ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့ နှစ်ဦးကို ထိုင်းနိုင်ငံ လိပ်ကျွန်းလူသတ်မှုမှာ အောက်ခြေတရားရုံးက သေဒဏ်အမိန့်ချမှတ်ခဲ့တဲ့ အပေါ်ထိုင်းအစိုးရက
ပြန်လည်သုံးသပ်ပေးဖို့ မြန်မာအစိုးရဘက်က တာဝန်ရှိသူတွေနဲ့
အများပြည်သူက တောင်းဆိုနေကြပါတယ်။

ဒီတောင်းဆိုချက်အပေါ် သတင်းထောက်တွေက ထိုင်းဝန်ကြီးချုပ် ပရာယွတ် ကျန်းအိုးချားကို မေးမြန်းခဲ့ရာမှာ ဥပဒေအတိုင်း အဆင့်ဆင့်
အယူခံဝင်နိုင်ကြောင်း သူက အခုလို ပြောကြားခဲ့ပါတယ်။

တရားရုံးက ဆုံးဖြတ်ပြီးရင်အယူခံရုံးနဲ့ တရားရုံးချုပ်တို့ကို
ဆက်ပြီးတင်နိုင်တယ် မဟုတ်လား။ မြန်မာဘက်ကိုလည်း ရှင်းပြလို့ရပါတယ်။
မြန်မာဘက်က တောင်းဆိုတာက တရားဥပဒေအတိုင်း မျှမျှတတ
ဆောင်ရွက်ပေးဖို့ ဖြစ်တယ်။ အမှုကို လုံးဝရုပ်သိမ်းလိုက်လို့ ရမလား။ မရဘူးဆိုရင် မရတဲ့အကြောင်း ရှင်းပြလိုက်ပေါ့။ အယူခံဝင်ခွင့် ပေးထားတယ်
မဟုတ်လား။ ကမ္ဘာ့ဥပဒေတွေလည်း ဒီလိုပဲ ရှိတယ်မဟုတ်လား။ ထိုင်းမှာ အယူခံရှိစရာ မလိုဘူးလား။ ဖိအားပေးတာနဲ့ အမှုကို ရုပ်သိမ်းလိုက်တာမျိုး
လုပ်လို့ရပါ့မလား ဆိုပြီး ထိုင်းဝန်ကြီးချုပ်က ထိုင်းတောင်ပိုင်း ဆူရတ်ဌာနီ
ပြည်နယ်သို့သွားခါနီးမှာ ပြောကြားသွားခဲ့ပါတယ်။

Post a Comment