖြစ်ပါသည်။
(၂) ကြားကာလတွင် ရှေ့နေ များကောင်စီ၊ မြန်မာနိုင်ငံသံရုံး၊ ထိုင်းနိုင်ငံရောက် မြန်မာ CSO များနှင့် ဆွေးနွေးညှိနှိုင်းမှုများ ဆောင်ရွက်မည်ဖြစ်ပါသည်။
(၃) ယနေ့ချမှတ်ခဲ့သော စီရင် ချက်အတွက် High Court သို့ ဆက်လက်၍ အယူခံတင်ပြပါ မည်။ အယူခံလက်ခံလျှင် ပြစ် ဒဏ်လျှော့ပေါ့ပေးနိုင်မည်ဟု မျှော်မှန်းထားပါသည်။ (အယူခံ တင်ရန် အချိန်တစ်လ ပေးအပ် ထားကြောင်း သိရပါသည်။ တစ် ပတ်အတွင်းမဟုတ်ဘဲ တစ်လ အတွင်း အယူခံတင်ရမည်ဖြစ် ကြောင်း သိရှိရပါသည်။)
(၄) ထို့နောက် ထိုင်းနိုင်ငံ၏ တရားလွှတ်တော်သို့ ပြစ်ဒဏ် လျှော့ပေါ့ပေးရေးအတွက် ဆက် လက်၍ အယူခံဝင်နိုင်ရေးဆောင် ရွက်ပါမည်။ အဆိုပါအယူခံတွင် ပြစ်ဒဏ်များ ဆက်လက်၍ လျှော့ ပေါ့ပေးနိုင်မည်ဟု မျှော်မှန်းထား ပါသည်။
(၅) ယင်းနောက် လိုအပ်လျှင် ထိုင်းဘုရင့်ကောင်စီသို့ ဆက် လက်၍ တင်ပြကာ ပြစ်ဒဏ်သက် သာခွင့် အယူခံတင်ပြခြင်းများ ဆက်လက်ဆောင်ရွက်ရပါမည်။ ဤသို့တင်ပြရာတွင် ပြစ်ဒဏ်များ ဆက်လက်လျှော့ပေါ့ပေးနိုင်မည် ဟု မျှော်မှန်းထားပါသည်။
တင်ပြပါ အဆင့်များမှာ ထိုင်းနိုင်ငံ တရားစီရင်ရေးနှင့် ဥပဒေကြောင်းအရ ဆောင်ရွက် မည့် လုပ်ငန်းစဉ်များဖြစ်ပါသည်။
မြန်မာနိုင်ငံအစိုးရ၊ ထိုင်း နိုင်ငံရှိ မြန်မာသံရုံးတို့အနေဖြင့် ဤအမှုတွင် စတင်ဖမ်းဆီးခြင်းခံရ ပြီးနောက်ပိုင်း ဥပဒေ ပညာရှင် များ၊ ကိုကျော်သောင်း၊ကိုအောင် မျိုးသန့်၊ ကိုထူးချစ်တို့ကဲ့သို့သော CSO များနှင့် အနီးကပ်ညှိနှိုင်းတိုင် ပင်ပြီး ဥပဒေကြောင်းအရ ရသင့် ရထိုက်သော အခွင့်အရေးများ၊ ဥပဒေအကာအကွယ်များ၊ တရား ရုံးအခွင့်အရေးများရရှိစေရန် စဉ် ဆက်မပြတ် ဆောင်ရွက်ခဲ့ပါ သည်။
နိုင်ငံတော်သမ္မတကြီးနှင့် တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်တို့အနေဖြင့် ထိုင်းဝန်ကြီးချုပ် အပါအ၀င် ထိုင်းနိုင်ငံ ခေါင်း ဆောင်များနှင့် တွေ့ဆုံသည့်အခါ တိုင်း ဤအမှုနှင့် ပတ်သက်၍ တရားဥပဒေကြောင်းအရ မှန်မှန် ကန်ကန် ဆောင်ရွက်ပေးရန် မေတ္တာရပ်ခံ ပြောကြားမှုများဆောင် ရွက်ခဲ့ပါသည်။
အလားတူ အမျိုးသားလွှတ် တော်ဥက္ကဋ္ဌအနေဖြင့်လည်း ထိုင်း လွှတ်တော်သို့ မေတ္တာရပ်ခံလွှာ ပေးပို့ခဲ့သလို အာမခံရရှိစေရေး ကြိုးပမ်းဆောင်ရွက်ခဲ့ပါသည်။
ဆက်လက်၍လည်း ‘‘ထိုင်း နိုင်ငံ၏ အချုပ်အခြာအာဏာပိုင် မှု၊ လွတ်လပ်သော တရားစီရင်မှု၊ နှစ်နိုင်ငံအစိုးရနှင့် နှစ်နိုင်ငံပြည် သူများ၏ ချစ်ကြည်ရင်းနှီးမှုကို မ ထိခိုက်စေဘဲ သံခင်းတမန်ခင်းအ ရလည်း ထိထိရောက်ရောက်လုပ် နိုင်သမျှ၊ လုပ်လို့ရသမျှ ဆက် လက်ကြိုးပမ်းဆောင်ရွက်မည် ဖြစ်ကြောင်း တင်ပြအပ်ပါသည်’’ ဆိုပြီး ဖော်ပြထားပါတယ်။
