"အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရတက်လို့ရှိရင် တစ်ခုတော့ ကျမ သေသေချာချာ အာမခံနိုင်တယ်။ ကျမတို့ ပြည်သူကိုဘယ်တော့မှ မခြိမ်းခြောက်ဘူး။ ပြည်သူရဲ့ထောက်ခံမှု ရယူနိုင်အောင်လို့ ကျမတို့ ဖြောင့်ဖျမယ်။ ကျမတို့ စည်းရုံးမယ်။ ကျမတို့ ရှင်းပြမယ်။ ဒါပေမယ့် ခြိမ်းခြောက်ပြီးတော့ ပြည်သူရဲ့ထောက်ခံမှုကို ကျမတို့ မယူဘူး။ နောက်တစ်ခုက မက်လုံး။ မပေးနိုင်ဘူးဆိုတာကို ဂုဏ်ယူလားဆိုတော့ တစ်နည်းအားဖြင့် ဂုဏ်ယူတယ်။ ကျမတို့ပိုက်ဆံမရှိရတဲ့ အကြောင်းက ကျမတို့အဖွဲ့ချုပ် သန့်ရှင်းလို့ပါလို့ ပြောပါရစေ။ နောက်တစ်ခုကလည်း ပြည်သူကို မက်လုံးပေးပြီးတော့ မဆွဲဆောင်ချင်ဘူး။ တကယ်အလုပ်လုပ်ပြီးတော့ ပြည်သူအတွက် တကယ့်စေတနာနဲ့ မှန်မှန်ကန်ကန် ထိထိရောက်ရောက် အလုပ်လုပ်ပြီးတော့ ပြည်သူရဲ့ထောက်ခံမှုကို ရယူချင်တယ်"
ဒေါ်အောင်ဆန်းစုကြည်
ဟိုပုံးမြို့၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ
ဟိုပုံးမြို့၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ
(ဓာတ်ပုံ - ကျော်ဇင်သန့်/ကမာရွတ်မီဒီယာ)
Kamayut Media
Post a Comment