0

ရန်ကုန်၊ စက်တင်ဘာ ၉
လှိုင်သာယာစက်မှုဇုန် (၄)၊ မြ၀တီမင်းကြီးလမ်းရှိ North Shore အထည်ချုပ်စက်ရုံမှ အလုပ်သမား ၂၀၄ ဦးသည် စက်တင်ဘာလ (၈)ရက်နေ့တွင် အလုပ်ထုတ်ပယ်ခံရကြောင်း သတင်းရရှိသည်။
North Shore အထည်ချုပ်စက်ရုံ လုပ်သား ၂၀၄ ဦးအား အလုပ်ထုတ်ပယ်သည့် အကြောင်းကို စက်ရုံတာဝန်ရှိသူများမှ ညနေစက်ရုံအလုပ်ဆင်းချိန်တွင် ကြော်ငြာသင်ပုန်းကပ်၍ အသိပေးခဲ့ကြောင်းနှင့် အလုပ်သမားများ အလုပ်ထုတ်ပယ်ရခြင်း အကြောင်းအရင်းကိုလည်း စက်ရုံ တာဝန်ရှိသူများဘက်မှ ရေရေရာရာ ထုတ်ဖော်ပြောကြားခြင်း မရှိကြောင်း အလုပ်အထုတ်ပယ်ခံရသည့် အလုပ်သမားများက ပြောကြားသည်။
“ကျွန်တော်တို့ကို အလုပ်ထုတ်မယ်ဆိုတာ ကြိုတင်လဲ မပြောဘူး။ ပြီးတော့ ဒီလို လုပ်သားအများကြီးကို အလုပ်ထုတ်မယ်ဆိုရင်၊ စက်ရုံက ဥပဒေအရ အဆင့်ဆင့်တင်ပြပြီးမှသာ အလုပ်ထုတ်ပယ်လို့ရမယ်။ ကျွန်တော်တို့ အလုပ်ထုတ်ခံရတာကို စက်ရုံက ဥပဒေအရ လုပ်တာဆိုရင် လက်ခံသွားမယ်။ ဒီလိုမှ မဟုတ်ပဲ စက်ရုံက ကိုယ့်သဘောနဲ့ ကိုယ်ထုတ်တယ်ဆိုရင်တော့ လုံးဝလက်မခံနိုင်ဘူး”ဟု ကိုထွန်းမင်းလတ်က ပြောသည်။
အလုပ်ထုတ်ပယ်ခံရသူ လုပ်သားများမှ စက်တင်ဘာလ ၉ ရက်နေ့တွင် အလုပ်ခွင်အတွင်း ပြန်လည်ဝင်ရောက်ခွင့်ရရေး စက်ရုံတာဝန်ရှိသူများနှင့် ညှိနှိုင်းလျှက်ရှိနေကြောင်း သိရသည်။
ဇမ္ဗူဒီပါ
The Myanma Age

Post a Comment

 
Top