မြန်မာသံအမတ်ကြီး ဦးဝင်း မောင်ကလည်း အယူခံဝင်ပြီးတဲ့ နောက် သံတမန်အထူးအခွင့်အ ရေးနဲ့ဆက်တင်မယ်လို့ ဧရာဝတီ သတင်းဌာနရဲ့ မေးမြန်းချက်မှာ ထုတ်ဖော်ပြောဆိုထားတာတွေ့ရ ပါတယ်။ ဥပဒေလမ်းကြောင်း၊ တရားရေးလမ်းကြောင်းတွေပြီး တဲ့နောက် နှစ်နိုင်ငံသံတမန်ဆက် ဆံရေးပေါ် အခြေခံညှိနှိုင်းဆောင် ရွက်မှုတွေလည်း ရှိလာဦးမယ်ဆို တဲ့အချက်ကို အသိပေးလိုက်တာ ဖြစ်ပါတယ်။
တခြားနိုင်ငံတစ်ခုရဲ့ တရား စီရင်ရေးအောက်မှာရောက်နေတဲ့ ကိုယ့်နိုင်ငံသားတွေအတွက် အ စိုးရက အယူခံခွင့်အဆင့်ဆင့်ကို ဆောင်ရွက်နိုင်ဖို့ ကူညီပံ့ပိုး သွားမယ်။ သံခင်းတမန်ခင်းအရ လည်း ထိထိရောက်ရောက်လုပ် နိုင်သမျှ၊ လုပ်လို့ရသမျှ ဆက် လက်ကြိုးပမ်းဆောင်ရွက်သွား မယ်ဆိုတဲ့ သတင်းစကားများအ တွက်တော့ ကျေနပ်မိတာအမှန် ပါ။
သို့သော် ဒီဇင်ဘာ ၂၄ ရက် နေ့ထုတ် ဆဲဗင်းဒေးသတင်းစာ မှာပါဝင်ခဲ့တဲ့ လိပ်ကျွန်းလူသတ်မှု စွပ်စွဲခံ မြန်မာလုပ်သားနှစ်ဦး လွတ်မြောက်ရန် အဓိက ကူညီ ပေးနေသော အကျိုးဆောင်ရှေ့ နေအဖွဲ့ခေါင်းဆောင် နခေါ်ချုမ် ဖူချာတ်နဲ့ တွေ့ဆုံမေးမြန်းခန်း တစ်ခုမှာတော့ ‘‘သံရုံးအဖွဲ့က သက်သေရှာလာပေးမယ်လို့ ပြောတာလည်း လေတွေပဲရှိတယ်။ တကယ်တမ်းရှာလာပေးတာမရှိ ဘူး။
နောက်ဆုံးရုံးချိန်းမှ သက် သေနှစ်ယောက်၊ သုံးယောက်ပဲ ခေါ်လာပေးတာရှိတယ်။ တကယ် တမ်းဆိုရင် ဆူရတ်ဌာနီမြို့က သက်သေကောင်းကောင်းတစ် ယောက်ပဲရလာတယ်။ အမှုအ တွက်ဆိုရင် တအားကြီးချောမွေ့ တာမရှိဘူးပေါ့။ အမှုနဲ့ပတ်သက် တာ သက်သေတစ်ယောက်ပဲရှာရ ခဲ့တယ်။ မြန်မာအစိုးရဘက်က သူတို့ရဲ့ လုပ်ဆောင်ချက်တွေသိပ် ပြီးမတွေ့ရဘူး’’ဆိုတဲ့ စကားကို သိထားပြန်လေတော့ မချင့်မရဲ ဖြစ်နေပြန်ပါတယ်။
မြန်မာပြည်သူတစ်ရပ်လုံးရဲ့ ဆန္ဒကတော့ အထက်မှာပြောခဲ့သ လိုပါပဲ အမှုကို အမှန်အတိုင်းဖြစ် ဖို့၊ တရားမျှတဖို့အတွက်သာ အဓိ ကဖြစ်ပါတယ်။ အမှန်တကယ် ကျူးလွန်ခဲ့တယ်ဆိုရင် ထိုက်သင့် တဲ့ပြစ်ဒဏ်ကို လက်ခံပေးကြရမှာ ဖြစ်ပေမယ့် အမှန်တကယ်မကျူး လွန်ပါဘဲ ကျူးလွန်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပြစ်ဒဏ်ချမှတ်လိုက် တာမျိုး မဖြစ်စေလိုကြပါဘူး။ မှားယွင်းစွပ်စွဲပြီး၊ မှားယွင်းပြစ် ဒဏ်ပေးခဲ့ကြရာကနေဘယ်လိုမှ ပြန်ဆယ်လို့မရတော့တဲ့ အခြေ အနေမျိုးကျမှ အမှုမှန်၊ အဖြစ်မှန် ပေါ်လာခဲ့ရတဲ့ ဖြစ်စဉ်သာဓက များစွာရှိနေပါတယ်။ အခုအမှု ဟာလည်း အဲဒီလိုများဖြစ်နေခဲ့ မယ်ဆိုရင် မြန်မာအစိုးရအပေါ်မှာ တာဝန်မကင်းပါဘူး။
မိမိနိုင်ငံသားတစ်ဦး အဲဒီလို အဖြစ်မျိုးမကြုံရဖို့အတွက်ဆိုရင် အစိုးရရဲ့ ပူးပေါင်းပါဝင်မှုအား များစွာလိုအပ်ပါတယ်။ အစိုးရရဲ့ ထိရောက်တဲ့ပါဝင်မှု အခန်းကဏ္ဍ ကို ပြည်သူက မျှော်လင့်လျက်ရှိ နေပါတယ်။ ပြည်သူလူထုအနေနဲ့ကတော့ တရားမျှတမှုတွေအောင်မြင်ပါစေလို့သာ ဆုတောင်းနေကြရကြောင်းပါ။ ။
http://www.7daydaily.com/story/54274
Post a Comment